လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ ဒစ်ဂျစ်တယ်ငွေကြေးနည်းပညာနဲ့ပတ်သက်ပြီး လေ့လာခဲ့ကြတာ တော်တော် ခရီးပေါက်လာခဲ့ပြီနော်။
ဒစ်ဂျစ်တယ်နည်းပညာခေတ်ရဲ့ အခေါ်အဝေါ်တွေနဲ့ မိုဘိုင်းလ်ဝေါလက်အကြောင်းလဲ တော်တော်လေး သိလာခဲ့ပြီလို့ မျှော်လင့်ပါတယ်။
ဒီအကြောင်းအရာတွေကို မဖတ်လိုက်ရသေးဘူး ဒါမှမဟုတ် မေ့သွားခဲ့တယ်ဆိုရင်လည်း ပေးထားတဲ့ လင့်ခ်တွေကတစ်ဆင့် ပြန်လည် လေ့လာဖတ်ရှုနိုင်ပါတယ်နော်။
အပိုင်း [၁] https://bit.ly/42sw2Zj
အပိုင်း [၂] https://bit.ly/42nVAqd
အပိုင်း [၃] https://bit.ly/3LScg2L
အပိုင်း [၄] https://bit.ly/3AVku4P
ဒီလို ဒစ်ဂျစ်တယ်နည်းပညာခေတ်မှာ လူတိုင်းရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးက အရေးကြီးလာပါတယ်။ ဒါကြောင့် . . . ဒီတစ်ခေါက်တော့ ဒစ်ဂျစ်တယ်မသမာမှုတွေအကြောင်းနဲ့ ဘယ်လိုရှောင်ရှားသင့်တယ်ဆိုတာတွေ ပြောပြမယ်နော်။ ကဲ . . . လေ့လာလိုက်ကြရအောင်။
ဒစ်ဂျစ်တယ်ကိုယ်ရေးအချက်အလက်လုံခြုံရေး
မသမာသူတွေဟာ နည်းအမျိုးမျိုး သုံးပြီး လိမ်လည်တတ်ကြပါတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာလည်း နည်းမျိုးစုံသုံးပြီး မိုဘိုင်းလ်ဝေါလက်ထဲက ပိုက်ဆံတွေကို လိမ်လည်ထုတ်ယူတာမျိုး လုပ်ဆောင်နေကြပါတယ်။ ဒီလို လိမ်လည်လှည့်ဖြားခြင်းတွေက ကင်းဝေးအောင် သတိထားလုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

တစ်ယောက်ယောက်က မိုဘိုင်းဝေါလက်ကုမ္ပဏီ သို့မဟုတ် ဘဏ်ကလို့ပြောပြီး အချက်အလက်တွေတောင်းရင်ဘယ်လိုလုပ်မလဲ
- လိမ်လည်သူတွေဟာ မိုဘိုင်းလ်ဝေါလက်ကုမ္ပဏီ သို့မဟုတ် ဘဏ်က ဝန်ထမ်းယောင်ဆောင်ပြီး အိုတီပီ )OTP) ၊ ပင်န် )PIN) နံပါတ်တို့ကို လိမ်ညာတောင်းလေ့ရှိတတ်လို့ သတိထားရပါမယ်။
- မိုဘိုင်းလ်ဝေါလက်အကောင့်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် “ပန်န် (PIN)” နံပါတ်ပြောင်းချင်တဲ့အခါတွေမှာ ဖုန်းပိုင်ရှင် ဟုတ်/မဟုတ် စစ်ဆေးတဲ့အနေနဲ့ မိုဘိုင်းလ်ဝေါလက်ကုမ္ပဏီက ကိုယ့်ဖုန်းဆီကို “အိုတီပီ (OTP)” ပို့ပါတယ်။ ဒီ “အိုတီပီ (OTP)” ကို တခြားသူသိသွားရင် ကိုယ့်အကောင့်ရဲ့ “ပန်န် (PIN)” နံပါတ်ကို ပြောင်းပစ်လိုက်ပြီး ကိုယ့်အကောင့်ထဲမှာရှိတဲ့ ငွေတွေကို ခိုးယူသွားလို့ရပါတယ်။
- ဒါ့ကြောင့် ကိုယ့်ဆီရောက်လာတဲ့ “အိုတီပီ (OTP)” တွေကို အခြားသူကို အသိမပေးသင့်ပါဘူး။ တခြား ကိုယ်ရေးအချက်အလက်တွေ တောင်းရင်လည်း ချက်ချင်းပြန်ပို့ပေးလိုက်တာမလုပ်ဘဲ အမှန်အကန်လား၊ အလိမ်အညာလားဆိုတာ အရင်ဆုံး စစ်ဆေးသင့်ပါတယ်နော်။
ကိုယ်ရေးအချက်အလက် အခိုးမခံရအောင် ဘယ်လို ကာကွယ်မလဲ
- ကိုယ့်ဆီကို ကိုယ်ရေးအချက်အလက်တောင်းတဲ့ အီးမေးလ်တွေ၊ စာတွေရောက်လာရင် ချက်ချင်း စာမပြန်သင့်ပါဘူး။ အမှန်ဖြစ်နိုင်၊ မဖြစ်နိုင် စုံစမ်းစစ်ဆေးပြီးမှ စာပြန်သင့်ပါတယ်။
- ကိုယ့်ရဲ့စကားဝှက်ကို လူတွေမြင်လွယ်တဲ့ နေရာမှာ ရေးမှတ်ထားတာမျိုးမလုပ်သင့်ပါ။
- ခန်းမှန်းရလွယ်တဲ့ စကားဝှက်မျိုး (ဥပမာ - ၁၂၃၄၅၆၊ ၁၁၁၁၁၁ စတဲ့ ဂဏန်းတွေ၊ မွေးနေ့၊ ဖုန်းနံပါတ်စတာတွေ) မပေးသင့်ပါ။
- ကိုယ့်အကောင့်ကို တခြားသူရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာမှာ ဖွင့်ခဲ့တယ်ဆိုရင်လည်း ပြန်ထွက်ဖို့ (log out) သတိရပါ။

