Analog Forestry နဲ့ အင်္ဂဝိဇ္ဇာ
Analog Forestry ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ဖို့ဆိုရင် အကောင်အထည်ဖော် ဆောင်ရွက်မယ့် စိုက်ခင်း၊ နေရာနဲ့ ဒေသရဲ့ လက်ရှိအခြေအနေ (Baseline) ကို ကြိုတင်သိရှိထားဖို့ လိုအပ်ပါတယ်။ အဲဒီ Baseline ကို သိရှိဖို့အတွက် ပထမဆုံးအဆင့်အနေနဲ့ "ဖစ်ဇီယိုဂ်နိုးမစ်ဖော်မြူလာ (Physiognomic Formula)" လို့ခေါ်တဲ့ ပုံသေနည်းနဲ့ တွက်ချက်ယူနိုင်ပါတယ်။
ဖစ်ဇီယိုဂ်နိုးမစ်ဖော်မြူလာ (Physiognomic Formula) ဆိုသည်မှာ
Physiognomic ဆိုတဲ့စကားလုံးဟာ Physiognomy ဆိုတဲ့စကားလုံးကနေ ဆင့်ပွားလာတဲ့ နာမဝိသေသန စကားလုံးတစ်လုံးဖြစ်ပါတယ်။ Physiognomy ဆိုတာ လူတစ်ယောက်ရဲ့ ရုပ်သွင်သဏ္ဌာန်ကိုကြည့်ပြီး အဲဒီလူရဲ့ စိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေးအစရှိတဲ့ အနှစ်သာရပိုင်းကို လေ့လာတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ မြန်မာလို ထိထိမိမိပြောရရင် အင်္ဂဝိဇ္ဇာဘာသာရပ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒါကြောင့် Analog Forestry ဘာသာရပ်ကို လေ့လာရာမှာ Physiognomic Formula ဆိုတာ မိမိလေ့လာမယ့် သစ်တောအုပ် ဒါမှမဟုတ် စိုက်ခင်းထဲ မှာ ဘယ်လိုအပင်အမျိုးအစားတွေဟာ ဘယ်လိုပုံစံပျံ့နှံ့ပြီးဆိုတဲ့ ဒီဇိုင်း (architecture) ကို တွက်ထုတ်ယူတဲ့ ဖော်မြူလာ ဖြစ်တယ်လို့ နားလည်ယူကြည့်နိုင်ပါတယ်။
ရယူစုဆောင်းရမည့် အချက်အလက်များ
သဘာဝသစ်တောအုပ်ကို F1 လို့ သတ်မှတ်ပြီး၊ မိမိ Analog Forestry အကောင်အထည်ဖော်လိုတဲ့ နေရာကို F2 လို့ သတ်မှတ်ပါ။ ပြီးတဲ့နောက်မှာ F1 ရော၊ F2 ကိုပါ ကွင်းဆင်းပြီး (က) "ဘယ်လိုအပင်အမျိုး အစားတွေ ပေါက်ရောက် ရှင်သန်နေသလဲ (Growth categories)" ဆိုတာနဲ့ (ခ) "အဲဒီအပင်အမျိုးအစားတွေဟာ ဘယ်လိုပုံစံဖွဲ့စည်းပြီး ပေါက်ရောက်ရှင်သန်နေတာလဲ (Structure categories)" ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။ ကွင်းဆင်းလေ့လာချက် ရလဒ်အဖြေတွေကို သတ်မှတ်ထားတဲ့ အက္ခရာတွေ ကိန်းဂဏန်းတွေနဲ့ ဖော်ပြပြီး မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
