အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်

၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်

အောက်တိုဘာလ ၄ ရက် ည ၁၂ နာရီတွင် METEOBLUE APP. ECMWF Seasonal Forecast Model မှ ရရှိသော ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ မြေပြင်အထက် ၂ မီတာအမြင့်အပူချိန် - ပုံမှန်ထက် နိမ့်/မြင့် ခန့်မှန်းချက် (2m Temperature Anomaly) မြေပုံ၏ Grid-Data များအရ တွက်ချက်သုံးသပ်တင်ပြအပ်ပါသည်။

၁။ မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်များအလိုက် အပူချိန် အခြေအနေ (ဇယား)

အောက်ပါဇယားတွင် အပူချိန်မြင့်တက်မှု အားအကောင်းဆုံးဖြစ်နိုင်သည့် ပြည်နယ်/တိုင်းများမှ အနည်းဆုံး သို့မဟုတ် အပူချိန်ပုံမှန်နီးပါး ရှိနိုင်သည့် ပြည်နယ်/တိုင်းများသို့ အစဉ်လိုက် စနစ်တကျ စီစဉ်ဖော်ပြထားပါသည်။ ဇယားပုံတွင်ကြည့်ပါ။

၂။ မြန်မာနိုင်ငံအပေါ် သုံးသပ်ချက်

တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများ (တနင်္သာရီ၊ ကရင်၊ မွန်၊ ရှမ်းတောင်/အရှေ့) - အားကောင်းသော အယ်လ်နီညို (El Niño) ၏ အကျိုးသက်ရောက်မှုကြောင့် အဆိုပါ ဒေသများတွင် ၂၀၂၆ အောက်တိုဘာလမှ ၂၀၂၇ ဖေဖော်ဝါရီလအထိ ၅ လလုံး၌ နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် +၀.၅°C မှ +၁.၀°C အထိ သိသိသာသာ ပိုမိုမြင့်မားနေမည် ဖြစ်ပါသည်။ ပုံမှန် ဆောင်းရာသီတွင် ရရှိလေ့ရှိသည့် အေးမြသော ရာသီဥတု လျော့နည်းပြီး ပူနွေးသော ဆောင်းရာသီ (Warm Winter) ကို ပိုမိုကြုံတွေ့ရနိုင်ပါသည်။

အလယ်ပိုင်းနှင့် တောင်ဘက်ကမ်းရိုးတန်း ဒေသများ (ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရခိုင်) - နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် +၀.၂°C မှ +၀.၅°C ခန့် ပိုမိုမြင့်မားမည်ဖြစ်ပြီး အထူးသဖြင့် ၂၀၂၆ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၂၇ ဖေဖေါ်ဝါရီလများတွင် အပူချိန် အနည်းငယ် ပိုမိုသိသာလာနိုင်ပါသည်။

မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း ဒေသများ (ကချင်၊ စစ်ကိုင်းအထက်ပိုင်း၊ ချင်း) - ဤဒေသများသည် အယ်လ်နီညို၏ တိုက်ရိုက်ပူနွေးမှု သက်ရောက်မှု အနည်းဆုံးဖြစ်ပြီး နှစ်စဉ်ဖြစ်မြဲ အပူချိန်နီးပါး (Normal to Slightly Above Normal) သာ ရှိမည်ဖြစ်ပါသည်။ ဆောင်းရာသီ အေးမြမှု ပုံမှန်အတိုင်း ရှိနိုင်ပါသည်။