ကိုယ့်ရဲ့ စကားဝှက် (ပတ်စ်ဝတ် - Password) ကို ဘယ်လိုလုံခြုံအောင်ထားမလဲ
- စကားဝှက်ထားတဲ့အခါ ကိုယ့်အတွက် မှတ်လို့လွယ်ပေမယ့် တခြားသူတွေလွယ်လွယ်နဲ့ မခန့်မှန်းနိုင်လောက်တဲ့ စကားဝှက်မျိုးဖြစ်ရပါမယ်။ ဥပမာ - mgsoe လို့ ထားမယ့်အစား mG$@E637 ဆိုပြီး ခန့်မှန်းရခက်တာမျိုးကို ထားသင့်ပါတယ်။
- ဒါ့အပြင် ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေထဲမှာရှာလို့ရမယ့် စကားလုံးတွေ၊ နံပါတ်တွေ(ဥပမာ-အိမ်မွေးတိရစ္ဆာန်နာမည်၊ မွေးနေ့ စသဖြင့်) ကို စကားဝှက်အဖြစ် မပေးသင့်ပါဘူး။
မိုဘိုင်းလ်ဝေါလက်ထဲက ဒစ်ဂျစ်တယ်ပိုက်ဆံတွေကို လုံခြုံအောင်ဘယ်လိုထားကြမလဲ
- မိုဘိုင်းလ်ဝေါလက်အကောင့်ပိုင်ရှင်တွေအနေနဲ့ ကိုယ့်ရဲ့ အိုတီပီ (OTP) နဲ့ ပန်န် (PIN) တွေကို အခြားသူကို အသိမပေးသင့်ပါဘူး။ မိုဘိုင်းလ်ဝေါလက်ကုမ္ပဏီကိုတောင် မပြောသင့်ပါ။
- အကောင့်မရှိတဲ့သူများအနေနဲ့ ကိုယ်စားလှယ်ဆီက ငွေထုတ်မယ်ဆိုရင် စကားဝှက် (၆) လုံး ကအဓိကဖြစ်ပါတယ်။ အဲ့ဒီ စကားဝှက်ကို ငွေလက်ခံမယ့်သူမဟုတ်ဘဲ အခြားသူက သိသွားရင် ကိုယ်စားလှယ်ဆီမှာ စကားဝှက်ကိုပြောပြီး ငွေတွေထုတ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ငွေထုတ်မပြီးမချင်း စကားဝှက် (၆) လုံး ကို အခြားသူ မသိစေသင့်ပါဘူး။

ဘယ်သူတွေ ဘယ်လိုပဲ လိမ်လည်ပါစေ မိမိမှာသာ ဒစ်ဂျစ်တယ်ငွေကြေးအသိပညာများ ပြည့်ဝနေပြီး ကိုယ့်အကောင့်ကို လုံခြုံစွာ ထားမယ်ဆိုရင် မသမာသူတွေလက်က ကင်းဝေးနိုင်ပြီ မဟုတ်လား။
ဒါ့ကြောင့် အထက်မှာပြောပြခဲ့တဲ့ နည်းလမ်းတွေကို မိတ်ဆွေတို့ကိုယ်တိုင် ကျင့်သုံးပြီး ကိုယ့်ရဲ့ အပေါင်းအသင်း ဆွေမျိုးမိတ်ဆွေ မိသားစုဝင်တွေကိုလည်း ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့နော်။
ဒီလို ဒစ်ဂျစ်တယ်ငွေကြေးအသိပညာတွေကို စဥ်ဆက်မပြတ်လေ့လာချင်တယ်ဆိုရင်တော့ bit.ly/3KWHsx4 အာရ်အီးတွမ်တီဝမ်း (Re21) ဖေ့စ်ဘုတ်ပေ့ချ်ကို လိုက်ခ် (Like) နဲ့ ဖောလိုး (Follow)လုပ်ထားပြီး လေ့လာလို့နိုင်ပါတယ်။
#DFL #MobileWallet #မိုဘိုင်းလ်ဝေါလက် #KBZPay #WavePay #ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Saw Kyaw
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
pyaephyo Maung
လွန်ခဲ့သော ၃ နှစ် ကချေငွေတင်လိုရလား
ဆက်စပ်ဆောင်းပါးများ
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၂]
နည်းပညာမိတ်ဖက်အဖွဲ့
ThitsaWorks
ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများနှင့် ထိုဝန်ဆောင်မှုများကို အသုံးပြုနေသူများအကြား ငွေကြေးနည်းပညာဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်ရည်ရွယ်ပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ThitsaWorks Solutions Myanmar Co., Ltd.
အားလုံး
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
04/05/2023
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
30/04/2023
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၂]
27/04/2023
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၁] ဒစ်ဂျစ်တယ်ငွေကြေးအသိပညာဆိုတာ...
23/04/2023
လက်တွဲပူးပေါင်းမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း အသိပေးကြေညာခြင်း
22/04/2023