ဧရာ၊ သံလွင်နဲ့ အာရှမြစ်ကြီး ၁၀ စင်း ကြုံလာရမယ့် ရေပြဿနာ
ရာသီဥတုဖောက်ပြန်မှုတွေကြောင့် အရေးပါတဲ့ ဟိန္ဒူကွတ်ရှ် - ဟိမဝန္တာတောင်တန်း ရေအရင်း အမြစ်တွေ ထိခိုက်ပျက်စီးရာကနေ မြန်မာအပါအဝင် အာရှ ၁၆ နိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ စွမ်းအင်ဖူလုံရေးတို့အပေါ် ခြိမ်းခြောက်လျက်ရှိနေကြောင်း၊ ဒေသရဲ့ မြစ်ရေစီးဆင်းမှုစနစ်တွေကို ကာကွယ်နိုင်ဖို့ စုပေါင်းအရေးယူဆောင်ရွက်မှု လိုအပ်လျက်ရှိနေကြောင်း သုတေသနပညာရှင်တွေက ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။

ဟိန္ဒူကွတ်ရှ်-ဟိမဝန္တာရေအရင်းအမြစ်ကနေ စီးဆင်းလာတဲ့ အာရှမြစ်ကြီး ၁၀ စင်းရဲ့ မြစ်ဝှမ်းဒေသတွေမှာ လူဦးရေ ၁ ဒသမ ၉ ဘီလျံ မှီတင်းနေထိုင်ကြပြီး တစ်နှစ်တာ ဂျီဒီပီတန်ဖိုး ဒေါ်လာ ၄ ဒသမ ၃ ထရီလီယံထိ ပံ့ပိုးပေးနေကြောင်း၊ ရေခဲမြစ်အရည်ပျော်ကျမှုနဲ့ ရာသီဥတုပြင်းထန်မှု စတာတွေက ၎င်းဒေသတွေအတွက် “စိုးရိမ်ဖွယ်ခြိမ်းခြောက်မှုကြီးတွေ” အဖြစ် ရှိနေပြီဖြစ်ကြောင်း China Water Risk ရေအရင်းအမြစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို မထိန်းချုပ်နိုင်ဘူးဆိုရင် ဒီမြစ်ကြီးတွေဟာ ရေအခက်အခဲ ပိုမိုဆိုးရွားစွာ ကြုံတွေ့လာရမှာဖြစ်ကြောင်း၊ ရေသုံးစွဲမှုမြင့်မားတဲ့ စွမ်းအင်စက်ရုံတွေ ထပ်မံတည်ဆောက်မှုကလည်း ပြဿနာကို ပိုတိုးလာစေကြောင်း သုတေသနပညာရှင်တွေက သတိပေးထားပါတယ်။
အဲဒီမြစ်ကြီး ၁၀ စင်းထဲမှာ အမူဒါရိယာ၊ ဗြဟ္မပုတ္တရ၊ ဂင်္ဂါ၊ အိန္ဒူ၊ ဧရာဝတီ၊ မဲခေါင်၊ သံလွင်၊ တာရင်၊ ယန်ဇီနဲ့ မြစ်ဝါမြစ်တို့ ပါဝင်တယ်။ ဒီမြစ်ကြီးတွေ ဖြတ်သန်းစီးဆင်းတဲ့ ၁၆ နိုင်ငံကတော့ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့ ဖြစ်ကြပါတယ်။
ဒီမြစ်တွေဟာ အဆိုပါ ၁၆ နိုင်ငံမှာ အသုံးပြုနေတဲ့ ရေအားလျှပ်စစ်ရဲ့ လေးပုံတစ်ပုံ၊ ကျောက် မီးသွေးသုံးဓာတ်အားထုတ်လုပ်မှုရဲ့ ၄၄ ရာခိုင်နှုန်းတို့ကို အထောက်အပံ့ပြုနေပါတယ်။
ဒီမြစ်ကြီး ၁၀ စင်းကနေ ထုတ်ယူနေတဲ့ လျှပ်စစ်စွမ်းအင်တွေဟာ အဓိကအားဖြင့် ရေကို အားပြုနေရတာကြောင့် စွမ်းအင်ပမာဏ ၈၆၅ ဂီဂါဝပ် (GW) အထိဟာ ရာသီဥတုပြောင်းလဲမှုဘေးဒဏ် ခံရလွယ်နေတယ်လို့ ဆိုပါတယ်။
