စပါး အာဆင်းနစ်ပြဿနာနှင့် အန္တရာယ်ပေးပုံ
ကနဦးကာလက မသိရှိ မလေ့လာကြပဲ နေခဲ့ကြုံရာမှ ယခုခေတ်နောက်ပိုင်းတွင် တွေ့ကြံလာသော မြေဆီလွှာနှင့် ရေပြဿနာအဖြစ် “စပါးနှင့်အာဆင်းနစ်” တို့၏ ဆက်နွယ်နေမှုအကြောင်း ဖော်ပြလိုပါသည်။ ယခင်က အထက် ဖော်ပြပါမြေဆီလွှာပြဿနာရပ်များကိုသာ တွေ့ရှိလေ့လာခဲ့ရပြီးနောက် ယခုခေတ်ကာလ၌ မြန်မာ့ဆန်များတွင် အာဆင်းနစ်ပါဝင်မှုရှိသည်ဟု ဖော်ပြကြကြောင်းသိရှိရသောအခါ မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းလျှင် ရမည်ဆို သည်ကို ဖော်ပြလိုက်ပါသည်။
အာဆင်းနစ်ဖြစ်ပေါ်မှုကို အဓိက(၃)နေရာ၌တွေ့ရသည်။
(၁) ဆည်ရေနှင့် သွင်းရေများတွင်လည်းကောင်း၊ မြေအောက်ရေများတွင်လည်းကောင်း အာဆင်းနစ် ပါဝင်မှုများ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယအနောက်ဘင်္ဂလီနိုင်ငံများ၊ ယခုဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်တို့ တွင် တွေ့ရှိရသည်။
(၂) စပါးစိုက်မြေများတွင် စက်ရုံနှင့်သတ္တုတွင်းတို့မှထွက်ရှိလာသော အာဆင်းနစ်များကြောင့် (အရှေ့တောင်အာရှ နိုင်ငံများ) သီးနှံပင်မှစားသုံးရယူမှု အနှောက်အယှက်ဖြစ်ခြင်း
(၃) စပါးစိုက်ခင်းများတွင် အသုံးပြုသော အာဆင်းနစ်ပိုးသတ်ဆေး (ဥပမာ- ကြွက်သတ်ဆေး) တို့ကြောင့် စိုက်ခင်းမှ ထွက်ရှိလာသော အသီးအနှံများမှ ဘေးဥပါဒ်ဖြစ်စေခြင်းတို့ကို တွေ့ကြုံနေရပေသည်။
ထို့ကြောင့် ပြဿနာမဖြစ်ပေါ်စေရေးအတွက် အဆိုပါအာဆင်းနစ်တွေ့ရှိရာဒေသများတွင် မြေဆီလွှာစစ်ဆေးခြင်း၊ ရေစစ်ဆေးခြင်းနှင့် စိုက်ပျိုးသောသီးနှံပင်များ (ဥပမာ - စပါးပင်) ကိုစစ်ဆေးမှုပြု၍ လိုအပ်သော ကြိုတင်ကာ ကွယ်ခြင်း၊ ကုသခြင်းများပြုလုပ်ဆောင်ရွက်နိုင်ရန် ဖော်ပြလိုက်ပါသည်။
ကမ္ဘာတွင်ဆန်စားသုံးမှုအများဆုံးနိုင်ငံများကို အတင့်လိုက်သတ်မှတ်ပါက မြန်မာနိုင်ငံသည် (တစ်နည်းအားဖြင့်) မြန်မာလူမျိုးတစ်ဦးသည် တစ်နှစ်လျှင် ကယ်လိုရီအားဖြင့် (၂၃၉ ကီလိုဂရမ်) နှုန်းစားသုံးကြောင်း လေ့လာသိရှိရ သည်။ သက်ရှည်ကျန်းမာရေးအတွက် “ဆန်” စားသုံးသည်ဆိုသော်လည်း ကောင်းမွန်သော၊ အာဟာရပြည့်သော ဆန်ကို စားနိုင်မှသာလျှင် အသက်ရှည်ရှည်နေပြီး လုပ်ကိုင်စားသောက်နေနိုင်ပေမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက ယခုကဲ့သို့ အာဆင်းနစ်ပါသောဆန်ကို အထူးသဖြင့် ကလေးသူငယ်များတွင် ဆန်မှုန့်ပြုလုပ်၍ကျွေးပါက ကလေး ငယ်များအတွက် အန္တရာယ်ရှိနိုင်ပါသည်။ ထို့အတူ လူကြီးများတွင် အာဆင်းနစ်ပါဝင်သော ဆန်စားသုံးမိပါက ကင်ဆာရောဂါများ၊ ဆီးအိမ်၊ အဆုတ်နှင့် အရေပြားရောဂါများ ဖြစ်ပေါ်စေနိုင်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အ စည်း၏ ၂၀၀၄ ခုနှစ်တွင် ဖော်ပြချက်အရ အာဆင်းနစ်ပါဝင်သော အစားအသောက်များကြောင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါများနှင့် ပုံမှန်ကလေးမွေးဖွားခြင်းမရှိပဲ ကလေးအသေမွေးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ရေးသား ထားမှုကို ဖတ်ရှုရသည်။ ထို့အတူ သောက်ရေများတွင် ပါဝင်သော အာဆင်းနစ်များကြောင့်လည်း ကျန်းမာရေး ထိခိုက်ကာ အသက်ရှည်နေထိုင်နိုင်မှု လျော့ကျစေနိုင်ကြောင်း ဖော်ပြလိုက်ရပါသည်။
ဦးထင်အောင်ရှိန် (ဘိုးရာဇာ)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
အာဆင်းနစ်
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ
Aung Myo Oo • ဖြေကြားချက် 2 ခု
အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်
wai phyo naing • ဖြေကြားချက် 0 ခု
ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု
အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ
Phyo Zaw Hein • ဖြေကြားချက် 3 ခု
မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား
Sawsamson • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဦးထင်အောင်ရှိန်
အားလုံး