နေပြည်တော် ကောင်စီနယ်မြေနှင့် ပတ်သက်၍ သုံးသပ်ချက် နေပြည်တော် ကောင်စီနယ်မြေ - သည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ပဲခူးတိုင်း/ရှမ်းပြည်နယ် တောင်ပိုင်းတို့ကြား တည်ရှိသောကြောင့်၊ အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုအရ ဆောင်းရာသီ ကာလများ (၂၀၂၆ အောက်တိုဘာလမှ ၂၀၂၇ ဖေဖေါ်ဝါရီလအထိ) တွင် နှစ်စဉ်ဖြစ်မြဲအပူချိန်ထက် +၀.၂°C မှ +၀.၅°C ခန့် အထိ ပိုမိုမြင့်မားနေမည် ဖြစ်ပါသည်။ အထူးသဖြင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ နှင့် ၂၀၂၇ ခုနှစ် ဖေဖေါ်ဝါရီလ များတွင် အပူချိန်မြင့်တက်မှု ပိုမိုသိသာနိုင်ပြီး၊ ညပိုင်းနှင့် နံနက်ပိုင်းများ၌ ပုံမှန်ဆောင်းရာသီကဲ့သို့ အေးမြမှု လျော့နည်းကာ ပူနွေးသော ဆောင်းရာသီ အခြေအနေကို ပိုမိုခံစားရနိုင်ပါသည်။

၃။ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်သုံးသပ်ချက်

ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် (အရှေ့တောင်အာရှ ကုန်းတွင်းပိုင်း) - အားကောင်းသော အယ်လ်နီညိုကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်း/အရှေ့မြောက်ပိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အပူချိန်သည် ဖြစ်မြဲအပူချိန်ထက် +၁.၀°C မှ +၂.၀°C အထိ (အနီရောင်/လိမ္မော်ရောင်ရင့် zones) အလွန်သိသာစွာ မြင့်မားနေမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံထက် အပူချိန်မြင့်တက်မှု ပိုမိုပြင်းထန်ပါမည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် (အနောက်ဘက် အိမ်နီးချင်းများ) - အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်မြဲအပူချိန်ထက် +၀.၂°C မှ +၀.၅°C အထိ အနည်းငယ်သာ ပိုမိုမြင့်မားမည်ဖြစ်ပြီး မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း/ချင်းပြည်နယ်တို့နှင့် အခြေအနေ တူညီပါသည်။

တရုတ်နိုင်ငံ တောင်ပိုင်း (ယူနန်ပြည်နယ်) - ယူနန်ပြည်နယ်တောင်ပိုင်းတွင် ဖြစ်မြဲအပူချိန်ထက် +၀.၅°C မှ +၁.၀°C ခန့် ပိုမိုမြင့်မားနိုင်သော်လည်း မြောက်ပိုင်းဒေသများတွင် ပုံမှန်ဖြစ်မြဲ အပူချိန်အတိုင်း သို့မဟုတ် ပုံမှန်နီးပါးသာ ရှိမည်ဖြစ်ပါသည်။

အနှစ်ချုပ်အားဖြင့် - ၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ဒေသတစ်ခုလုံးတွင် အပူချိန် ပုံမှန်ထက် မြင့်မားသည့် အခြေအနေ ကို ရင်ဆိုင်ရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် တနင်္သာရီနှင့် အရှေ့တောင်ပိုင်းဒေသများသည် အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်ကြပါသည်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

15ရက်သားပါမှိုဆေးနှင့်ဂျာပေါင်းသတ်ဆေးဘာအရင်ဖြန်းသင့်လဲး

ဝင်းဇော် • ဖြေကြားချက် 0 ခု

ကျွန်​တော့ စပါးခင်းမှာ ပိုးကျ​နေလို့ပါဗျ ဘာပိုးလဲ ဘယ်​ဆေးကို သုံးရမလဲ ညွှန်ကြား​ပေးပါအုံးဗျ

Ye Soe • ဖြေကြားချက် 1 ခု

ပဲတောင့်ရှည်အရွက်တွေဝါပြိးအဆစ်လိုက်ပျက်ကျဘာဆေးသုံးရမလဲ

Maung Maung Htay • ဖြေကြားချက် 1 ခု

ကျွန်​တော့ စပါးခင်းမှာ ပိုးကျ​နေလို့ပါဗျ ဘာပိုးလဲ ဘယ်​ဆေးကို သုံးရမလဲ ညွှန်ကြား​ပေးပါအုံးဗျ

Ye Soe • ဖြေကြားချက် 2 ခု

ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ ​သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်

ဦး​နေလင်းထက် • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။