မကွေးရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်အကောင်ရေ ရာနှင့်ချီ သေဆုံး
ကြက်မျိုးမမှန်ခြင်းနှင့် ရာသီဥတုဒဏ်ကို မခံနိုင်ခြင်းတို့ကြောင့် မကွေးမြို့နယ်အတွင်းရှိ စီပီ (CP) ကြက်မွေးမြူရေးခြံအချို့တွင် ကြက်အကောင်ရေ ရာနှင့်ချီ၍ သေဆုံးမှုများ ဖြစ်ပွားနေကြောင်း သိရသည်။
အရင်က ကြက်ခြံတစ်ခြံလျှင် ကြက်သေဆုံးနှုန်းမှာ အကောင်ရေ ၅၀ မှ ၁၀၀ ကြားခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင်မူ ခြံတစ်ခြံလျှင် ကြက်အကောင်ရေ ၅၀၀ ခန့်အထိ သေဆုံးမှုများ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
"ကြက်ပေါက်ဝယ်တဲ့နေရာမှာ သူတို့က ကြက်ကို အသေး၊ အလတ်၊ အကြီးဆိုပြီး ရောထည့်ပို့ပေးတော့ အခုနောက်ပိုင်း အသေအပျောက် ပိုများလာတယ်။ ရာသီဥတုကလည်း ပူလိုက်အေးလိုက် ဖြစ်နေတာရယ်အစားအစာပိုင်းဆိုင်ရာ အချက်တွေကြောင့်ရယ် အကောင်သေးနဲ့ အလတ်တွေက ဒဏ်မခံနိုင်တော့ဘဲ သေတာများလာတာ" ဟု မကွေးမြို့နယ်မှ ကြက်ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

အသားဈေးကွက်အတွင်းသို့ ရောင်းချရမည့် အရွယ်မတိုင်မီ ကြက်အသေအပျောက် များပြားလာသည့်အတွက် စီပီ (CP) ကြက်မွေးမြူရေး ခြံပိုင်ရှင်များမှာ အရှုံးများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
"ရှုံးတာပေါ့။ အကောင်ငယ်စဉ်မှာ သေတော့ ခြံပိုင်ရှင်တွေ တွက်ခြေမကိုက်ဘူး။ တစ်ကောင်သေရင် တစ်ကောင်တန်ဖိုး ငွေကြေးအရှုံးက သိသာတယ်။ အကောင်ပေါင်း ရာနဲ့ချီလာတော့ အရှုံးက ပိုများသွားတာပေါ့။ အခုကတော့ အမြတ်ဆိုလို့ ကြက်ချေးပဲ ကျန်တော့တယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကြက်မွေးမြူရေးခြံများတွင် ယခုကဲ့သို့ ကြက်သေဆုံးမှုများကြောင့် အရှုံးပေါ်ရသည့်အပြင်မွေးမြူရေးကုမ္ပဏီထုတ် အသင့်ကျွေး အစာဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ကြက်အရှင်ဖမ်းဈေး မကောင်းသည့် အခြေအနေများကြောင့်လည်း အကျိုးအမြတ်ရရှိမှု နည်းပါးနေကြောင်း သိရသည်။
လက်ရှိ မကွေးမြို့နယ်တွင် ကြက်အရှင်ရောင်းဈေးမှာ တစ်ပိဿာလျှင် ၁၂,၇၀၀ ကျပ် ဈေးပေါက်နေပြီး အရင်ရက်သတ္တပတ်ကထက်မူ ရာဂဏန်းခန့် ဈေးနှုန်းပြန်တက်လာကြောင်း သိရသည်။
မကွေးမြို့နယ်အတွင်းတွင် စီပီ (CP) ကြက်မွေးမြူရေးလုပ်ကိုင်သည့် ခြံပေါင်း ၁၅ ခြံခန့်ရှိပြီး ၎င်းတို့အနက် တစ်နိုင်တစ်ပိုင် မိသားစုစီးပွားရေးအဖြစ် မွေးမြူသူများ ပါဝင်သကဲ့သို့ ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကန်ထရိုက်စနစ်ဖြင့် မွေးမြူသူများလည်း ရှိကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်းမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မွေးမြူရေးလုပ်ငန်း အမျိုးအစားအလိုက် ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကြက်မွေးမြူရေး
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
07/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026