စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင်၌ နေ့စဉ်အလုပ်လုပ်ကိုင်နေရသူများသည် မြေဆီလွှာ၊ ရေ၊ တိရစ္ဆာန်များ၊ ဓာတုဗေဒ ပစ္စည်းများနှင့် နေ့စဉ်ထိတွေ့နေရသဖြင့် အရေပြားရောဂါဖြစ်ပွားနိုင်ခြေ အလွန်များပါသည်။ ၎င်းတို့တွင် အဖြစ်အများဆုံး အရေပြားရောဂါ (၃) မျိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ဓာတ်မတည့်ထိတွေ့အရေပြားရောင်ရမ်းခြင်း (Contact Dermatitis)
အဖြစ်များသော အရေပြားရောဂါတစ်မျိုး ဖြစ်ပါသည်။ လုပ်ငန်းခွင်သုံး ဓာတုပစ္စည်းများ သို့မဟုတ် အပင်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကြောင့် ဖြစ်ပွားသည်။
• အဓိကအကြောင်းအရင်း = ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ ဓာတ်မြေဩဇာများနှင့် အချို့သော အပင်အစေးများ (ဥပမာ - ရာဘာစေး၊ ကန်စွန်းနွယ်၊ အချို့သော မြက်ပင်များ) နှင့် ထိတွေ့ခြင်း။
• ရောဂါလက္ခဏာများ = ထိတွေ့မိသော အရေပြားနေရာတွင် နီရဲလာခြင်း၊ အလွန်အမင်း ယားယံခြင်း၊ အရည်ကြည်ဖုများထွက်ခြင်း၊ ကွဲအက်ခြင်းနှင့် ရောင်ရမ်းပူစပ်ခြင်း။
• ကာကွယ်ရန်နည်းလမ်း = ဓာတုဗေဒပစ္စည်းများနှင့် အပင်များကို ကိုင်တွယ်ချိန်တွင် ရေလုံသော လက်အိတ်၊ ဘွတ်ဖိနပ်နှင့် အကာအကွယ်အဝတ်အစားများကို ဝတ်ဆင်ရပါမည်။

၂။ အရေပြား မှိုစွဲရောဂါများ
တိရစ္ဆာန်မွေးမြူရေးလုပ်ကိုင်သူများနှင့် ရေစို၊ ရွှံ့နွံထဲတွင် အလုပ်လုပ်ရသူများ၌ အဖြစ်များသော ကူးစက်ရောဂါ ဖြစ်ပါသည်။
• အဓိကအကြောင်းအရင်း = Dermatophytes ဟုခေါ်သော မှိုပိုးများကြောင့် ဖြစ်သည်။ နွား၊ ဝက်၊ ဆိတ်၊ ကြက် စသည့် ကူးစက်ခံထားရသော တိရစ္ဆာန်များကို ကိုင်တွယ်ခြင်း သို့မဟုတ် စိုစွတ်သော ရွှံ့၊ မြေကြီး ထဲတွင် ကြာရှည်အလုပ်လုပ်ခြင်းတို့ကြောင့် ကူးစက်နိုင်သည်။
• ရောဂါလက္ခဏာများ = ပွေး၊ ညှင်းများ ဖြစ်ပေါ်တတ်သည်။ အရေပြားပေါ်တွင် အနားသတ်အနီဖြင့် အဝိုင်းအကွက်များ ဖြစ်လာခြင်းနှင့် ပြင်းထန်စွာ ယားယံခြင်းတို့ ဖြစ်တတ်သည်။
• ကာကွယ်ရန်နည်းလမ်း = တိရစ္ဆာန်များကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။ အလုပ်လုပ်ပြီးပါက ခြေလက်များကို ခြောက်သွေ့အောင် အမြန်ဆုံးသုတ်ပါ။ ရောဂါရှိသော တိရစ္ဆာန်များကို သီးသန့်ခွဲထားပြီး ကုသပါ။

၃။ ဘက်တီးရီးယားကြောင့် အရေပြားပိုးဝင်ခြင်း (Bacterial Skin Infections / Impetigo & Cellulitis)
လုပ်ငန်းခွင်အတွင်း ရရှိသော အသေးစားပွန်းပဲ့ဒဏ်ရာများမှတစ်ဆင့် ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်း ဖြစ်သည်။
• အဓိကအကြောင်းအရင်း = အလုပ်လုပ်ရင်း ဆူးစူးခြင်း၊ ဓားရှခြင်း၊ အပင်များနှင့် ခြစ်မိခြင်းတို့ကြောင့် ရရှိလာသော ဒဏ်ရာငယ်များကို စနစ်တကျ မကုသဘဲ ညစ်ပတ်သော မြေကြီး၊ ရေပုပ် သို့မဟုတ် တိရစ္ဆာန်အညစ်အကြေးများနှင့် ထိတွေ့မိရာမှ Staphylococcus သို့မဟုတ် Streptococcus ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်း။
• ရောဂါလက္ခဏာများ =ဒဏ်ရာတဝိုက် နီရဲ၊ ရောင်ရမ်းပြီး ပူနွေးနေခြင်း၊ ပြည်တည်ခြင်းနှင့် နာကျင်ခြင်း။ Cellulitis ဖြစ်ပါက ဖျားခြင်း၊ ချမ်းတုန်ခြင်းများပါ တွဲဖြစ်တတ်သည်။
• ကာကွယ်ရန်နည်းလမ်း = အသေးအဖွဲ ပွန်းပဲ့ဒဏ်ရာရလျှင်ပင် အလုပ်ခေတ္တရပ်၍ ဆပ်ပြာနှင့် ရေသန့်သန့်ဖြင့် ချက်ချင်းဆေးကြောပြီး သန့်ရှင်းသော ပလာစတာ သို့မဟုတ် သင့်လျော်သော အနာကာကွယ်ပစ္စည်းဖြင့် ဖုံးအုပ်ပေးပါ။ ဒဏ်ရာကို ဖုန်နှင့် အညစ်အကြေးများ မဝင်အောင် ကာကွယ်ပါ။

အထွေထွေ ကျန်းမာရေး သတိပေးချက်
အကယ်၍ အရေပြားတွင် အကွက်များထွက်ခြင်း၊ ပြည်တည်ခြင်း သို့မဟုတ် ဖျားနာခြင်းများ ရက်ရှည်ဖြစ်ပွားပါက မိမိသဘောဖြင့် ဆေးများကို စမ်းသပ်မသုံးစွဲဘဲ နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် ဆေးခန်းသို့ သွားရောက်ပြသ၍ ကုသမှုခံယူသင့်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Dr. Kyaw Phyo Lwin
လွန်ခဲ့သော ၁ ပတ် က@U Zin မင်္ဂလာပါ
U Zin
လွန်ခဲ့သော ၃ ပတ် က@Dr. Kyaw Phyo Lwin ဟလိုဆရာမင်္ဂလာပါဗျ
U Zin
လွန်ခဲ့သော ၃ ပတ် ကဝယ်ရင်လဲဘယ်မှာရမလဲ ကိုယ်တိုင်လုပ်ရင်ရောဘာတွေလိုအပ်မလဲဗျ
U Zin
လွန်ခဲ့သော ၃ ပတ် ကဝယ်ရမလားကိုယ်တိုင်လုပ်ရင်ရောရလား
U Zin
လွန်ခဲ့သော ၃ ပတ် က@Hsu Myat Noe ဟုတ်ကဲ့ဗျ
ဆက်စပ်ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 0 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 0 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Dr. Kyaw Phyo Lwin
အားလုံး
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026