အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငွေနှင်းမှို နောက်တစ်ပွင့် ထပ်ပွင့်ဖို့ အချိန်ဘယ်လောက်ကြာသလဲ?

ငွေနှင်းမှို နောက်တစ်ပွင့် ထပ်ပွင့်ဖို့ အချိန်ဘယ်လောက်ကြာသလဲ?

သိမ့်ဇာ
သိမ့်ဇာ • 05/10/2023

ငွေနှင်းမှိုမစိုက်ခင်သိချင်ကြတဲ့ မေးခွန်းတွေထဲကတစ်ခုကတော့ တစ်ထုပ်က ဘယ်နှစ်ခါလောက် ထွက်သလဲဆိုတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။

တစ်နည်းအားဖြင့် တစ်ပွင့်ထွက်ပြီး နောက်တစ်ပွင့်ဖြစ်ဖို့ ဘယ်လောက်ကြာသလဲပေါ့။

ကျွန်မတို့လို ရန်ကုန်အနီးအနားတစ်ဝိုက်က စိုက်ပျိုးသူတွေအနေနဲ့တော့ နေ့အပူချိန် ၃၂ - ၃၅-၃၈ ဒီဂရီ နဲ့ ညအပူချိန် ၂၅ ဝန်းကျင် စင်တီဂရိတ်ရှိကြတာမို့ မှိုပွင့်တစ်ပွင့်နဲ့ တစ်ပွင့်က အနည်းဆုံး (၇) ရက်ကနေ (၁၄)ရက်ထိ အချိန်ယူပါတယ်။

ခြောက်သွေ့ရာသီတွေမှာဆို နေ့အပူချိန်က ၄၀ ဒီဂရီကျော်သွားတာနဲ့ မှိုတွေက အထွက်ရပ်သွားတတ်ကြပါတယ်။ အထူးသဖြင့် မတ်၊ ဧပြီ၊ မေလ တွေမှာဖြစ်တတ်ပါတယ်။

(နေ့အပူချိန် ၂၅ လောက်နဲ့ ညအပူချိန် ၁၅-၂၀ စင်တီဂရိတ်ရှိတဲ့ ဒေသတွေမှာဆိုရင်တော့ မှိုမျှင်တွေမြန်မြန်ပြန်ပြည့်လို့ စောင့်ရတဲ့ရက်တိုပါတယ်)

စာရေးသူ ကျွန်မခြံရဲ့ မှတ်တမ်းတွေအရ သြဂုတ်၊ စက်တင်ဘာလို မိုးများတဲ့လတွေနဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီလို ရာသီဥတုအနည်းငယ်အေးတဲ့ လတွေမှာ ၂ ပတ်ခြားတစ်ခါ အထွက်နှုန်းအမြင့်ဆုံးဖြစ်တာကို တွေ့ခဲ့ရပါတယ်။ 

အေးတဲ့လတွေဆိုပေမယ့် နေ့လယ်တစ်နာရီလောက်မှာ အပူချိန်မြင့်ခဲ့ရင် မှိုသန္ဓေသားလေးတွေ ခြောက်သွားခြင်းမျိုးကြုံရတတ်ပါသေးတယ်။

မှိုသန္ဓေသားခြောက်သွားရင် နောက်ထပ်မှိုတစ်ပွင့်ထွက်ဖို့လည်း လမ်းပိတ်နေသလိုဖြစ်တတ်ပါတယ်။ ခြောက်သွားပြီဖြစ်တဲ့ မှိုငုံလေးတွေက ပြန်လန်းမလာနိုင်တော့တာမို့ သတိထားပြီး ဖယ်ပေးတာ ပိုဂရုစိုက်တာမျိုးလုပ်ရပါမယ်ရှင်။ 

ရန်ကုန်တစ်ဝိုက်ဒေသတွေက သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလို မိုးကောင်းတဲ့လတွေမှာ စိုထိုင်းစမြင့်ကြတာဖြစ်လို့ ငွေနှင်းမှိုအကြိုက်ရာသီဥတုဖြစ်ပါတယ်။

ဒီလိုရာသီတွေမှာတော့ တစ်ပွင့်နဲ့တစ်ပွင့် သိပ်မကြာဘဲ ၅-၇ ရက်အတွင်း နောက်တစ်ပွင့်ဖြစ်လွယ်တာကိုလည်း တွေ့ရပါတယ်။

 အပူချိန်၊ စိုထိုင်းစက ငွေနှင်းမှိုရဲ့ မှိုမျှင်ကြီးထွားမှုအပေါ် တိုက်ရိုက်သက်ရောက်နေတာကြောင့် ငွေနှင်းမှိုစိုက်ပျိုးသူတွေအနေနဲ့ ဘယ်အရာကိုမှ တရားသေမှတ်မထားဘဲ အခြေခံအချက်တွေကိုသာ နားလည်ပြီး အသုံးချနိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။

