အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Zin Wai Hlyan Aung
လွန်ခဲ့သော ၃ နှစ် က · တိုက်ကြီး

စပါးပြီး ရိတ်ခြွေမြောင်းနက်လို့ ဒိုလာရိုက်ပြီး မြေခြောက်အောင်လှန်းပြီးတော့ ပဲကြဲ ရွှေဆင်နဲ့ဖိရင်အဆင်ပြေလားဗျ

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၅ ခု

Zin Wai Hlyan Aung
Zin Wai Hlyan Aung 348 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၃ နှစ် က

ရိတ်စက်ကြောင့်ဖြစ်ပေါ်သော မြောင်းအား ပြေရန်အတွက် ရိုတာ ဗေတာ မောင်းပြီး အခြောက်လှမ်းပြီး ရွှေဆင်နှင့် တန်းဖိ၍ အဆင်မပြေပါဘူး ရိုတာဗေတာမောင်းပါက အောက်ခံမြေ ပလ္လင်ခံနေပြီး အပင်ဖြစ်ထွန်းမှုအတွက် အခက်အခဲဖြစ်နိူင်၍ ထွန်စက်ဖြင့် ထွန်ပြန်ဝင်ရန် လိုအပ်ပါမည် ထွန်ဖြင့်မောင်းမှသာ ထွန် ကြာရွက် လင်ပန်းမှ အောက်ခံမြေသားအားထိုးခွဲပြီး ရိုတာဗေတာကြောင့် ဖြစ်ပေါ်နေသော ပလ္လင်ကို ပြောက်စေမှာပါ ထွန်မောင်းပြီးမှသာ ရွှေဆင်ဖိ၍ အဆင်ပြေပါလိမ့်မည်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က

ဒါဆိုရင်​တော့..ဒီတနည်းဘဲရှိတာပါ။ အတတ်နိုင်ဆုံး ​မြေမှုန်​အောင် လုပ်ပြီး ကြဲရမှာပါဘဲ။ မျိုး​စေ့​တွေ အရမ်းမနက်ဖို့နဲ့ ပိမ​နေဖို့အ​ရေးကြီးပါတယ်ဗျ။အဆင်​ပြေပါ​စေ

Zin Wai Hlyan Aung
Zin Wai Hlyan Aung 348 လွန်ခဲ့သော ၃ နှစ် က

ခုတ်ဖုံးလုပ်ဖို့ကျမမှီတော့လို့ မြေမာလာလို့

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က

အပင်​ပေါက်ဖို့ အစိုဓါတ်မီရင်​တော့ ​ကောင်း​လောက်ပါတယ်ဗျ။ အစိုဓါတ်များ​နေလို့ ​​ရေစပ်စပ်ရှိရင်/ပဲပက်ပြီး ခုတ်ဖုံးလုပ်လို့​ရော အဆင်မ​ပြေနိုင်ဘူးလားဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။