အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Green Tea လက်ဖက်ခြောက် ပြုလုပ်နည်းသင်တန်းပေးသွားမည်

Green Tea လက်ဖက်ခြောက် ပြုလုပ်နည်းသင်တန်းပေးသွားမည်

ယခုလဆန်းပိုင်းမှာ Green Tea လက်ဖက်ခြောက် ပြုလုပ်နည်းသင်တန်းကို ပေးသွားမှာဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

မိုးရာသီကာလမှာ လက်ဖက်ခြောက်များ ပြုလုပ်နိုင်ရန်အတွက်ရည်ရွယ်ကာ သင်တန်းပေးသွားမှာ ဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူးဦးဇော်ညွှန့်ကပြောပါတယ်။

“Green tea လှော်ခြောက်ကိုတော့ (၈)လပိုင်းမှာ green tea လှော်ခြောက်လုပ်တဲ့နည်း သင်တန်းပေးဖို့တော့ ပြင်ဆင်နေပါတယ်။ (၈)လပိုင်းလဆန်းလောက်မှာတော့ သင်တန်းပေးဖို့ ပြင် ဆင်ထားပါတယ်။ တောင်သူတွေလည်း လာတက်လို့ရတယ်။ ပွင့်လင်းရာသီဆို လှော်လှန်းလုပ်နိုင် တယ်။ လှော်ခြောက်လုပ်နိုင်တယ်။ မိုးတွင်းဆိုရင် လှော်ခြောက်တွေ တောက်လျှောက်လုပ်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သင်တန်းပေးသွားတာပါ”

အဆိုပါသင်တန်းကို ကျောက်မဲ၊ တန့်ယန်း၊ ရပ်စောက်၊ ရွာငံ၊ မိုးကုတ် နဲ့ ကွတ်ခိုင်မှတောင်သူများ တက်ရောက်နိုင်မှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့လက်ဖက်စိုက်ဧကပေါင်း(၂၂၀၀၀)ကျော်ရှိကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်ဆောင်းပါးများ

လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း

နည်းပညာမိတ်ဖက်အဖွဲ့

လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း

မြန်မာနိုင်ငံလက်ဖက်အသင်းသည် ၂၀၁၃ ခုနှစ်၊ မတ်လမှ စတင်ဖွဲ့စည်း၍ လှုပ်ရှားဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံ လက်ဖက်အစုအဖွဲ့အား အဆင့်မြှင့်တင်၍ ဇွန်လ ၂၀၁၈ ခုနှစ်တွင် တရားဝင်ပြောင်းလဲဖွဲ့စည်းလိုက်သော အသင်းအဖွဲ့ဖြစ်ပြီး မြန်မာ့လက်ဖက်ထုတ်လုပ်ရောင်းချသူများမှ ဦးစီးဆောင်ရွက်လျက်ရှိပါသည်။ အသင်းကြီး၏ ဦးတည်ချက်များ မှာ မြန်မာ့လက်ဖက်ကို နိုင်ငံတကာအဆင့်မီ အရည်အသွေး ဖြစ်လာအောင် အဆင့်မြင့်တင်ရန် ပြည်တွင်းရှိ လက်ဖက်စိုက် တောင်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် အခြားဆက်စပ်လျက်ရှိသော လုပ်ငန်းကဏ္ဍများကိုပါ မြှင့်တင်သွားရန် ဖြစ်ပါသည်။ အသင်းကြီး၏ ရည်ရွယ်ချက် လက်ဖက်စိုက်ပျိုးသူတောင်သူများနှင့် ရောင်းချသူများ၏ လူနေမှု အဆင့်အတန်း မြင့်မားလာစေရန်။ လက်ဖက်ကုန်ကြမ်းအရည်အသွေးမြင့်မားလာစေရန်နှင့် လက်ဖက်စိုက်ပျိုးနည်းပညာများ ရရှိနိုင်ရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံလက်ဖက်အသင်း- ဖေ့ဘွတ်လင့် https://www.facebook.com/myanmartea/

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ

Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု

ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ

U Yan • ဖြေကြားချက် 1 ခု

ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား

ကိုရှား • ဖြေကြားချက် 2 ခု

ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။

Nyi M Htet • ဖြေကြားချက် 2 ခု

စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ

နံပတ်2 • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။