အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
မင်းမင်းအောင်
လွန်ခဲ့သော ၄ နှစ် က · ညောင်လေးပင်

ကျွန်တော့်လယ်မြေကချဉ်နေတယ်ထုံးကဈေးကြီးလို့ထုံးအစားသစ်သားပြာတစ်ဧကဘယ်လောက်နှုန်းထည့်ရမလဲ

မြေဆီလွှာ ပဲတီစိမ်း

ဖြေကြားချက် ၇ ခု

လရောင်
လရောင် 16,337 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ကျွန်တော်လယ်ထဲတော့တစ်ကြိုးကိုစက်ဖွဲပြာတစ်ကျင်ကားနှစ်စီးကိုဖြန့်ချပြီ18ဗန်းခွဲတယ်မြေစီးမြေကအဆင်ပြေတယ်သဲစပ်မြေစပ်ကျမြေကြပ်တယ်

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

တဧကကို ထုံး ၁တန် ထည့်ရပါသတဲ့။ ထုံးအစား ထိုးရင် ပြာကိုလည်း.၁တန်နုန်းထည့်နိုင်ပါတယ်။

ဆုမြတ်နိုး
ဆုမြတ်နိုး 193,303 လွန်ခဲ့သော ၄ နှစ် က

မြေချဉ်တာပျောက်အောင်လို့ ဆရာကြီး ဦးခင်မောင်လတ်ရဲ့ အတွေ့အကြုံအရ သစ်သားပြာထည့်လို့မရပါဘူးတဲ့ ထုံးပဲ ထည့်မှ မြေချဉ်ငန်ကိန်း ညီမျှမှာပါလို့ ဖြေပေးထားပါတယ်ရှင့်

ဉီးနိုင်စိုး
ဉီးနိုင်စိုး 814 လွန်ခဲ့သော ၄ နှစ် က

မြေချဉ်ငန်ညွန်းကိန်းသေချာစွာတိုင်းပါမြေချဉ်ပြီဆိုရင်တော့ထုံးတနှစ်ကိုပိဿာ200နှုံးနဲ့သုံးနှစ်ဆက်တိုက်ထည့်ရပါမယ်UREAကိုနည်းနည်းချင်းလျှော့ပြီးထည့်ပါပြီးရင် P. Kတို့ကိုအချိုးကျထည့်ပေးရင်အစဉ်ပြေပါတယ်

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၄ နှစ် က

pHအရင်တိုင်းကြည့်ပါ။ အချဥ်ငံကိန်းကိုကြည့်ပြီး ထုံး၊ကန့် စသည် ထည့်ရတာပါ။

Nyi Nyi Aung
Nyi Nyi Aung 116 လွန်ခဲ့သော ၄ နှစ် က

သဲမြေဆိုရင် ဘယ်ဟာကျဲရမလဲဗျ

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၄ နှစ် က

မြေချဉ်ရခြင်းမှာ Ca, Mg,Mbချို့တဲ့ပြီး P ချို့တဲ့ နိူင်ခြင်းကြောင့် ဖြစ်ရာ ထိုအဟာရများ ထည့်သွင်းရတာပါ။ သစ်သားပြာ ထည့်၍ မြေအချဉ်ဓာတ်ကို မပြောင်းလဲနိူင်ပါဘူး။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။