စိုက်ပျိုးရေးလောကမှ ဝယ်စရာမလိုသောအရာများကို နည်းလမ်းမှန်စွာ အသုံးချခြင်း
သဘာဝကြီးထဲမှာ ပိုက်ဆံပေးစရာမလို အလကားရနေတဲ့ အဖိုးတန်အရာတွေဆိုတာရှိပါတယ်။
ဒါတွေကို ပညာရပ်ဆိုင်ရာမှာတော့ (Natural Resource) သဘာဝအရင်းအမြစ် လို့ခေါ်ကြတယ်ပေါ့ ။
ပြောဖူးကြတယ်မလား..
အရင်ခေတ်ကဆို ရွာထိပ်ကချောင်းထဲ ငါးပေါတယ်၊ ပုစွန်ဆိတ်တွေပေါတယ်။ ခုမရှိတော့ဘူး..စသည်ဖြင့်ပေါ့။
မပြောဖူးရင်တောင် ကြားဖူးကြမယ်လို့ ထင်ပါတယ်။
ခုဆို ချောင်းတွေ၊ အိုင်တွေမှာ ငါးမပေါတော့ပါဘူး ။ ရွာတွေမှာ ငါးသည်တွေမရှိကြတော့ဘူး။
ဘာလို့ အရင်လို မဟုတ်တော့တာလဲ?
ရုတ်တရက်ကြီး ပျောက်ကွယ်သွားတာမဟုတ်လို့ အများစုက သတိမထားမိကြပါဘူး။
သတိထားမိအောင် ဥပမာတစ်ခုပြောပြရရင်
ခုလို မိုးဦးကျစ အရင်ကဆို ငါးသေးသေးလေးတွေရောင်းတဲ့ ဈေးသည်မှ အများကြီး။ ငါးသေးသေးလေးချက်ရင် ညှီစော်လည်းမနံ၊ အရသာကလည်း ချိုလို့ပေါ့ ။
ခုတော့ ဒါတွေမရှိတော့ပါဘူး။
ကန်တွေ ချောင်းတွေမှာလည်း ရေသိပ်မရှိတာ၊ ရေရှိရင်လည်း လိုတာထက်ပိုပြီး ရေကြီးတော့တာမျိုးတွေပေါ့။
ဘေးနားမှာ ချောင်းကန်တွေရှိပါလျက်နဲ့ ငါးစားဖို့ဆို ဈေးထဲကိုပဲသွားနေရတော့တာမျိုးပေါ့။
ငါးတွေကရေခဲရိုက်ထားပြီး မလတ်တော့တဲ့အပြင် ဈေးကလည်းကြီးသေးဆိုတာမျိုးကြုံဖူးမှာပါ။
ဒီလိုအကြောင်းအရာကို သဘာဝအရင်းအမြစ်တွေ ပျက်စီးသွားခြင်း၊ ဂေဟစနစ် ပျက်စီးခြင်းလို့ ခေါ်ကြပါတယ်။
ငါးဆို နံလို့မစားကြတဲ့ ခေတ်လူငယ်တွေထဲမှာ စာရေးသူလည်းပါပါတယ်။
အကြောင်းကတော့ ကျွန်မတို့ခေတ်မှာ လတ်လတ်ဆတ်ဆတ်ငါးဆိုတာ သိပ်မစားဖူးကြတာမို့ပါ။
ငါးဆို ညှီလို့မစားဘူးဆိုပြီး ခရီးထွက်ရင်း လျပ်စစ်မီးမရ လမ်းကောင်းကောင်းမပေါက်တဲ့ ရွာတစ်ရွာမှာ စားဖူးတဲ့ငါးကိုတော့ “ဟင်၊ ဒီငါးက မညှီဘူးနော်” လို့ပြောခဲ့ဖူးတာကို အမှတ်ရနေဆဲပါပဲ။
လတ်လတ်ဆတ်ဆတ်ငါး၊ ချောင်းထဲကရေမှော်ပဲစားပြီး ရေသန့်သန့်မှာကြီးတဲ့ငါးဆို ညှီနံ့မရှိမှန်း ဒီခေတ်လူငယ်တွေ မသိကြတော့ပါဘူး။ ဒါဟာ သဘာဝအရင်းအမြစ်တွေက ကိုယ်သတိမထားလိုက်မိဘဲ ပျောက်ကွယ် ဆုံးရှုံးသွားတဲ့အကြောင်းသိသာစေတဲ့အချက်တွေထဲက တစ်ခုပေါ့ ။ ဒါတွေက စာရေးသူရဲ့ ကိုယ်တွေ့အကြောင်းအရာဆိုလည်း ဟုတ်ပါတယ်။
အရင်ကရွာမှာ ငါးဖမ်းတဲ့သူဆီက ဝယ်စားရင် ဈေးသက်သာတယ်။
