အစားအစာဘေးကင်းရေးနှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ အဘယ်ကြောင့်အရေးကြီးသလဲ?
အစားအစာဘေးကင်းလုံခြုံရေးဆိုင်ရာ ဥပဒေစည်းမျဉ်းများသည် စားသုံးသူများ အားဖြစ်နိုင်ခြေရှိသော အစာအစာဆိုင်ရာ ဘေးဥပါဒ်များကို မဖြစ်ပေါ်စေရန်အကာအကွယ် ပြုပေးထားခြင်းဖြစ်၍ စားသုံးသူများ အတွက်ရော၊ အစာအစာ ထုတ်လုပ်သည့် လုပ်ငန်းများအတွက်ပါ အလွန်အရေးကြီးပါသည်။ အစားအစာဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများသည် စားသုံးသူ ၊ ထုတ်လုပ်သူများသာမက ကုန်ပစ္စည်းပေးသွင်းရောင်းချသူများ အတွက်ပါ လွှမ်းခြုံသက်ရောက်ပါသည်။ ယင်းလမ်းညွှန်ချက်များသည် လူတို့၏အသက် အန္တရာယ်အထိပါ ခြိမ်းခြောက်နိုင်သော အစားအစာဆိုင်ရာ ပြဿနာများ မဖြစ်ပွားစေရန် ဖြစ်သည်။ ထို့ပြင် ယင်းလိုက်နာရမည့် စည်းမျဥ်းများသည် အစားအစာထုတ်လုပ်သည့်လုပ်ငန်းများကို ဘေးအန္တရာယ်ကင်း၍စိတ်ချရသော အစားအစာများ ထုတ်လုပ်မှု သေချာစေ၍ ပြည်တွင်းရောပြည်ပသို့ပါ ရောင်းဝယ် ဖေါက်ကားနိုင်အောင်ကူညီသည်။ အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ ဥပေဒေနှင့် စဉ်းမျဥ်းများသည် စားသုံးသူများအား လှည့်ဖြားခြင်းနှင့် ဘေးအန္တရာယ်ဖြစ်စေသော အစားအစာဆိုင်ရာအလေ့အထများမှ အကာအကွယ် ပေးသည်။
နိုင်ငံတိုင်းတွင် နိုင်ငံသားတိုင်းဘေးကင်းလုံခြုံမှုမရှိသော အစားအစာများကြောင့်ဖြစ်ရသည့် နာမကျန်းဖြစ်မှုနှင့် ရောဂါဖြစ်ပွားမှုကို လျှော့ချ၊ ကာကွယ်နိုင်ရန် အမျိုးသားရေးအဆင့် အစားအသောက်ကွပ်ကဲရေး အစီအစဉ်များ ရှိကြပါသည်။ အမျိုးသား အစားအသောက် ကွပ်ကဲရေး အစီအစဉ်၏ အဓိကရည်ရွယ်ချက်များမှာ :
§ အစားအသောက်မှ သယ်ဆောင်လာသည့် နာမကျန်းမှုများ ဖြစ်နိုင်ချေကို လျှော့ချခြင်းဖြင့် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန်
§ စားသုံးသူများကို မသန့်ရှင်းသော၊ ကျန်းမာရေးအတွက်အကျိုးမပြုနိုင်သော၊ မှားယွင်းတံဆိပ်တပ်ထားသော အစားအစာများ ဝယ်ယူစားသုံးမိခြင်းမှ ကာကွယ်ပေးရန်
§ ပြည်တွင်းနှင့် နိုင်ငံတကာစားသောက်ကုန် ကုန်သွယ်ရေးအတွက် ဥပဒေပြဌာန်းချက်များ အခြေခံခိုင်မာမှု ပေးနိုင်ရန်နှင့် စားသုံးသူများမှ အစားအစာထုတ်လုပ်မှုစနစ်ကို ယုံကြည်မှုရှိရန် ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကျိုးဖြစ်ထွန်းစေရန် တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ကိုဒက်စ် ကော်မရှင်၏အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ကိုဒက်စ်ကော်မရှင် (Codex Alimentarius Commission) သည် စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာအဖွဲ့ကြီးနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးတို့မှ ပူးတွဲချမှတ်ထားသော အစားအသောက် ဆိုင်ရာ စံချိန်စံညွှန်း အစီအစဉ်များအားလုံးကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသည့်အဖွဲ့ကြီးဖြစ်သည်။ ကိုဒက်စ်ကော်မရှင်၏ ပြဌာန်းချက် များသည် မဖြစ်မနေလိုက်နာရမည့် ဥပဒေသများ မဟုတ်ပါ။ မိမိဆန္ဒအလျောက် လိုက်နာ ဆောင်ရွက်လိုပါက လိုက်နာနိုင်သည်။ သို့ရာတွင် အဖွဲ့ဝင်နိုင်ငံများမှ ဥပဒေသများပြဌာန်းသည့်အခါ ကိုဒက်စ်ကော်မရှင်၏ စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များကို ရည်ညွှန်းကိုးကား လေ့ရှိကြသည်။ (ဥပမာ ဓါတ်သတ္ထုအဆိပ်အတောက်များ၊ ပိုးသတ်ဆေးဓါတ်ကြွင်းများအတွက် အမြင့်ဆုံးဓါတ်ကြွင်းပမာဏ ကန့်သတ်ချက် များကို ကိုးကားကြသည်။)
မြန်မာနိုင်ငံတွင် အစားအစာဘေးကင်းလုံခြုံရေး ကိုထိမ်းချုပ်ကွပ်ကဲနေသည့်အဖွဲ့အစည်းများ
အစားအစာဘေးကင်းလုံခြုံရေးသည် အစားအစာထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တလျှောက်လုံးကို လွှမ်းခြုံမိရန် အလွန်အရေးကြီးသည်။ မြန်မာနိုင်ငံ၏ အစားအစာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တွင် တာဝန်ရှိသော အစိုးရဌာနများနှင့် အဖွဲ့အစည်းများနှင့် ၎င်းတို့၏ တာဝန်များ၊ ဆောင်ရွက်ချက်များကို အောက်ပါဇယားဖြင့် ဖေါ်ပါထားပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Win Ko Thu
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါဆရာ
ကြိုင်ကြိုင်ထွန်း
လွန်ခဲ့သော ၃ နှစ် ကရေနံချောင်းမြို့နယ်အတွင်းမိုးရွာနိုင်မဲ့အခြေအနေလေးသိပါရစေမိုးလိုနေလို့ပါဆရာ
Min Gaung
လွန်ခဲ့သော ၃ နှစ် ကဖျာပုံမြို့နယ်ကဧရာဝတီရဲ့အနောက်ဘက်ကမ်းရိုးတန်းထဲပါလားဆရာ
ဆက်စပ်ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026