မြန်မာနိုင်ငံမှကော်ဖီစေ့ကို ဘာကြောင့်ဝယ်ယူသင့်သလဲ
မြန်မာ့ကုန်းမြေမြင့်တွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၁၃၀၀) ခန့် ရှိတဲ့ အပူလျော့ပိုင်းဒေသတွေမှာ တည်ရှိကြပါတယ်။ ကော်ဖီကို မိုးရာသီမှာ စိုက်ပျိုး၍ ခြောက်သွေ့ရာသီရောက်ရင်တော့ ရိတ်သိမ်းပြီး ကော်ဖီစေ့အဖြစ် ထုတ်လုပ်ကြပါတယ်။ ဒီလိုကောင်းမွန်တဲ့ သဘာဝအခြေအနေများကြောင့် ထိပ်တန်းအရည်အသွေးရှိ ကော်ဖီစေ့ကို ထုတ်လုပ်ရရှိကြပါတယ်။ ကော်ဖီကို အရည်အသွေးသတ်မှတ်တဲ့ အဖွဲ့အစည်းများရဲ့ စစ်တမ်းများအရ မြန်မာ့ကော်ဖီစေ့အများစုမှာ (၈၅) မှတ်ကျော်ရရှိတယ်လို့ သိရပါတယ်။
နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် ယခုအခါမှာတော့ မြန်မာ့ကော်ဖီဟာ တစ်ခေတ်ဆန်းသစ်လာပြီလည်း ဖြစ်ပါတယ်။ ကော်ဖီထုတ်လုပ်မှု တစ်ခေတ်ဆန်းလာပြီးနောက် ထောင်ပေါင်းများစွာသော ဆင်းရဲသားလယ်သမားတွေနဲ့ မိသားစုများဟာ နေထိုင်မှုဘဝတွေ အဆင်ပြေလာပြီး ဝင်ငွေတိုးပွားလာကြပါတယ်။ မြန်မာ့ကော်ဖီ ထုတ်လုပ်မှုလုပ်ငန်းအများစုမှာ လယ်သမားများ၊ အမျိုးသမီးများနဲ့ လူငယ်များလုပ်ကိုင်ကြတဲ့ အသေးစားလုပ်ငန်းများဖြစ်ကြပါတယ်။
မြန်မာနိုင်ငံရဲ့ ကော်ဖီထုတ်လုပ်မှုဟာ နည်းပါးပေမဲ့ အထူးတန်းဝင်သည့် ကော်ဖီစေ့များ ထုတ်လုပ်နိုင်တဲ့နိုင်ငံအဖြစ် အာရှတွင်ရပ်တည်နိုင်ရန် စိတ်အားထက်သန်လျှက်ရှိပါတယ်။
မြန်မာ့ကော်ဖီစေ့ ပြည်ပတင်ပို့မှုကဏ္ဍ
ကော်ဖီထုတ်လုပ်သည့် အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက ကော်ဖီစေ့ထုတ်လုပ်ရန် အဓိကလိုအပ်တဲ့ ကုန်းမြင့်ဒေသများနဲ့ မျှတသောအပူချိန် စသည့်သဘာဝအခြေခံကောင်းများ ပိုင်ဆိုင်ထားပါတယ်။ မြန်မာနိုင်ငံမှထုတ်လုပ်တဲ့ အထူးတန်းဝင်ကော်ဖီများက ကြွယ်ဝမျှတသော အနံ့အရသာပါဝင်မှုကြောင့် နိုင်ငံတကာပြိုင်ပွဲတွေမှာ အသိအမှတ်ပြုတာခံရပါတယ်။
ကော်ဖီထုတ်လုပ်မှုဟာ မြန်မာနိုင်ငံမှာ နှစ်စဉ်တိုးတက်လျှက်ရှိပြီး ကော်ဖီစိုက်ခင်းပေါင်း ဟက်တာ ၂၀၀၀၀ မှ ကော်ဖီစေ့တန်ချိန် ၇၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပါတယ်။
အထူးတန်းဝင်ကော်ဖီထုတ်လုပ်မှုမှာလည်း တန်ချိန် (၁၀၀၀) ခန့်ရှိပါတယ်။ မြောက်ပိုင်းကုန်းမြင့်ဒေသများမှာစိုက်ပျိုးတဲ့ ကော်ဖီများအနက် ၈၀ ရာခိုင်နှုန်းမှာ အာရေဗီးယား Arabia ကော်ဖီအမျိုးအစားဖြစ်ပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းမှာ ရိုဘမ်စ်တာ ကော်ဖီ (Robusta) ဖြစ်ပြီး တောင်ပိုင်းမြေနိမ့်ဒေသများတွင် စိုက်ပျိုးကြပါတယ်။ ၂၀၁၇ ခုနှစ်တွင် မြန်မာ့ကော်ဖီစေ့ တန်ချိန်ပေါင်း ၈၆၀၊ တန်ဖိုးအားဖြင့် ယူရို ၁.၂ သန်းကို ပြည်ပသို့ တင်ပို့ခဲ့ကြတယ်လို့သိရပါတယ်။
Source - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
pann
လွန်ခဲ့သော ၃ နှစ် ကကော်ဖီစေ့ကိုဘယ်မှာရောင်းရတာလဲရှင့်
Thomas
လွန်ခဲ့သော ၅ နှစ် ကကော်ဖီကို ဘယ်မှာရောင်းရတာလဲ
U Aung Ko Min
လွန်ခဲ့သော ၆ နှစ် ကနေ အရမ်းပူနေသည်
ဆက်စပ်မေးခွန်းများ
ပဲပတ်ပီး ဘယ်နှစ်ရက်လောက်ကြာရင် ဆေးဖြန်းရလည်းဗျ
Sa Paing Ko Ko Win • ဖြေကြားချက် 1 ခု
ဆရာရေ မိုးအရမ်းရွာပီဗျို့ 6 နာရီကနေ 6:30 ထိအတော် သည်းတာဆရာ အခု 7:30 မှာ မိုးထပ်ရွာတယ် မိုးစွေလောက်တယ်ဆရာ မိုးမရွာလို့ ဂရမ်းဖျန်းပီးပစ်ထားတာ တစ်ပတ်လောက်ရှိနေပီဆျာ
U Yan • ဖြေကြားချက် 1 ခု
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026