ခြောက်သွေ့ရာသီမှာ ဖားမွေးမြူခြင်းဟာ ထိုင်းအရှေ့မြောက်ပိုင်း အီဆန်တောင်သူများအတွက် တစ်နှစ်ကို ဘတ် ၁၀ သန်းကနေ သန်း ၂၀ အထိ ရရှိ
မကြာသေးခင်က ခြောက်သွေ့ရာသီအတွင်းမှာ ဖားမွေးမြူရေး လုပ်ကိုင်ခဲ့ကြတဲ့ Renu Nakhon ခရိုင်အတွင်းရှိ ရွာတစ်ရွာမှ ဒေသခံတွေအတွက်တော့ ဝင်ငွေအတော်လေး ကောင်းခဲ့ကြပါတယ်။
ဖားအရှင်တွေ ရေခဲရိုက်ထားတဲ့ဖားတွေနဲ့ ဖားလောင်းသားပေါက်တွေကို ရောင်းချမှုကနေ တောင်သူအသိုင်းအဝိုင်းအတွက် တစ်နှစ်ကို ဘတ် ၁၀ သန်းကနေ သန်း ၂၀ အထိ ရရှိခဲ့ကြတာပါ။
ခြောက်သွေ့ရာသီစပြီဆိုတာနဲ့ tambon Nakham ဒေသ Ban Nong Tae ကျေးရွာမှာရှိတဲ့ တောင်သူတွေဟာ ၎င်းတို့ရဲ့ ရိတ်သိမ်းပြီးတဲ့ လယ်ခင်းတွေကို ဖားမွေးမြူရေးကန်တွေအဖြစ် ပြောင်းလဲလိုက်ကြပါတယ်။ သူတို့ဟာ အီဆန်ဒေသအခေါ် luk huak (သို့မဟုတ်) ဖားလောင်းသားပေါက် တစ်ကီလိုဂရမ်ကို ဘတ် ၁၅၀ မှ ၂၀၀ နှုန်းထားနဲ့ စျေးကွက်အတွင်းမှာ ရောင်းချကြပါတယ်။
မကြာသေးမီကပဲ တောင်သူတွေဟာ ၎င်းတို့ရဲ့ မွေးမြူရေးဖားတွေကို အူလမ်းကြောင်း သန့်စင်ခြင်း၊ စနစ်တကျ ထုပ်ပိုးပြင်ဆင်ခြင်းနဲ့ အေးခဲအောင်ပြုလုပ်ခြင်း စတာတွေပြုလုပ်ပီး ထုတ်ကုန်တွေရဲ့တန်ဖိုးကို မြှင့်တင်ခဲ့ကြပါတယ်။ အေးခဲထားတဲ့ ဖားတွေကိုတော့ တစ်ကီလိုဂရမ် ဘတ် ၂၀၀ နဲ့ ရောင်းချကြပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ဖားမွေးမြူရေးလုပ်ငန်းကနေ Nong Tae ရွာမှ တောင်သူတွေအတွက် တစ်နှစ်လျှင် ဘတ်ငွေ ၁၀ သန်းမှ သန်း ၂၀ အထိ ရရှိခဲ့ကြောင်း Phaeng Yai ခရိုင်မှ အတွင်းရေးမှူး Sonthaya Faramee (၄၉ နှစ်) ရဲ့ ပြောကြားချက်အရ သိရပါတယ်။
တောင်သူတွေဟာ စပါးတွေကိုရိတ်သိမ်းပီးတာနဲ့ ၎င်းတို့ရဲ့ စပါးခင်းတွေကို အနက် ၃၀ စင်တီမီတာတူးပြီး ဖားမွေးမြူတဲ့ကန်တွေအဖြစ် ပြောင်းလဲလိုက်ကြပါတယ်။ အဲ့ဒီနောက် ကန်ထဲမှာ တစ်နှစ်သားအရွယ်ဖားတွေကို ထည့်သွင်းထားလိုက်ပြီး သားပေါက်ဖို့ရာ အချိန်စောင့်ကြပါတယ်။ ကန်တစ်ခုစီမှာတော့ ဖား အကောင်ရေ ၃၀၀ ခန့် လွှတ်ပြီး မွေးမြူကြတာ ဖြစ်ပါတယ်။