(က) ပေါက်ရောက်ရှင်သန်နေသော အပင်အမျိုးအစားများ (Growth Categories)
ပေါက်ရောက်ရှင်သန်နေတဲ့ အပင်အမျိုးအစားတွေကို လေ့လာရာမှာ "အခြေခံအပင်အမျိုးအစားများ (Basic growth forms)" နဲ့ "အခြား (Other)" ဆိုပြီး အဓိကအုပ်စုကြီး နှစ်ခုအဖြစ် ခွဲခြားလေ့လာသင့်ပါတယ်။
ကွင်းဆင်းလေ့လာရာမှာ လွယ်ကူစေဖို့ အဲဒီလို အဓိက အုပ်စုနှစ်စု ခွဲခြားထားပေမယ့် အဲဒီလို အုပ်စုခွဲခြားထားခြင်းက တွက်ချက်ပုံ အပေါ်မှာ သက်ရောက်မှု မရှိပါဘူး။ ဆိုလိုတာက Basic growth forms ပဲ ဖြစ်ဖြစ်၊ Other ပဲဖြစ်ဖြစ် ဖစ်ဇီယိုဂ်နိုးမစ်ဖော်မြူလာထဲ ထည့်သွင်းတွက်ချက်ရာမှာ ပုံသေနည်း ပြောင်းလဲသွားခြင်း မရှိပါဘူး။ ဒါကြောင့်အရေးကြီးတာက ကွင်းဆင်းလေ့လာတဲ့အခါ လေ့လာတဲ့နေရာမှာရှိတဲ့ အပင်အမျိုး အစားတွေ မကျန်ခဲ့ဘဲ စုံစုံလင်လင် လေ့လာခဲ့ပြီး၊ သတ်မှတ်ထားတဲ့ အက္ခရာ (symbol) တွေနဲ့ မှန်မှန်ကန်ကန် မှတ်တမ်း တင်ခဲ့ဖို့ပဲ ဖြစ်ပါတယ်။
ဥပမာအားဖြင့် အုန်းပင်၊ ထန်းပင်လို အပင်မျိုးစိတ်တွေ (palms) တွေကို “P”၊ ဝါးပင် (bamboo) မျိုး စိတ်ဝင်တွေဆိုရင် "B” စသည်ဖြင့်ပါ။ အမျိုးအစား စုစုပေါင်း ၁၇ မျိုးရှိပြီး၊ အင်္ဂလိပ်အက္ခရာအကြီး (Capital letter) နဲ့ မှတ်သားပါတယ်။
(အပင်အမျိုးအစားအလိုက် အက္ခရာတွေနဲ့ ခွဲခြားသတ်မှတ်ပုံကို သီးသန့်ဆောင်းပါးတစ်ပုဒ်နဲ့ ဆွေးနွေးပါမယ်။)

(ခ) ပေါက်ရောက်ရှင်သန်နေသည့် ပုံစံ (Structure Categories)
ပေါက်ရောက်နေတဲ့ အပင်အမျိုးအစား တစ်ခုချင်းစီကို သိပြီးနောက်မှာ အဲဒီအပင်တွေဟာ ဘယ်လိုပုံစံမျိုးနဲ့ ပေါက်ရောက်နေသလဲဆိုတဲ့ Structure ပိုင်းကို ပူးတွဲပြီး လေ့လာမှတ်သားရမှာ ဖြစ်ပါတယ်။ Structure ပိုင်းမှာ အချက် ၂ ချက်ကို လေ့လာရမှာပါ။
ပထအချက်ကတော့ သက်ဆိုင်ရာ အပင်အမျိုးအစားတစ်ခုချင်းစီရဲ့ "အမြင့် (height/stratification)" ကို မှတ်သားရမှာ ဖြစ်ပါတယ်။ အပင်ရဲ့ အမြင့်ပေ(မီတာ) ပေါ်မူတည်ပြီး ကိန်းဂဏန်းတွေနဲ့ အုပ်စုခွဲပြီး မှတ်တမ်းတင်ပေးရမှာပါ။ ဥပမာ ၄၅ မီတာ အထက် မြင့်မားတဲ့အပင်တွေကို "9” လို့ သတ်မှတ်ပါတယ်။ ၃၅ မီတာနဲ့ ၄၅ မီတာကြားကို "8” လို့ သတ်မှတ်ပါတယ်။ အပင်က ပုသွားလေလေ၊ နံပါတ်က သေးသွားလေလေ ဖြစ်ပါ တယ်။ ၀.၁ မီတာအောက် အပင်ဆိုရင် "1” လို့ သတ်မှတ်တာပါ။ "1” ကနေ "9” အထိ အုပ်စု ၉ ခု ခွဲခြားထား ပါတယ်။ (အသေးစိတ် ထပ်မံဆွေးနွေးပါမယ်။)
