ပရန္နဝါရွက်ရဲ့ဆေးဖက်ဝင်ပုံ
ပရန္နဝါရွက်လေးတွေထွက်တဲ့ပရန္နဝါဆိုတဲ့အပင်ကို တွေ့ဖူးတဲ့လူရှားပါလိမ့်မယ်။ ဒါပေမဲ့ငယ်ငယ်ကရွတ်ခဲ့ဖူးတဲ့ ချိုပေစွ ဟင်းချိုကဗျာလေးကိုတော့ သိသူများမယ်ထင်ပါတယ်။
“အိမ်ကိုပြန်လျှင်၊ အကျွန်ကျွန်ုပ်
ယုန်တစ်တုတ်ကို၊ ခွာဆုတ်ရေလှန်
ကျပ်ခိုးခံလို့၊ ပရန္နဝါ
ရွက်နုဝါကို၊ ဝါးပြာထည့်ကျို
အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ
ဆောင့်ကြောင့်ထိုင်၊ မွှေလိုက်တယ်
ချိုပေစွဟင်းချိုကို
စလောင်းတို အခြေပဲ့နှင့်
အာခေါင်မှာ၊ ပူအောင်ထည့်လို့
မျို့လှည့်ကွဲ့လေး။” ဆိုတဲ့ စာပိုဒ်လေးကိုရွတ်ရင်း ရင်းနှီးခဲ့ဖူးမယ်ထင်ပါတယ်။
ပရန္နဝါရွက် ဆိုတာက ပရန္နဝါဆိုတာကမြေလျှောက်ပင်ငယ်လေးတစ်မျိုးဖြစ်ပြီး အရိုးတံ ကြွပ်ဆတ်ဆတ်နဲ့ အရွက်ဝိုင်းဝိုင်းလေးတွေရှိတဲ့အပင်ငယ်လေးတစ်ပင်ပါ။ ပရန္နဝါပင်လေးတွေကအဖြူ၊ အပြာ၊ အနီဆိုပြီးအမျိုးမျိုးကွဲပြားကြပေမဲ့ ဒီကဗျာလေးထဲကပရန္နဝါကတော့ ပန်းရောင်အပွင့်လေးတွေပွင့်တက်ပြီး စားလို့ရသလိုဆေးဖက်လည်းဝင်ပါတယ်။
မိုးစရွာလာတဲ့အခါမျိုးမှာ လယ်ကွင်းတွေကွင်းပြင်တွေမှာပေါက်ရောက်တက်ကြပြီး အများစုကတော့သေးငယ်လွန်းတဲ့မြေလျှောက်ပင်ဖြစ်တဲ့ ပရန္နဝါပင်လေးတွေကို ပေါင်းပင်လေးများနဲ့ မှားတက်ကြပါတယ်။ သူ့ရဲ့ဆေးဖက်ဝင်မှုတွေက တော်တော်လေးတော့များပါတယ်။
ပရန္နဝါပင်ကဘယ်လိုဆေးဖက်ဝင်တာလဲ?
စိတ်ဖိစီးမှုကိုသက်သာစေနိုင်တယ်
ပရန္နဝါရွက်က စိတ်ဖိစီးမှုကိုတိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ ဒါ့ကြောင့် စိတ်ဓာတ်ကျသူတွေစိုးရိမ်ပူပန်စိတ်များတဲ့သူတွေအနေနဲ့ ပရန္နဝါရွက်ကိုစားသုံးပေးသင့်ပါတယ်။ ကိုယ်ခံအားကောင်းစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။
နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်
ဒီအရွက်ကိုစားသုံးပေးမယ်ဆိုရင် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့အာနိသင်ရှိပြီး နှလုံးရောဂါ၊လေးဖက်နာရောဂါ၊ ဆီးချိုနဲ့ပန်းနာရင်ကျပ်ရောဂါတွေကြောင့် ခန္ဓာကိုယ်မှာဖြစ်တဲ့နာကျင်ရောင်းရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ထိခိုက်မှုတွေကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းမှုကိုလည်း သိသိသာသာသက်သာစေနိုင်ပါတယ်။
ဆီးချိုသက်သာစေနိုင်တယ်
ပရန္နဝါရွက်ကိုစားသုံးပေးတာ ဆီးချိုသမားတွေအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်ပါ တယ်။ သံဓါတ်ကြွယ်ဝတာကြောင့်သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။ သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပြီး အင်ဆူလင်ထွက်ရှိမှုကောင်းအောင်လှုံဆော်ပေးပါတယ်။ ဆီးချိုကာကွယ်ချင်သူတွေရော ဆီးချိုရောဂါခံစားနေရသူတွေပါ စားသုံးပေးသင့်ပါတယ်။
အရေပြားကျန်းမာစေနိုင်တယ်
အနာကျက်စေနိုင်ပြီး ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။အရေပြားကိုထိခိုက်စေနိုင်တဲ့မှိုပိုးတွေ၊ ဘက်တီးရီးယားတွေကို ထိထိရောက်ရောက်တိုက်ဖျက်ပေးနိုင်ပါတယ်။ အရေပြားပြဿနာအမျိုးမျိုးအတွက် ပရန္နဝါရွက်ကို သုံးပေးလို့ရနိုင်ပါတယ်။
အသက်ရှုလမ်းကြောင်းကိုကျန်းမာစေနိုင်ပါတယ်
ပရန္နဝါရွက်က နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပြီး ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းတလျှောက်မှာ ဖြစ်တက်တဲ့ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။နှာခေါင်းပိတ်တာကိုသက်သာစေနိုင်ပါတယ်။ နှာခေါင်းပိတ်တာအပြင် ပန်းနာရင်ကျပ်ရောဂါကိုလည်းသက်သာစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းရောဂါတွေအတွက် ပရန္နဝါရွက်ကိုငရုတ်ကောင်း၊ ဂျင်းတို့နဲ့ရောစပ်ပြီးစားသုံးပေးလို့ရပါတယ်။
ကိုးကား- hellosayarwon.com
ဆက်စပ်ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from မထက်ယမင်းဦး
အားလုံး
ပဲပင်ပေါက်စားသုံးပေးရင် ရရှိနိုင်မယ့် အကျိုး (၆)မျိုး
06/10/2021
ပင်စိမ်းပင်၏ ကျန်းမာရေးအကျိုးကျေးဇူးများ
22/09/2021
ကြက်ဟင်းခါးသီးဖျော်ရည်မှ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
09/09/2021
ခရမ်းရောင်သမ်းတဲ့အသီးအနှံတွေကပေးတဲ့ ကျန်းမာရေးကောင်းကျိုး ၅ခု
17/12/2020
ကညွတ်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
22/10/2020