အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျော်ရှိန်း
လွန်ခဲ့သော ၃ နှစ် က · စစ်တွေ

ခရမ်းချဥ်ပင်တွေ အပွင့်တွေပွင့်နေပါပြီ။ အသီးတင်ရန် သားတက်ဖဲ့ပေးရတယ်လို့တော့ကြားဖူးပါတယ်။ သားတက်ဖဲ့တယ်ဆိုတာ ကိုင်းများဖြတ်ပေးတာကိုဆိုလိုပါသလား။ ကျွန်တော်တို့လို့ စတင်လေ့လာ၍ တစ်ပိုင်တစ်နိုင်လုပ်ဆောင်နေသူများ နားလည်အောင်လမ်းညွှန်ပေးပါဆရာဒို့ဦးလေးခင်ဗျာ။

စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

ကျော်လင်း သိုက်
ကျော်လင်း သိုက် 466 လွန်ခဲ့သော ၃ နှစ် က

yr@

ကျော်ရှိန်း
ကျော်ရှိန်း 1,234 လွန်ခဲ့သော ၃ နှစ် က

သဘောပေါက်ပါပြီဆရာ။ ခုလိုနားလည်အောင်ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၃ နှစ် က

သားတက်ဖဲ့သည် ဆိုသည်မှာ ကိုင်းများ ဖြတ်ပေးခြင်းမဟုတ်ဘဲ အသီးသီးရန် လိုအပ်သည့် ကိုင်းထက်ပိုလာနိူင်သည့် သားတက်(ကိုင်းလောင်း) ကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။ ခရမ်းချဉ်စိုက်သူများသည် ဂွကိုင်းမှစ၍ သီးကိုင်းအား ဆ တိုး (၁,၂,၄,၈)ယူကြရာ ပိုသည့် သားတက်ကိုင်းကို ပယ်ကြခြင်း ဖြစ်ပါတယ်

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,591 လွန်ခဲ့သော ၃ နှစ် က
ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,591 လွန်ခဲ့သော ၃ နှစ် က

သားတက်ဖဲ့တယ်ဆိုတာ.. မလိုအပ်တဲ့ ကိုင်း​တွေကို ပယ်တာပါ။ အားလုံးမပယ်ရပါဘူး။ အလွယ်မှတ်မယ်ဆိုရင်... -ပထမဆုံး ထွက်တဲ့ သီးပွင့်ကိုင်းရဲ့​အောက်က.. အတက်​တွေ ဖဲ့​ပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မြေချဥ်ငန် ph ဘယ်လောက်ဆိုရင် အပင်ပေါက်နိုင်လည်း

ဖြေကြားချက် 3 ခု

ခရမ်းချဥ်သီးမျိုးစေ့ကို အုန်းရည်စိမ်ပြီးစိုက်ရင် ပိုကောင်းတယ်ပြောတယ် ဘယ်နှစ်ရက် စိမ်ရမှာလဲ

ဖြေကြားချက် 3 ခု

ရေဘဝဲခရမ်းချဥ်သီးကို နှင်းကာအောင် နေကာအောင် လို့ san shade လေး ကာထးလိုက်တယ် အကျိုးရှိလား ကွတ်ခိုင်ဒေသပါ

ဖြေကြားချက် 1 ခု

ရေဘဝဲခရမ်းချဥ်သီး ပင်ကို ပိုမြင့်အောင် အပင်ကြီးလာအောင် ဆိုပြီးအကိုင်းအခတ်ကို လက်သည်းနဲ့ဆိတ်ဖြတ်လိုက်တယ် အပင်၏...

ဖြေကြားချက် 7 ခု

ရေဘဝဲ ခရမ်းချဥ်သီးကို အပင်ပိုမြင့်လာအောင် အပင်အကိုင်းအခတ်ကို လက်သည်းနဲ့ဆိတ်ဖြတ်လိုက်တယ် အပင်အစာချက်မှုကို ထိ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။