အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြစ်ဘေး/ချောင်းဘေးက ပြည်သူများ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်

မြစ်ဘေး/ချောင်းဘေးက ပြည်သူများ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်

ဇူလိုင် ၁၇ ရက်၊ ည ၉ နာရီခွဲချိန် HEFS, GEM-ENS, ECMWF-AIFS, ECMWF, GFS စ တဲ့ model များရဲ့ နောက်ဆုံးရထားတဲ့ updatတွေအရ ဇူလိုင် ၁၈ ရက် ညနေပိုင်းမှာ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်လာနိုင်ကြောင်းတွေ့ရပါတယ်။

အခုဖော်ပြချက်တွေဟာဆိုရင် Numerical models တွေရဲ့ ကြိုတင်ခန့်မှန်းချက်ဖြစ်ပါတယ်။

  • မြန်မာပြည်ဘက်မှာ နေရာအနှံ့မိုးရွာနိုင်ပါမယ်။ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတွေကတော့ မိုးနည်းနေပြီး ဇူလိုင် ၂၁-၂၂ ရက်နဲ့ နောက်ပိုင်းရက်တွေကျမှ မိုးရွာနိုင်ချေများလာ၊ မိုးရွာရန်သေချာလာမှာဖြစ်ပါတယ်။ 
  • ကမ်းရိုးတန်းဒေသအားလုံး(ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်ပေါ်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းဒေတွေမှတော့ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးနိုင်ကြောင်ရှေ့ post တွေမှာ တင်ပြပေးခဲ့ပြီးပါပြီ။
  • အနောက်ဘက် ဘင်္ဂလားပင်လယ်အော်ဘက်က လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ ရွေ့လျားဝင်ရောက်လာတဲ့ မိုးတိမ်များရဲ့လမ်းကြောင်းနဲ့တိုက်ဆိုင်ရင်တော့ အလယ်ပိုင်းဒေသတွေလဲ နေရာကွက်ပြီးမိုးများနိုင်ပါမယ်။
  • အခုကြိုတင်ခန့်မှန်းချက်တွေကိုတင်ပြပေးနေတာက လေဖိအားနည်းရပ်ဝန်းကြောင့်မိုးများလာပြီး၊ ရေထရက်ကြောင့် ပင်လယ်ဒီရေတက်တဲ့အချိန် ရေပြန်မကျနိုင်ပဲ တောင့်နေမဲ့အချိန်တွေ ပိုကြာလာနိုင်တာကြောင့် မြစ်ရေကြီးပြီး အနိမ့်ပိုင်းဒေသတွေရေဝင်နေတဲ့ မြစ်ဘေး/ချောင်းဘေးက ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ကြအောင်ဖြစ်ပါတယ်။
  • မုန်တိုင်းဖြစ်လာရင်တောင် မြန်မာပြည်ဘက်ကို ဦးတည်ရွေ့လျားမှာ မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့နေရတာကြောင့် မုန်တိုင်းဝင်တိုက်နိုင်မဲ့ အန္တရာယ်ကို စိုးရိမ်စရာမလို၊ အခုဖြစ်နေတဲ့ ပထမရေကြီးကာလအတွင်း မုန်တိုင်းအရှိန်သက်ရောက်ပြီး မိုးများနိုင်မဲ့ အခြေအနေကို ရင်ဆိုင်နိုင်ကြဖို့ လိုပါတယ်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

2
MyoKyawThu

MyoKyawThu

လွန်ခဲ့သော ၂ နှစ် က

အလယ်ပိုင်းကမိုးခေါင်ကျန်တဲ့နေရာတော့ရေတွေကြီးနေလိုက်တာ

AUNG SOE WIN

AUNG SOE WIN

လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။

U Win Zaw • ဖြေကြားချက် 1 ခု

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုး‌စပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ

Nwe Nwe aung • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။