ရွာက ငါးရှာတဲ့သူလည်း အပိုဝင်ငွေရတယ်။
ဒီလို ပုံမှန်လေးလည်ပတ်နေရာကနေ ဘာလို့ပျက်စီးခဲ့ကြသလဲ စဉ်းစားကြည့်မိသူက ခပ်နည်းနည်းပဲဖြစ်ပါလိမ့်မယ်။
အခြားတစ်ဖက်မှာလည်း ဒီလို ဆုံးရှုံးမှုတွေ မကြုံရအောင် ဘယ်လိုပုံစံနဲ့ ထုတ်ယူသုံးစွဲကြမလဲဆိုတာကိုတော့ (Natural Resource Management) သဘာဝအရင်းအမြစ်များကို စီမံခန့်ခွဲခြင်း လို့ခေါ်တာပေါ့ ။
သဘာဝအရင်းအမြစ်ကို စီမံခန့်ခွဲမှုညံ့တော့ ဒေသမှာ ပေါပေါရနေတဲ့အရာတွေဟာ နှစ်တိုတိုအတွင်းမှာ ပျက်စီးသွားရပါတယ်။
အကျိုးဆက်အနေနဲ့
- မြို့ရော တောပါမကျန် မူမမှန်တဲ့ ရာသီဥတုတွေကြုံလာရတာ
- မြို့ပြတွေမှာဆို တိုက်ခန်းထဲမှာတင် အပူလွန်ကဲပြီး တစ်မိသားစုလုံး အသက်ဆုံးရှုံးရတာ
- ကြားတောင်မကြားဖူးတဲ့ရောဂါတွေဖြစ်လာရတာ။
ဒါတွေက သဘာဝရင်းမြစ်တွေ ပျက်စီးခြင်းကြောင့်ဖြစ်လာရတဲ့ အမြင်သာဆုံး သဘာဝဘေးအန္တရယ် ဥပမာတွေပါ။

မန်ကျည်းပင်တွေကတော့ ခုထိ အထက်အညာဒေသရဲ့ ပြယုဒ်တစ်ခုအနေနဲ့ ကောင်ကောင်းရှိနေသေးတဲ့ သဘာဝအရင်းအမြစ်တွေဖြစ်ပါတယ်။
မန်ကျည်းမှည့် ရောင်းကြတဲ့ရွာတွေရှိတယ်။ အရမ်းလှတဲ့ မန်ကျည်းတန်းတွေနဲ့ ရွာတွေ မြို့တွေရှိတယ်။
မန်ကျည်းအညွန့်ကို အဓိကပါဝင်ပစ္စည်းအနေနဲ့ သုံးပြီး ထုတ်လုပ်နေကြတဲ့ မြန်မာ့ထုတ်ကုန်တွေရှိတယ်။
ဒီလို ဒေသတွင်း အသုံးချနေကြမှုတွေကြောင့်နဲ့တော့ အထက်အညာရဲ့ ပြယုဒ်ဖြစ်တဲ့ မန်ကျည်းတွေဟာ ပျောက်ကွယ် ဆိတ်သုဉ်းမသွားပါဘူး။
ဒါပေမယ့် ခေတ်မီတိုးတက်လာမှုရဲ့ ဆိုးကျိုးတွေအဖြစ် ကောင်းမွန်တဲ့ဆက်သွယ်ရေးစနစ်တွေဟာ အလောဘ ရှိသူတွေလက်ထဲရောက်သွားတဲ့အခါ မလိုလားအပ်တဲ့ ပျက်စီးမှုတွေကို ဦးတည်စေပါတယ်။
ဒီလိုပရောဂတွေကြောင့် ကြပ်တည်းတဲ့ကာလတွေမှာ ငွေမျက်နှာတစ်ခုတည်းရဲ့နောက်ကိုလိုက်မိရင်တော့ နှစ်တိုတိုနဲ့ မန်ကျည်းပင်တွေ မျိုးပြုတ်ကုန်ပြီ ဆိုတာမျိုးဖြစ်လာနိုင်ပါတယ်။
ရွာဘေးက မပျက်စီးဘဲရှိနေတဲ့ချောင်းတွေ၊ အဲ့သည့်ချောင်းထဲက ငါးသေးသေးလေးတွေ၊ ပုစွန်ဆိတ်သေးသေးလေးတွေ၊ ချောင်းဘေးက သဘာဝပေါက်ပင်တွေကလည်း ဟိုးအရင်တစ်ချိန်က မန်ကျည်းပင်တွေလိုပဲ ပေါပေါများများရခဲ့တဲ့ သဘာဝအရင်းအမြစ်တွေပေါ့။
