အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ko T Kyuu
Ko T Kyuu 408
လွန်ခဲ့သော ၄ နှစ် က · ဒဂုံမြို့သစ်ဆိပ်ကမ်း

ပြ ပိုး အဖြူကောင်လေးတွေကို ဘယ်လို နှိမ်နင်းရင်ရပါသလဲ။ ဘာဆေး သုံးရင် အဆင်ပြေပါသလဲ။

ပိုးမွှားရောဂါ အိမ်တွင်းအလှစိုက်ပင်
4

ဖြေကြားချက် ၄ ခု

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၄ နှစ် က

အဖြူရောင်ဆိုလျင် ပျ မဟုတ်ပါဘူး ပိုးစေးနဲ ဖြစ်မှာပါ။ ပိုးစေးနှဲ(Mealy bug) အား မင်းသော်ကသစ်သား (၃) ကျပ်သားကို တောက်တောက်စင်း၍ ရေ (၁) လီတာဖြင့် တစ်နာရီကြာပြုတ်ပါ။ ပြုတ်ရည်ထဲသို့ ဆေးရွက်ကြီးစီးကရက် တစ်ဝက်စာရောထည့်ပြီး (၂၄) နာရီ စိမ်ထားပါ။ ထို့နောက်ပိတ်စိမ်းပါးဖြင့် စစ်ချ၍ ရရှိလာသော စစ်ကျရည်ကို ဆပ်ပြာမှုန့် (၆) ကျပ်သားနှင့် ရေ (၆) လီတာဖျော်စပ်ထားသော ဆပ်ပြာရည်ဖြင့် ထပ်မံရောစပ်ပါ။ အရက်ပျံအနည်းငယ်ထပ်မံ ရောစပ်ပြီး ပိုးစေးနှဲများ ကျရောက်နေသော အပင်များကို ပက်ဖျန်းပါ။ ရေ (၁ဝ) လီတာတွင် တမာဆီ (၁၀၀) မီလီလီတာနှုန်းထည့်ပြီး ပိုးစေးနှဲကျရောက်နေသော အပင်များကို ပက်ဖျန်းပါ။ လက်ဖက်ဆီဖြင့်ပြုလုပ်ထားသော ဆပ်ပြာတစ်ဆလျှင် ရေအဆ (၁၀၀) ရောစပ်သမကာ ပက်ဖျန်းပေးပါ။ ဖျက်ဆီးခံရသော အရွက်များ၊ အကိုင်းများနှင့် ပင်စည်များကို ကောက်ယူဖျက်ဆီးပါ။ အဆီဖိတ် (Acephate) ဒိုင်ကလိုဗော့စ် (Dichlorvos) (Acephate) ကလိုပိုင်ရီဖော့စ် (Chlorpyrifos) ဆိုက်ပါမက်သရင်း (Cypermethrin) လန်ဘ်ဒါဆိုင်ဟာလိုသရင် (Lambda-cyhalothrin) တို့အား အသုံးပြု နှိမ်နင်းနိူင်ပါသည်။

ရန်နောင်စိုး
ရန်နောင်စိုး 9,446 လွန်ခဲ့သော ၄ နှစ် က

ဆပ်ပြာရည် အရင်ဖျန်းပေးပြီး ဆေးခြောက်တဲ့အခါ အရပ်ပျံဖျန်းပေးလိုက်ပါ ရပါတယ်

ရန်နောင်စိုး
ရန်နောင်စိုး 9,446 လွန်ခဲ့သော ၄ နှစ် က

ပျပိုးမဖြစ်နိူင်ဘူးဗျ၊မီလီဂျပိုးလို့ခေါ်တဲ့ ပိုးစေးနှဲပဲ ဒီရာသီကအကျများပါတယ်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၄ နှစ် က

အိမ်အလှစိုက်ပင် အနည်းငယ်ဆိုရင် ပြာမှုန့်ကို ​ရေ​ဖျော်ပြီး အ​ပေါ်ယံ အရည်ကြည်နဲ့ ဖျန်းပါ။(ပြာရည် တဝက်၊​ရေတဝက် ​ရောဖျန်းပါ။) ပိုးများ/အအင်များရင် အဆီတာမီပရစ်(အဆက်-20) ကို ​ဆေးတပုံး တဇွန်းနုန်းဖျန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။