ခြံဘေးမှာ စင်လေးဆောက်ပြီး မျိုးစေ့ကြဲထားပါတယ်။ တစ်ရက်ပဲရှိပါသေးတယ်။ တစ်ခါမှမစိုက်ဖူးတော့ မြေပြင်တာတွေ ၊ မြေဩဇာကျွေးတာတွေ ဘာမှ လုပ်မထားပါဘူး။ အဲ့ဒါ ဘယ်လိုလုပ်ပေးရသေးလဲ ပြောပေးကြပါ ခင်ဗျာ
ရွှေဖရုံကတော့ အပင်ပေါက်လွယ်ပါတယ်။ ညီမတို့အိမ်စားဖို့စိုက်ထားတာလည်း ဘာမှမထည့်ပေးဘူး နွားချေးပုံဘေးမှာစိုက်ထားလိုက်တယ်။ အညွှန့်တွေလည်းကောင်းလို့ အသီးတေတောင်သီးနေပြီ။ တစ်နိုင်လေးစိုက်ထားတာဆိုရင်တော့ မြေသြဇာမထည့်ပေးလည်းရပါတယ်။ နွားချေးပုံဘေးမဟုတ်လည်း အပင်ပေါက်ကောင်းပါတယ်။ ပန်းပွင့်တဲ့အချိန်မျိုးမှာ အသီးအားကောင်းစေတဲ့ သဘာဝ အားဆေးတွေဖျန်းပေးလိုက်ပေါ့ သုံးချင်တယ်ဆိုရင်တော့ ကြက်ဥဂျူလင်စီပြုလုပ်နည်း ဒီအားဆေးက အသီးကိုလည်းအားပေးပါတယ်။ လုပ်နည်းကို စာတန်းကိုနှိပ်ပြီး လေ့လာပါရှင့်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ။ကျွန်တော်ကတော့ဖရုံစိုက်တောင်သူတစ်ယောက်ပါ။ဖရုံကအသီးတေကောင်းပေမဲ့ ပုတ်နေတယ်။မှိုကြောင့်လား.?ပိုး...
ဖြေကြားချက် 3 ခု
ဘယ်လိုစိုက်ရမလဲ
ဖြေကြားချက် 1 ခု
အကိုတို့ခဗျာ..ရွှေဖရုံစိုက်ထားတာ အပင်ကစင်ပေါ်ရောက်နေပြီ အညွှန့်ဖြတ်နည်းလေးပြောပြပေးပါ ပင်စည်ကတက်လာတဲ့ အညွှန့်...
ဖြေကြားချက် 2 ခု
ဖရုံသီးစိုက်ပီး ဘယ်အချိန် ဘယ်လိုလုပ်ရတယ်ဆိုတာ ပြောပြပေးပါလား
ဖြေကြားချက် 2 ခု
ဆောင်းဦးရာသီတွင်စိုက်နိုင်သည့်သီးနှံများသိလိုပါသည် မေမြို့ကပါခင်ဗျာ တပိုင်တနိုင်ပါ ကျေးဇူးပြု၍ဖြေကြားပေးစေလို...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။