အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောင်ရဲကျော်
လွန်ခဲ့သော ၃ နှစ် က · ကဝ

မေးခွင့်ပြုပါခင်ဗျာ အပင်လေးတွေက ကြားပေါက်ဝါနေလို့ ဘာရောဂါဖြစ်တာလဲခင်ဗျာ အခြားအပင်တွေကိုရောကူးစက်နိုင်လားခင်ဗျာ ဘယ်လိုကြိုတင်ကာကွယ်ရမလဲအကြံပြုပေးပါဦးဆရာခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၇ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
စိုက်ပျိုး ဗဟုသုတ ပဲတီစိမ်း ပဲတီစိမ်း ယင်ဖြူ
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

အောင်ရဲကျော်
အောင်ရဲကျော် 1,401 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ပါခင်ဗျ အပင်တွေလည်းနူတ်ပီး ဆေးလည်းထပ်ဖျန်းပါ့မယ်ခင်ဗျ

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,563 လွန်ခဲ့သော ၃ နှစ် က

အဝါရောင်မိုစိတ်(Virus)ရောဂါဖြစ်ပြီး ကူးဆက်နိူင်ပါတယ်။ ပျ၊ လှေး၊ ယင်ဖြူ စသော စုတ်စားပိုးများမှ ကူးဆက်နိူင်ပါတယ်။ အခြားပိုးများအား ကာကွယ်နှိမ်နင်းမှု ပြုနိူင်ပေမဲ့ ယင်ဖြူအား ကာကွယ်နှိမ်နင်းမှု ပြုခြင်းက စိတ်ကူးယဉ်ခြင်းဖြစ်ပြီး နေစဉ်ဆေးဖြန်းနေလျင်ပင် မနိူင်ပါဘူး။ ကုရာနတ္ထိဆေးမရှိ၍ အကောင်းဆုံးကတော့ ရောဂါခံနိူင်ရည် ရှိသည့်မျိုးစိုက်ပါ။

Aung Ye Zaw
Aung Ye Zaw 825 လွန်ခဲ့သော ၃ နှစ် က

ထိသေ စားသေ ပိုးသတ်ဆေးအမျိုးအစားသုံးကြည့်ပါ Organic ကြိုက်ရင်တော့ Organic နဲ့လုပ်ပါ

အောင်ရဲကျော်
အောင်ရဲကျော် 1,401 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ပါဆရာကြီး ကျေးဇူးပါခင်ဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,114 လွန်ခဲ့သော ၃ နှစ် က

ယင်ဖြူမှတဆင့် ကူးနိုင်ပါတယ်။ ယင်ဖြူကာကွယ်​ဆေးဖျန်းပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။