ဆန်စားသုံးတာကြောင့် ရုရှားကျူးကျော်စစ်ဂယက်ဒဏ် သက်သာဖွယ်ရှိတဲ့ အာရှ
ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာ ဖရိုဖရဲ ဖြစ်သွားစေပြီး ဒီကတစ်ဆင့် စားသောက်ကုန်ထောက်ပံ့ရောင်းချမှု
ကမ္ဘာ့ပေါင်မုန့်ဖိုဒေသကြီးတစ်
"ဒါတွေက ကစီဓာတ်ရစေတဲ့ အစာရင်းမြစ်တွေပါပဲ။ တစ်ခုမရရင် တစ်ခု အစားထိုးစားတာမျိုးလည်း ရှိပါတယ်" လို့ ဟူဂေါ့က အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။ ဒါပေမဲ့ ဂျုံဈေးအတက်ရဲ့ ရိုက်ခတ်မှုကတော့ ရှိနေသေးကြောင်း ၎င်းက ပြောပါတယ်။ ဂျုံဈေးဟာ မကြုံစဖူး အမြင့်ဆုံးအထိ ခုန်တက်သွားချိန်မှာ ဆန်ဈေးကလည်း ၂၀၂၀ မေလနောက်ပိုင်း အမြင့်ဆုံးနှုန်းအနီးကို ရောက်နေတာပါ။
ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံပေါင်းရင် ကမ္ဘာ့ဂျုံ ကုန်သွယ်မှုရဲ့ လေးပုံတစ်ပုံထိ ထုတ်လုပ်ပေးနေပါတယ်။ ဂျုံဟာ ပေါင်မုန့်၊ ခေါက်ဆွဲကနေ မွေးမြူရေးအစာအထိ ကုန်စည်အမျိုးမျိုး ထုတ်လုပ်ရာမှာ သုံးပါတယ်။ ပဋိပက္ခကြောင့် ယူကရိန်းမှာရှိတဲ့ ဆိပ်ကမ်းတွေ ပိတ်သိမ်းကြရသလို ရုရှားနဲ့ ကုန်သွယ်ဖို့ကျပြန်တော့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ
အာရှဝယ်လက်တွေဟာ စစ်ကြောင့် အလျင်ပြတ်သွားတဲ့ ကုန်စည်စီးဆင်းမှုအတွက် အစားထိုး ရှာဖွေနိုင်ဖွယ်ရာရှိတယ် လို့ ဟူဂေါ့က ပြောပါတယ်။ ကာဇက်စတန်နိုင်ငံဆီက ဂျုံဝယ်ယူနိုင်တာနဲ့ ပင်လယ်နက်ဒေသထွက် နေကြာဆီနေရာမှာ အရှေ့တောင်အာရှထွက် စားအုန်းဆီနဲ့ အစားထိုးနိုင်တာကို ၎င်းက ဥပမာ ပေးထားပါတယ်။ "ကုန်အမျိုးအစားတွေက အတူတူတွေဆိုတော့ နေရာခွဲပြီး ဝယ်ယူလို့ရနိုင်ပါတယ်" လို့ ပြောပါတယ်။
အာရှတိုက်မှာ ဆန်ကို အကြိုက်များကြတာနဲ့ ဝက်ကောင်ရေအများဆုံး ရှိတဲ့ တရုတ်နိုင်ငံက မွေးမြူရေးတိုးချဲ့လာတဲ့အတွက် ဝက်သားဈေး ကျလာတာတို့ကြောင့် အာရှဒေသဟာ စားသောက်ကုန်ဈေးကို ကျန်တဲ့ဒေသတွေထက် ပိုပြီး ထိန်းချုပ်ထားနိုင်ပါတယ်။ ကပ်ဘေးကို ကြုံထားရဖူးတော့ ထောက်ပံ့ရေးကွင်းဆက်တွေဟာ အပြောင်းအလဲဒဏ် ပိုခံနိုင်လာတယ်၊ နိုင်ငံတွေကလည်း စားနပ်ရိက္ခာဖူလုံစေဖို့ နေရာစုံကနေ ကုန်ဝယ်ယူရေးကို ဗျူဟာတစ်ခုလို သုံးလာတယ်လို့ ဟူဂေါ့က ပြောပါတယ်။
သေသေချာချာ မသိရသေးတာကတော့ ဒီအခြေအနေတွေ ဘယ်လောက်ထိ ကြာမြင့်ဦးမလဲဆိုတာပါပဲ။ ကျူးကျော်စစ်ကြောင့် ယူကရိန်းမှာ ပြောင်းနဲ့ နေကြာလို နွေဦးသီးနှံတွေ မစိုက်ပျိုးနိုင်လောက်ဘူးလို့ တွက်ဆထားတာတွေ ရှိနေပြီး ကမ္ဘာ့ဈေးကွက်အတွင်း သီးနှံရောင်းအားပြဿနာဟာ ပိုမို ကြီးထွားလာနိုင်ပါတယ်။
လက်ရှိအခြေအနေဟာ အဆမတန် မြင့်တက်နေပြီးဖြစ်တဲ့ ဓာတ်မြေသြဇာဈေးတွေအပေါ်လည်း ဖိအားသစ် ကျရောက်လာစေပါတယ်။ အိန္ဒိယဟာ တင်သွင်းဓာတ်မြေသြဇာအပေါ် အလွန်အကျွံ မှီခိုနေရတာဖြစ်တာနဲ့အညီ ဓာတ်မြေသြဇာ အဓိကထုတ်လုပ်သူ ရုရှားနိုင်ငံနဲ့ ကုန်သွယ်ရေး ပြတ်တောက်သွားခဲ့ရင် တောင်အာရှနိုင်ငံကြီးအပေါ်မှာ အင်မတန်ကြီးမားတဲ့ သက်ရောက်မှု ရှိလာလိမ့်မယ်လို့ ဟူဂေါ့က ပြောပါတယ်။
တောင်သူလယ်သမားတွေ စရိတ် မနိုင်တော့ရင် ဓာတ်မြေသြဇာ သုံးစွဲမှုကို လျှော့ချလာမယ်၊ ဒီကနေ သီးနှံထွက်နှုန်းကျဆင်းလာပြီး စားသောက်ကုန်ဈေးတွေကို ဒီထက်တောင် ပိုတက်လာစေနိုင်ပါတယ်။ အိန္ဒိယလို ဖွံ့ဖြိုးဆဲနိုင်ငံမျိုးမှာ ရှိတဲ့ငွေကြေးကို အစားအစာအတွက် အသုံးပြုရတာ များတာကြောင့် စားသောက်ကုန်ဈေးတက်တာကို အိန္ဒိယတို့က သိသိသာသာ ခံစားရလိမ့်မယ်လို့ ဟူဂေါ့က ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Rice Could Keep Asia’s Food Inflation Risks From Getting Worse - Bloomberg
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023