ကြက်ဥဂျူလင်စီပြုလုပ်နည်း
သဘာဝအားဆေးတစ်မျိုးဖြစ်တဲ့ ကြက်ဥဂျူလင်စီကို ပါဝင်ပစ္စည်းသုံးမျိုးထဲနဲ့ပြုလုပ်ကြပါမယ်။
- ကြက်ဥ
- စိမ်းစားငပိ
- ဟင်းချိုမှုန့်
ကြက်ဥတစ်လုံးကို ပန်းကန်လုံးတစ်လုံးထဲ ဖောက်ထည့်ပြီးအခွံပါချေထည့်ပါ။ စိမ်းစားငပိ ဟင်းစားဇွန်း (၁) ဇွန်း၊ ဟင်းချိုမှုန့် (၁) ဇွန်းထည့်၍ နှံ့အောင်မွှေပါ။
မွှေပြီးသားများကို ရေ (၁) လီတာဗူးတစ်ဗူးမှာ တစ်ဇွန်းထည့်ပြီး ရေထည့်ပါ။ ကြက်ဥတစ်လုံးနှုန်းထားဆိုရင် ရေဗူး (၇) ဗူးလောက်ရတယ်လို့ သိရပါတယ်။
ရေအပြည့်ရောရမှာပါနော်။ နောက် နေပူထဲမှာထားပြီး နေ့စဉ် ဆေးဗူးကိုလှုပ်ပေးပါ။ နေရောင်ခြည်ရရှိမှုပေါ်မူတည်ပြီး ရက် (၃၀-၄၀) လောက်နေရင် အနီရောင်သို့ပြောင်းလဲပြီး ဆေးရည်အဖြစ်ပြောင်းလဲပြီး သုံးစွဲနိုင်ပါပြီ။

အနီရောင်ရှိတဲ့အဏုဇီဝအားဆေးဖြစ်တဲ့ ကြက်ဥဂျူလင်စီကိုဆိုရင် အပင်ကြီးထွားချိန်နဲ့ အသီးတင်ချိန်တွေမှာလည်းသုံးနိုင်ပါတယ်။ ကြက်ဥမှာ ကယ်လစီယမ်ဓာတ်ပါဝင်တဲ့အတွက် ပိုးမွှားရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ထိန်းချုပ်နိုင်ပါတယ်။
မြေကြီးကိုဆိုရင် ဆေးဖြန်းပုံး လီတာ၂၀ ကို ၂၀၀ စီစီ ထည့်ပါ။ အပင်အသီးအပွင့်တွက်ဆိုရင် ၂၀ လီတာကို ၂၀ စီစီထည့်ပါ။
မြေသြဇာပြုလုပ်တဲ့နေရာမှာလည်း ကြက်ဥဂျူလင်စီကိုထည့်သွင်းအသုံးပြုကြပါတယ်။
ပွားယူလိုလျှင်လည်း…
စတင်ဖျော်စပ်တဲ့အတိုင်း ကြက်ဥတစ်လုံး၊ ငပိ ဟင်းစားဇွန်း (၁) ဇွန်း၊ ဟင်းချိုမှုန့် (၁) ဇွန်းတို့ကို သမအောင်မွှေထားသောအရည်ကို (၁) လီတာမှာ (၁)ဇွန်းစီထည့်ပါ။
အသင့်ဆေးရည်ကို ၂၀၀ စီစီ ထည့်ပါ၊ ရေထည့်ပါ၊ နေ့စဉ်လှုပ်ပေးပြီး နေရောင်ထဲမှာ ၇ ရက်ထားပေးခြင်းဖြင့် အနီရောင်အဏုဇီဝအားဆေးရည်ကိုရရှိပါမည်။ ဒီလိုနည်းလမ်းကတော့ ဆေးရည်ထဲမှာရှိနေတဲ့ အဏုဇီဝပိုးများကို အားဆေးကျွေးပြီး ပြန်လည်ပွားယူခြင်းတစ်မျိုးပါပဲ။
- သဘာဝသီးနှံ facebook page မှ credit ပေး၍တင်ထားသော နည်းပညာအချက်များကို ပြန်လည်းကိုးကား၍ ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
အကြောင်းအရာ 2
သဘာဝအားဆေး ကြက်ဥဂျူလင်စီ
Ye Min Ko
လွန်ခဲ့သော ၄ နှစ် ကကွမ်းရွက်မှာရော ဖျန်းလို့ရလားဗျ
Zin Nwe Tun
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ
Chit Oo
လွန်ခဲ့သော ၄ နှစ် ကကြက်ဥကရိဲုးရိုးတေားကြက်ဥပဲလား
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကနောက်ဖျော်၇လီတာသို့တဘူး၂၀၀ccထည့်ပွားယူခြင်းပါ
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကပွားယူရာမှာ မူရင်းဆေးရည်သာရတာလား ပွားပြီးသားဆေးရည် ထက်ပွားလို့ရောရလား ဖြေပေးပါအုံး
ဆက်စပ်မေးခွန်းများ
အပင်ကြီးထွားမူကောင်းအောင်ဘာဆေးတြွေဖန်းရမလဲဘာေြမဆီတွေကျွေးရမလဲဗျ
,ရဲေကျာ် • ဖြေကြားချက် 1 ခု
နှစ်လသားအပင်ဖြစ်နှေးနေလို့ပါဘယ်တွေလိုအပ်ပါသလဲ
ဦးမိုက် • ဖြေကြားချက် 1 ခု
ယူရီးယားပေါင်၂၀ပိုတက်ပေါင်၂၀ဆိုရင်ပြည်နဲ့ချင်ရင်ဘယ်နှစ်ပြည်ရှိလဲခဗျ
kyaw zin • ဖြေကြားချက် 2 ခု
ပဲပုတ်ခင်းကအရွက်တွေဝါပြီးကြွေကျကုန်တာဘာရောဂါဖြစ်တာလဲဗျအရွက်မှာအစက်ပျောက်တွေစဖြစ်ပြီးဝါလာတာ
Wai Gyi • ဖြေကြားချက် 1 ခု
ငါးအမိုင်နိုဖျော်စပ်ထား၁နှစ်ကျော်နေပြီအရောင်ကငံပြာရည်ရောင်ဖြစ်နေပြီအသုံးပြုလို့ရသေးလားခဗျသုံးရသေးရင်၂၀လီတာကိုဘယ်လောက်ထည့်သင့်လဲခဗျာ
kyaw zin • ဖြေကြားချက် 6 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026