သားပေါက်တဲ့ကာလဟာ တစ်ညသာကြာမြင့်ပြီး အဲ့ဒီနောက် ဖားတွေကို ကန်တွေထဲကနေ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ နာရီ အနည်းငယ်ကြာပီးတဲ့နောက်မှာတော့ ဖားဥလေးတွေ ရေမျက်နှာပြင်ပေါ်မှာ ပေါ်လာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
လေးရက်ခန့်ကြာတဲ့အခါ ဥတွေကနေ ဖားသားလောင်းလေးတွေ ပေါက်လာမှာဖြစ်ပါတယ်။ ဖားသားလောင်းတွေကိုတော့ ငါးခူတွေကိုကျွေးတဲ့ အစာနဲ့ ကျွေးပီးမွေးမြူကြပါတယ်။ ဥကနေ အကောင်ပေါက်ပြီး ၂၀ ကနေ ၂၅ ရက်အတွင်းမှာတော့ ဖားတွေကို ရောင်းချဖို့ရာ အသင့်ဖြစ်ပါပြီ။
အခုလို စုပေါင်းလုပ်ကိုင်ကြတဲ့ ရပ်ရွာစီးပွားရေးလုပ်ငန်းမှာ ဖားမွေးမြူရောင်းချဖို့ရာ အသင်းဝင်ထားတဲ့ အိမ်ထောင်စုပေါင်း ၇၀ ခန့်ရှိကြောင်း Mr Sonthaya က ပြောပါတယ်။
Phaeng Yai ဒေသရဲ့ အဆိုပါစီးပွားရေးလုပ်ငန်းဟာ တောင်သူများအား ဖားမွေးမြူရောင်းချဖို့ရော စျေးကွက်အတွက်ပါ ကူညီပေးတာဖြစ်ပါတယ်။ အေးခဲထားတဲ့ ထုတ်ကုန်တွေကတော့ အချိန်ပိုကြာအောင် ထိန်းသိမ်းထားနိုင်ပြီး ပြည်ပကိုပါ တင်ပို့ရောင်းချနိုင်တာ ဖြစ်ပါတယ်။ အေးခဲထားတဲ့ ဖားတွေကိုတော့ တစ်ကီလို ဘတ် ၂၅၀၊ ဖားအရှင်တွေကိုတော့ ဘတ် ၁၀၀ နှုန်းထားနဲ့ ရောင်းချကြတယ်လို့ Mr Sonthaya က ပြောပါတယ်။
ဩစတေးလျနဲ့ စင်္ကာပူမှာရှိတဲ့ ဖောက်သည်တွေထံကနေ အော်ဒါမှာယူမှုအများအပြားရှိကြောင်း Mr Sonthaya က ပြောပါတယ်။
သက်တမ်း ၃ လခန့်ရှိတဲ့ ဖားတွေကို ပြုပြင်ဆေးကြာပြီးနောက် အေးခဲထားလိုက်တာ ဖြစ်ပါတယ်။ ၎င်းတို့ကိုတော့ တစ်ကီလို ဘတ် ၂၅၀ ပေးရပါတယ်လို့ ပြောပါတယ်။
ဖားတွေကိုတော့ ဆေးဖက်ဝင်ဟင်းခတ်အပင်တွေနဲ့ရော မျှစ်နဲ့ပါ ရောချက်ပြီးတော့မှ စားသုံးကြည့်နိုင်ပါတယ်။
စားသောက်ဆိုင်တွေမှာတော့ အဲ့ဒီဟင်းလျာတွေကို တစ်ပွဲလျှင် ဘတ် ၂၀၀ ကနေ ၃၀၀ နဲ့ ရောင်းချကြတယ်လို့ ဆိုပါတယ်။
Bangkok Post Website မှ မြန်မာဘာသာဖြင့် သင့်လျော်သလို ဘာသာပြန်ဆိုထားသော ဆောင်းပါးဖြစ်သည်။
Ref:
https://www.bangkokpost.com/thailand/general/3025481/frog-farming-a-dry-season-boon-for-isan-farmers#google_vignette
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
ဆက်စပ်ဆောင်းပါးများ
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 2 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026