ဒုတိယ လေ့လာမှတ်တမ်းတင်ရမယ့် အချက်ကတော့ လေ့လာနေတဲ့နေရာမှာ အပင်အမျိုးအစားတွေအလိုက် ပြန့်နှံ့ပေါက်ရောက်နေပုံ (coverage/abundance) ဖြစ်ပါတယ်။ ခပ်ကျဲကျဲပဲ တွေ့ရတာလား၊ ပေါပေါများများတွေ့ရတာလားဆိုတာကို လေ့လာတာလို့ အလွယ်မှတ်သားနိုင်ပါတယ်။ လေ့လာတဲ့ ဧရိယာရဲ့ ၁ ရာ ခိုင်နှုန်းအောက်မှာပဲ တွေ့ရရင် “a” ၊ တဆက်တည်း အမြောက်အများတွေ့ရပြီး ၇၅ ရာခိုင်နှုန်းကျော် ရှိရင် "c” စသည်ဖြင့် အုပ်စု ၆ ခု ခွဲခြားထားပါတယ်။ အင်္ဂလိပ်အက္ခရာ အသေး (Small letter) နဲ့ ဖော်ပြပါတယ်။

ပုံသေနည်းအဖြစ် ဖော်ပြခြင်း
အထက်မှာ ဖော်ပြခဲ့တဲ့အချက်အလက်တွေကို ကောက်ယူပြီးတဲ့နောက်မှာ အပင်အမျိုးအစားတစ်ခု ချင်းစီအတွက် အချက်အလက် ၃ ခုကို ပေါင်းပြီး ဖော်ပြရပါမယ်။ ဥပမာကွင်းဆင်းလေ့လာတဲ့ နေရာမှာ ၂၀-၃၅ မီတာလောက် မြင့်မားတဲ့ ထန်းပင်၊ ကွမ်းပင် အစရှိတဲ့ Palms အပင်တွေ အစုအကွက်(patches) ပုံစံနဲ့ ဧရိယာရဲ့ ၄၀ ရာခိုင်နှုန်းလောက် ဖုံးလွှမ်းထားတယ် ဆိုပါစို့။ အဲဒီအချက်ကို ပုံသေနည်းထဲ ထည့်သွင်းတဲ့အခါ Palm အပင်တွေဖြစ်တာကြောင့် Growth categories အနေနဲ့ “P” လို့ ဖော်ပြပြီး၊ ၂၀-၃၅ မီတာအမြင့်မို့ Height အနေနဲ့ “7” လို့ ဖော်ပြရပါမယ်။ ဧရိယာရဲ့ ၂၆-၅၀ ရာခိုင်နှုန်းကို ဖုံးလွှမ်းထားတာကြောင့် Coverage ကို "p” လို့ ဖော်ပြရမှာပါ။ ဒါကြောင့် အဲဒီ အပင်အမျိုးအစားတွေအကြောင်း ဖော်ပြတဲ့အခါ "P7p" လို့ ဖော်ပြရမှာ ဖြစ်ပါ တယ်။
ဖော်မြူလာကို ဘယ်လိုသုံးမလဲ
ဒါကြောင့် "ဖစ်ဇီယိုဂ်နိုးမစ်ဖော်မြူလာ (Physiognomic Formula)" ဆိုတာ သစ်တောအုပ်၊ စိုက်ခင်းစသည်ဖြင့် လေ့လာတဲ့ နေရာတစ်ခုရဲ့ အပင်အမျိုးအစားတွေ ပေါက်ရောက်ရှင်သန်ပုံကို အလွယ်တကူ သိမြင်နိုင်တဲ့ အင်္ဂဝိဇ္ဇာနည်းလမ်းတစ်ရပ် ဖြစ်တယ်လို့ ဆိုရမှာပါ။ အဲဒီ ဖော်မြူလာကို ဘယ်လိုအသုံးချတယ်ဆိုတာကို ဆက်လက် တင်ပြပါဦးမယ်။