ခုတော့ ဒီအရာတွေက နေရာတိုင်းလိုလိုမှာ မရှိကြတော့ဘူးလေနော် ။ တဖြည်းဖြည်းနဲ့ တိမ်ကော ပျောက်ကွယ်လာနေကြပြီ။မန်ကျည်းပင်တစ်ပင်ဖြစ်ဖို့ ၄-၅ နှစ်နဲ့ မရတာ အားလုံးအသိပါ။
အရိပ်အာဝါသ အသင့်တင့်ရဖို့ဆို မန်ကျည်းတစ်ပင်ဟာ အနည်းဆုံး အနှစ် ၂၀-၃၀ အချိန်ယူမှာပါ။
အပူခံသွပ် တစ်ပေကို (၃၀၀၀) ကျော် အစစအရာရာဈေးတက်နေတဲ့အချိန်မှာ
- “ဈေးကောင်းရတယ်ဟေ့”ဆိုတိုင်း ပေါပေါပဲပဲထုတ်ရောင်းရအောင် တန်ရဲ့လားဆိုတာမျိုး စဉ်းစားကြည့်ကြဖို့လိုပါပြီ။
- “ ဈေးကောင်းရတယ်ဟေ့” ဆိုတာရဲ့ နောက်ကွယ်မှာ ဘယ်သူတွေက ငါတို့ထက်ပိုပြီး အမြတ်ရနေလဲ?
- “ ဈေးကောင်းရတယ်ဟေ့” ဆိုတာရဲ့ နောက်ကွယ်မှာ ဘယ်သူတွေက ဘာအကြံတွေရှိနေနိုင်လဲ?
- “ ဈေးကောင်းရတယ်ဟေ့” ဆိုတာရဲ့ နောက်ကွယ်မှာ ဒီအရာတွေက ငါတို့ကို ဘယ်လိုပြန်ဒုက္ခပေးနိုင်မလဲ? စသည်ဖြင့်
တွေးကြည့်ဖို့လိုအပ်ပါကြောင်းနဲ့ မန်ကျည်းပင်ပိုင်တဲ့ သူတိုင်းပြုလုပ်နိုင်တဲ့ ရိုးရှင်းတဲ့ Natural Resource Management သဘာဝအရင်းအမြစ်စီမံခန့်ခွဲခြင်းဆိုင်ရာ အတွေးစာစုများကို မျှဝေလိုက်ရပါတယ်။ ဒီလိုတွေးခေါ် တတ်တဲ့အလေ့အကျင့်မရှိခဲ့လို့၊ ပညာရပ်တွေ လက်လှမ်းမမီခဲ့လို့ ကျွန်မတို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သဘာဝအရင်းအမြစ်တွေလည်း များပါပြီ။
ကုန်ကြမ်းတွေကို စျေးပေါပေါနဲ့ရောင်းပြီး ကုန်ချောတွေကို ဈေးကြီးပေးဝယ်စားနေကြရတဲ့ခေတ်မှာ မန်ကျည်းတွေမျိုးတုန်းလို့ မန်ကျည်းမှည့်တောင် နိုင်ငံခြားက ပြန်မှာစားနေရတော့မယ်ဆိုရင်ဖြင့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါကြောင်း အမျိုးတို့ကို အသိပေးလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်သက်
လွန်ခဲ့သော ၃ နှစ် ကဘဘ ကာချုပ်ကြီးကိုသွားပီးနားချသင့်တယ်လို့မြင်ပါတယ်ခေါင်းဆောင်တွေမကောင်းတော့အားလုံးအဆိပ်သင့်ကုန်ကြတာဖဲ
Amt
လွန်ခဲ့သော ၃ နှစ် ကငါးမျိုးတုန်းပျောက်ကွယ်ခြင်းမှာ အဆိပ်ချခြင်းနှင့်ရှော့တိုက်ငါးဖမ်းခြင်းလည်းပါဝင်ပါသည်
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိရင် ဈေးကွက်နာမည်နဲ့ဝယ်ယူနိုင်တဲ့လိပ်စာ သိပါရစေ
ဦးဇော်မျိုးထက် • ဖြေကြားချက် 0 ခု
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from သိမ့်ဇာ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....