ကိုယ်စိုက်တဲ့ သီးနှံအတွက် ဘယ်ဈေးရမှ အရင်းကျေမလဲ
စိုက်ပျိုးစီးပွားရေးကို လုပ်နေကြတဲ့ တောင်သူလုပ်ငန်းရှင်ကြီးတွေကို ခေါင်းနည်းနည်းလောက် စားပါရစေ။ စီးပွားရေးလုပ်တဲ့အခါမှာ အရင်းကျေဈေးနှုန်းဆိုတာ ရှိပါတယ်။ အဲဒါကတော့ ကိုယ်ထုတ်တဲ့ထုတ်ကုန်နဲ့ ဆက်စပ်ကုန်ကျစရိတ်တွေကို ပြန်ရနိုင်ဖို့ လိုအပ်တဲ့ ဝင်ငွေ၊ ဒါမှမဟုတ် ဈေးနှုန်းပေါ့။
ဥပမာ စပါးတစ်ဧက စိုက်တယ်။ မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမား စတဲ့ ကုန်ကျစရိတ်တွေကို အကုန်ပေါင်းလိုက်လို့ ၄ သိန်းခွဲ ကုန်တယ်။ ထွက်နှုန်းက တင်း (၁၀၀) ထွက်တယ်။ အဲဒါဆိုရင် အရင်းကျေ ဈေးနှုန်းက တစ်တင်းကို (၄၅၀၀) ရဖို့လိုအပ်ပါတယ်။ တစ်တင်း (၄၅၀၀) အောက်ဈေးရောက်သွားပြီဆိုရင် ရောင်းဖို့က တော်တော် စဉ်းစားရတော့မယ်။ ကိုယ်က စိုက်ပျိုးရေးကို စီးပွားရေးအနေနဲ့ လုပ်နေတာကိုး။
ဒီတော့ အခြားတောင်သူတွေလည်း ဗဟုသုတရအောင် (🤫🤫🤫 ရူး.... တိုးတိုး )ဒီစာကို ကုန်သည်တွေ/ပွဲစားတွေတွေ့ရင်လည်း ဈေးညှိပြီးသားဖြစ်အောင် ကိုယ်စိုက်တဲ့သီးနှံအလိုက် ဘယ်လောက်ဈေးရမှ အရင်းကျေမလဲဆိုတာ ဆွေးနွေးရအောင်လား?
တကယ်တော့ အစိမ်းရောင်လမ်းဆော့ဝဲလ်ထဲက အစိမ်းရောင်မှတ်တမ်း သုံးတဲ့တောင်သူဆို ပိုမြန်မယ်ထင်တယ်။ အဲဒီမှာ ကုန်ကျစရိတ်တွေကို အကုန်လုံးကို အတိအကျမှတ်ထားနိုင်ပြီး စိုက်ရာသီပြီးရင် အရှုံးအမြတ်ပါ တစ်ခါတည်း တွက်ထားပေးတော့ စမတ်ကျကျ ပြန်ဆွေးနွေးလို့ ရတာပေါ့နော်။
ဒါကတော့ စိုက်ပျိုးကျေင်းဆင်းစိုက်တဲ့ မှတ်တမ်းနော်။ ကျောင်းဆင်းမို့ မြတ်မယ်မထင်နဲ့ ရှုံးပါတယ်။ စိုက်ပျိုးစီးပွားရေးကအတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေ၊ မှတ်တမ်းတွေ၊ ဈေးကွက်ချိတ်ဆက်မှုတွေပါ ထည့်ရတာမို့ တော်တော်ခက်တဲ့စီးပွားရေးလုပ်ငန်းအမျိုးအစားလို့ ပြောရမှာပါ။ တော်ရုံစိတ် တော်ရုံဇွဲနဲ့တော့ စိုက်ပျိုးစီးပွားရေးလုပ်လို့ မရဘူးဗျို့။
Chit Wunn Aung
လွန်ခဲ့သော ၃ နှစ် ကအရင်းကျေစျေးနှုန်းထက် ပွဲစားနဲ့ ကုန်သည်ဖွင့်စျေးပဲ ရတာပါ ကောကမရိုးမှိုတစ်ပိသာ ၈၀၀၀ ကျပ်၉၀၀၀ကျပ် စျေးဝယ်စားရပေမယ့် ကိုစိုက်တော့ လာယူတဲ့သူကတစ်ပိသာ ၄၀၀၀ကျပ်ပဲပေးပါတယ်
Hnin Ei Khaing
လွန်ခဲ့သော ၃ နှစ် ကဝါ စိုက်ပျိုးရေး လေးတင်ပြပေးပါ
ဆက်ပိုင်စိုး
လွန်ခဲ့သော ၄ နှစ် ကhi
komyint
လွန်ခဲ့သော ၄ နှစ် ကနောက်တမျိုးဆွေးနွေချင်ပါတယ်စပါးစိုက်လယ်သမားတွေ ဟာတနစ်ရူံပြီဆုီး3. နစ်လေက်ခံရပါတယ်21-22နစ်တွေဟာစျေးကွက်သင့်ပေးမဲ့သွင်အားစုတွေဟာစပါးစျေးကွက်ထက်ရှေ့ကိုအများကြီကျော်တက်နေတော့လယ်သမားဘဝကဘာမှထူးပြီးတိုးတက်မလာပါဘူးတချို့ဆုီလယ်ပါရောင်းပြီးကြွေးဆပ်ရတာရင်နာစရာပဲ
komyint
လွန်ခဲ့သော ၄ နှစ် ကစပါးစျေးကွက်နဲ့သွင်အားစုတိုင်တာရင်စပါးပေါ်ချိန်အစုီးချိန်စျေး 8000. တတင်းအခြောက်အနည်ဆုံး စပါးတတင်း ပေါင် 50 10000အနည်းဆု ံရမှလယ်သမားအသက်ရူးချောင်မယ်
ဆက်စပ်မေးခွန်းများ
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ဆရာမိုးရွာတော့မလားခင်ဗျ ခရမ်းချဥ်ပင်တွေလဲရေအတော်လေးလိုနေပြီ အသီးတွေကမကြီးနိုင်အပင်တွေလဲနွမ်းလျပီ ချောက်မြို့နယ်
U Yan • ဖြေကြားချက် 2 ခု
ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂရမ်းတစ်မျိုးတည်းဖျန်းခဲ့တယ်ဗျ အတော်လေးသီးပါတယ်ဗျာ တစ်ရက်ခြံတစ်ခါ ၄ ပတ်ခူး 115 ပိဿာရသွားပါပြီ ဒါလောက်ခူးတာကိုအပင်ပေါ်မှာ လျှော့သွားတယ်မထင်ရဘူးဆျာ အတော်လေးကျန်တေးတယ်ဗျ ဖြစ်နိုင်ရင်လေဆျာ နောက်တစ်လှိုင်းလောက်တော့ နောက်တစ်သုတ်လောက်တော့ လိုချင်လိုက်တာဆရာရယ် အပွင့်လေးတွေတော့လိုက်တော့လိုက်လို့ပါဆရာ
U Yan • ဖြေကြားချက် 3 ခု
လက်ဖက်စိုတန်ဖိုးမြင့်ထုတ်လုပ်နည်းအတွက်လိုအပ်ချက်လေးတွေသိချင်ပါတယ်
Aung Ko Htet • ဖြေကြားချက် 2 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ
U Yan • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026