စိုက်ပျိုးရေးပညာဘွဲ့ကို ၁၉၇၈ ခုနှစ်တွင် ရရှိခဲ့ပြီးနောက် ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်တို့တွင် စုစုပေါင်းလုပ်သက် ၃၉ နှစ်ကြာ ထမ်းဆောင်ခဲ့ပြီး ဒုညွှန်ကြားရေးမှူးရာထူးဖြင့် ပင်စင်ယူခဲ့ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများအဖြစ် စီမံကိန်း၊ မြေအသုံးချရေး၊ စိုက်ပျိုးပညာပေးရေးဌာန စိတ်များတွင် နှစ်အလိုက်ကွင်းဆင်း၍ ပြည်တွင်းပြည်ပစိုက်ပျိုးရေးတာဝန်များကို စာတွေ့လက်တွေ့ ပူးတွဲဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် တောင်သူပညာပေးလုပ်ငန်းများအဖြစ် ကွင်းဆင်းတွေ့ဆုံပြီးနောက် မြေဆီလွှာ၊ မျိုး၊ စိုက်စနစ်၊ ရေ၊ မြေသြဇာ၊ ပိုးမွှားရောဂါ၊ ပေါင်းမြက်စသော ပြဿနာရပ်များအား ကိုင်တွယ်ဖြေရှင်းပေးပြီး စိုက်ပျိုးထုတ်လုပ်သူများ လယ်ယာကဏ္ဏများတွင် ပိုမိုလှုပ်ရှားနိုင်ရန် စိုက်ပျိုးရေးဆိုင်ရာ ဆရာဝန်များ အကြောင်းစာအုပ်၊ ၄ အုပ်နှင့်အတူ ယနေ့အထိ ပညာပေးစာအုပ် ၁၅ အုပ်နှင့် ဆောင်းပါးပေါင်း ၇၀ ကျော်ကို မဂ္ဂဇင်းဂျာနယ်များနှင့် အချို့သော နည်းပညာပေးစာစောင်စာအုပ်များ၌ ရေးသားခဲ့ပါသည်။ ယနေ့အထိ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို အခါအခွင့်သင့်တိုင်း ဆွေးနွေးပညာပေးလျှက်ရှိပြီး အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။