ဂျပန်တစ်နိုင်ငံလုံးကို ဓာတ်အားပေးဖို့လုံလောက်တဲ့ပမာဏ ၃၀၀ ဂီဂါဝပ်ကျော် ထုတ်လုပ်မှုဟာ ရေအရင်းအမြစ်အန္တရာယ် ကြီးမားတဲ့ သို့မဟုတ် အလွန့်အလွန်ကြီးမားတဲ့ ဒေသတွေမှာ တည်ရှိနေတယ်လို့ သုတေသနပညာရှင်တွေက ဖော်ပြထားပါတယ်။
တရုတ်လူဦးရေ သုံးပုံတစ်ပုံဝန်းကျင် မှီတင်းနေထိုင်ရာ ယန်ဇီမြစ်ဝှမ်းဒေသဟာ ပြီးခဲ့တဲ့နှစ်က စံချိန်တင် မိုးခေါင်ခဲ့တာကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်မှု ကျဆင်းပြီး ကမ္ဘာ့ကုန်စည်စီးဆင်းမှုစနစ်ကိုပါ အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။
ဒီလို မိုးတာရှည်ခေါင်မှုကြောင့် တရုတ်အစိုးရက ကျောက်မီးသွေးသုံး ဓာတ်အားထုတ်စက်ရုံသစ်တွေကို ခွင့်ပြုပေးခဲ့ပြီး အနာဂတ်မှာ ရေအားလျှပ်စစ် ပြတ်တောက်ခဲ့ရင် ဖြေရှင်းနိုင်ဖို့ စီမံခဲ့ပါတယ်။ ဒါပေမဲ့ ဒီစက်ရုံတွေဟာလည်း ရေလိုအပ်တာကြောင့် တရုတ်၊ အိန္ဒိယမှာ အဆိုပါစက်ရုံတွေ ပိုများလာခြင်းဟာ ရေအခက်အခဲကို ထပ်တိုးဖြစ်ပေါ်စေပါလိမ့်မယ်။
ရာသီဥတုဖောက်ပြန်မှု တိုးလာနေတဲ့အတွက် ဒီနိုင်ငံတွေဟာ စွမ်းအင်နဲ့ ရေအခက်အခဲ ဖြေရှင်းနိုင်မယ့် မူဝါဒတွေ အဆောတလျင် ချမှတ်ဖို့ လိုအပ်နေကြောင်း သုတေသနပညာရှင်တွေက ပြောပါတယ်။
“စွမ်းအင် ဘယ်လိုထုတ်မလဲဆိုတာက ရေအရင်းအမြစ်အပေါ် အကျိုးသက်ရောက်နိုင်တယ်။ ရေမရှိရင် စွမ်းအင်ထုတ်လုပ်လို့မရဖြစ်မှာ ဆိုတော့ စွမ်းအင်ဖူလုံရေးဟာ ရေအရင်းအမြစ်အပေါ် မူတည်နေပါတယ်” လို့ ပညာရှင်တွေက ပြောပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Asia water, energy supplies at risk as climate woes mount - research - Reuters
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
Kyaw Myo Zaw
လွန်ခဲ့သော ၃ နှစ် က😔😔😔
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clethodim Ai ကို တင်သွင်းတဲ့ ကုမ္ပဏီ ရှိလား သိပါရစေခင်ဗျာ တကယ်လို့ရှိရင် ဈေးကွက်နာမည်နဲ့ဝယ်ယူနိုင်တဲ့လိပ်စာ သိပါရစေ
ဦးဇော်မျိုးထက် • ဖြေကြားချက် 0 ခု
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023