နောက်ထပ် မှိုပွင့်တွေမြန်မြန်ထပ်ထွက်ဖို့ ကြာနေရတဲ့ အကြောင်းကတော့ ပိုးမွှားနဲ့ ရောဂါကြောင့်ပါ။

စိုထိုင်းစများတဲ့ ရာသီတွေမှာ မှိုရုံဝန်းကျင်ရဲ့ သန့်ရှင်းရေးမှာ လိုအပ်ခဲ့ရင်တော့ ပိုးကျရောက်တာ၊ မှိုစိမ်းဝင်တာ၊ မှိုမဲဝင်တာ စသည်ဖြင့်ကြုံရပါတယ်။

မှိုအရိုင်းဝင်တာတွေက မျက်စိနဲ့မြင်သာပေမယ့် ပိုးကျရောက်တာကိုတော့ သတိမမူမိရင် ပိုးရှိနေခြင်းကို မသိရဘဲ မှိုပွင့်ထွက်မလာတာကိုပဲမြင်ရတတ်ပါတယ်။  အကြောင်းကတော့ ပိုးကောင်တွေက မှိုမျှင်တွေကို စားသုံးကြလိုပါပဲ။ ဒါကြောင့် သန့်ရှင်းရေးကို ခူးဆွတ်ပြီးတိုင်းမှာ သတိထားသင့်ပါတယ်။

ခြုံငုံပြောရမယ်ဆိုရင်တော့ ရာသီဥတုအနေအထား၊ ပိုးကျရောက်မှုအနေအထား၊ မှိုရိုင်းကျရောက်မှုအနေအထားတွေက ငွေနှင်းမှို တစ်ပွင့်ထပ်ပွင့်ဖို့အတွက် ဆက်စပ်နေတဲ့ အရာတွေဖြစ်ပါတယ်။ ပုံမှန်အားဖြင့် (၇-၁၄) ရက်ကြာတတ်ပါတယ်။ ဒီထက်ပိုကြာနေရင်တော့ မူမမှန်တဲ့ အနေအထားတွေ ဖြစ်နေတယ်လို့ သိနိုင်ပါတယ်ရှင်။

ဒါကြောင့် မှိုတွေမြန်မြန်ပြန်ခူးချင်ရင်တော့ သန့်ရှင်းလေးလည်းဂရုစိုက်ပြီး သူ့စိတ်ကြိုက် အနေအထားလည်း ဖန်တီးပေးဖို့လိုပါတယ်။

စိုက်ထုပ်တစ်ထုပ်က အစစအရာရာအဆင်ပြေနေတဲ့ အနေအထားမှာဆို (၈) ကြိမ်ထိ မှိုခူးယူနိုင်ပါတယ်။

ဒါဆိုရင်တော့ ငွေနှင်းမှိုစိုက်ဖို့ စိတ်ကူးနေသူတွေအတွက် မိမိလိုချင်တဲ့ အထွက်နှုန်းပမာဏအလိုက် မှိုစိုက်ထုတ်အရေအတွက်နဲ့ စိုက်ချိန်ကို စီစဉ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။

ဒီအချက်အလက်တွေဟာ နေ့အပူချိန် အမြဲလိုလို (၃၀-၃၅-၄၀) စင်တီဂရိတ်အတွင်းရှိနေတဲ့‌ ဒေသရဲ့ အကြောင်းအရာတွေအပေါ်အခြေခံပြီး ဆွေးနွေးခြင်းမို့ လိုအပ်သူ၊ တိုက်ဆိုင်သူအတွေနဲ့ ကျွန်မ အတွေ့အကြုံတွေကို ပြန်လည်အသုံးချနိုင်ဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

3
UZawwin

UZawwin

လွန်ခဲ့သော ၁ နှစ် က

စာနဲ့ရေးပြရင်အဆင်မပြေလို့ဖုန်းနဲ့ဆက်မေးနိုင်ပါသည်။ ဖုန်း09895244267သို့ဆက်သွယ်နိုင်ပါသည်။

I Kyaw Nyinn

I Kyaw Nyinn

လွန်ခဲ့သော ၃ နှစ် က

မို့စိုက်နည်းစနစ်ကိုသိချင်ပါရယ်

I Kyaw Nyinn

I Kyaw Nyinn

လွန်ခဲ့သော ၃ နှစ် က

မို့စိုက်နည်းစနစ်ကိုသိချင်ပါရယ်

You

ဆက်စပ်မေးခွန်းများ

ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။

Nyi M Htet • ဖြေကြားချက် 2 ခု

စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ

နံပတ်2 • ဖြေကြားချက် 3 ခု

စပါးကျဲခင်း၁၀ရက်သားဘယ်​ပေါင်းသက်​ဆေးသုံးရမလဲ။

u win zaw • ဖြေကြားချက် 1 ခု

ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်

ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု

တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား

ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။