ပြီးတဲ့နောက်မှာတော့ လေ့လာတဲ့နေရာမှာရှိတဲ့ အပင်အမျိုးအစားအားလုံးကို တစ်စုတစ်စည်းတည်း တွဲပြီး ဖော်ပြရမှာပါ။ အပင်အမျိုးအစား (Growth categories) တစ်ခုချင်းစီကြားမှာ ";" လေးတွေခြားပြီး ဖော်ပြရပါမယ်။ အပင်အမျိုးအစား တူညီပေမယ့် အမြင့် (Height) တွေ၊ ပြန့်နှံ့ပေါက်ရောက်ပုံ (Coverage) တွေ မတူ ညီခဲ့ဖူးဆိုရင်တော့ တစ်ခုနဲ့တစ်ခုကြား "," လေး ခံပြီး ဖော်ပြရပါမယ်။
ဥပမာအားဖြင့် လေ့လာတွေ့ရှိရတဲ့ အပင်အမျိုးအစားတွေရဲ့ အခြေအနေတွေကို စုစည်းပြီး F1: V7c, V5p; P4r; R2c; X3-6p; C1-6c; H3p လို့ ဖော်ပြနိုင်ပါတယ်။ ဒီပုံသေနည်းကို ကြည့်လိုက်ရုံနဲ့ လေ့လာတဲ့နေရာမှာ ဘယ်အပင်အမျိုးအစားတွေဟာ အမြင့်ဘယ်လောက်လောက်နဲ့ ဘယ်လို ပြန့်နှံ့ပေါက်ရောက်နေသလဲဆိုတာကို တန်းပြီး မြင်နိုင်မှာ ဖြစ်ပါတယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သစ်တောပုံတူ စိုက်ခင်းတည်ထောင်ခြင်း
ဆက်စပ်ဆောင်းပါးများ
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
အကြောင်းအရာ ပံ့ပိုးသူ
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
ဆက်စပ်မေးခွန်းများ
ဆရာကြီးဒေါက်တာ ဦးမြင့်လွင်ပြောတဲ့ kitosen ဆေးကို ဘယ်မှာဝယ်ယူနိုင်ပါသလည်းဗျ။
Ko A Soe • ဖြေကြားချက် 1 ခု
ပုံထဲကလိုဖြစ်နေလို့ယာစပါးပါရောဂါလားပိုးလားဗျဖြေပေးပါဦး
Mg Mg • ဖြေကြားချက် 1 ခု
ဧရာပဒေသာရက်၄၀သား၁၆ပတ်လည်နဲ့ပုလဲကျွေးပြီးတာ၁၁ရက်ရှိပါပြီမြေနိမ့်တဲ့နေရာကပင်ပွားနည်းနေသေးလို့၅၀ရက်လောက်ကို၁၅ပတ်လည်ပဲကျွေးသင့်လားခဗျပုလဲမရောပဲအဆင်ပြေမလားခဗျ
kyaw zin • ဖြေကြားချက် 2 ခု
အိမ်လုပ် ငါးအမိုင်နိုကို စပါးခင်းတွင် ဆေး ဘယ်လောက်ထည့်ရမလဲ
ye kyaw • ဖြေကြားချက် 2 ခု
နေကြာရောဂါနမူနာ၅ခုလောက်ပို့ပေးလိူ့ရမလားဗျ ဓာတ်ခွဲခန်းမှာစမ်းသပ်ပြီးအပင်ရောဂါကိုရှာချင်လို့ပါဗျ
မောင်ရဲသူအောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၇)
20/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
More from Khaing Kyi Thit
အားလုံး