အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကျော်မင်း
လွန်ခဲ့သော ၄ နှစ် က · သာပေါင်း

မတ်ပဲ ပဲတီစိမ်းကို ပုလဲလက်ချားဆေးရည် အသုံးပြုပါကအထွက်နှုန်း အခြားဓာတုဆေးရည်များနှင့် မည်သို့ကွာခြားပုံကို အသုံးပြုဘူးရင်ပြောပြပါလား ခင်ဗျာ။

အပင်အာဟာရ ပဲတီစိမ်း

ဖြေကြားချက် ၃ ခု

ရန်နောင်စိုး
ရန်နောင်စိုး 9,446 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပုလဲလက်ချား လက်တွေ့အသုံးပြုထားသူပါဗျ၊သုံးထားတာ ၂နှစ်ရှိပါပြီ။ပန်းလှိုင်လှိုင်ပွင့်ချိန်မှစ၍ သီးတောင့်ရင့်မှည့်ချိန်ထိ ၁၀ ရက်ခြားတစ်ချိန်ဖျန်းပေးရင်ရပါပြီ။မြေပြင်ချိန်မှာတည်းက နွားချေးနဲ့ကျောက်မှုန့်ကို လုံလောက်စွာထည့်ပေးရင် ဘာမြေသြဇာနဲ့ အရွက်ဖျန်းအားဆေးမှကိုမလိုအပ်ပါဘူး။အစိုဓာတ်ရှိချိန်မှာဖျန်းပါ။ရေငတ်လုံးဝမခံပါနဲ့။N တွေ P တွေ K တွေ Ca တွေသုံးထားတဲ့အခင်းတွေနဲ့ အထွက်တန်းတူပေမို့ မိမိအတွက် ဓာတ်မြေသြဇာနဲ့ ရွက်ဖျန်းအားဆေးဖိုး အမြတ်ထွက်ပါတယ်ဗျာ...

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

နုန်းထားအချိုးမှန်မှန်ဖျန်းရင် .. ဓါတု​ဆေးဖျန်းသလို ​ကောင်းပါတယ်ဗျ။ လက်ချားလည်း ဘိုရွန်ဓါတ်ပါဘဲ။ နုန်းထားများရင်​တော့ toxicရှိတယ်။

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၄ နှစ် က

♥ ပဲမျိုးစုံ အတွက် အစေ့အဆန် ပြည့်ဝစေရန်နှင့် အပွင့်များကြွေကျခြင်းမှ ကာကွယ်ရန် ပန်းပွင့်ချိန်၌ ပုလဲ(N)နှင့် လက်ချား(B) သာမက အခြား P,K, Ca အဟာရဓာတ်များ ပိုမိုလိုအပ်၍ ဓာတုမြေဩဇာ၊ ရွက်ဖြန်း မြေဩဇာများ အသုံးပြုခြင်းကသာလျင် ပိုမို ထိရောက် မြန်ဆန်မှု ရှိပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်းအပင်အရွက်တွေဝါနေလို့ပါတစ်ချို့အခင်းတွေနွားရိတ်ကျွေးပြစ်ရတယ်ပိုးသတ်ဆေးဖျန်းတော့လည်းမရလို့ဘာဆေးသုံးရမလဲ...

ဖြေကြားချက် 4 ခု

airconမှန်လုံပါတဲ့50hp (or)60hpထွန်စက်လမ်းညွှန်ပေးပါအုံး

ဖြေကြားချက် 3 ခု

ပဲလိပ်ပျာ အပင်အသီး သီးခါမ္​ အပင်အ ြမစ်​ေတွ​ေဆွး ြပီး​ေသသွားတယ်ဗျ ဘာ​ေြကာင် လဲ

ဖြေကြားချက် 2 ခု

ခေတ်မီစက်မှုလယ်ယာအကြောင်းပါအမေရိကန်တို့ဥရောပတို့ဆိုစက်ကြီးတွေနဲ့ပဲလုပ်ပါတယ်ဧကရာကဏန်းကိုလုပ်သားတစ်ယောက်ပဲလိုပါ...

ဖြေကြားချက် 1 ခု

ပဲတီစိမ်းစိုက်ပျိုးရင်ဘာတွေလုပ်ရလဲဗျ အစကနေအဆုံးထိနည်းပြောပြပါအုံးဗျ စပါးပေါ်ပြီးရင်စိုက်ချင်လို့ပါ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။