ဖြေကြားချက် ၅ ခု
ပိုးသတ်ဆေးဖျန်းလျှင် နှာခေါင်းစီးမက် ခြေအိတ် လက်အိတ် စသည်တို့နှင့် အရေပြားမထိအောင်လုံခြုံစွာဝတ်ပြီးမှ ဖျန်းသင့်ပါသည် ကျန်းမာရေးအတွက် အန္တရာယ်များသောကြောင့် အကြံပြုပါသည်
ပေါင်းသတ်ဆေးဆိုတာက ကိုယ့်စိုက်ခင်းထဲက မလိုချင်တာတွေကို သတ်ပေးတဲ့ ဓာတုဆေးပါ ပိုးသတ်ဆေးဆိုတာက အပင်တွေမှာ ကျရောက်လာတဲ့ပိုးကောင်တွေကို ဖျန်းပေးရတဲ့ဆေးပါ အမျိုးအစားမတူလို့ သုံးလို့မရပါ။ ပိုးဆိုလည်း အကောင်မြင်တိုင်း သီးနှံတွေကို ဖျက်စီးပစ်မယ်လို့သတ်မှတ်လို့မရပါဘူး မိတ်ဆွေပိုးနဲ့ ဖျက်ပိုးဆိုပြီး ၂ မျိုးရှိပါတယ်။ စိုက်ပျိုးရေးရာ ဗဟုသုတတွေ ကို အစိမ်းရောင်လမ်းဆော့ဝဲမှာပဲ ဝင်ရောက်လေ့လာကြည့်ပါနော်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငရုတ်ပျိုးပင်ကို မြေဆီကျွေးချင်လို့ဗျ 4ရွက်6ရွက်ဆိုရင်ကျွေးလို့ရလားဗျ
ဖြေကြားချက် 3 ခု
ငရုတ်ပွခင်း နှစ်လသား ပန်းစပွင့်ချိန်မှာ ဂျစ်ပဆန်ကျောက်မှုန့် သုံးလို့ရပါသလား
ဖြေကြားချက် 2 ခု
ငရုတ်ပွစိုက်ခင်း ပန်းစပွင့်ချိန် ၄ဂါလံဝင်ဆေးဖျန်းပုံးတစ်ပုံးမှာ ဆားခါးကို ထမင်းစားဇွန်းနဲ့ ဘယ်လောက်ထည့်သင့်ပါသ...
ဖြေကြားချက် 3 ခု
ကျောက်မှုန့်ကို အပင်မစိုက်ခင် ဘယ်နှစ်ရက်ကြိုထည့်သင့်လဲ မထွန်ယက်ပဲနဲ့ စိုက်မဲ့ကျင်းထဲ ကြိုထည့်ရင်ရောရလား တခြား...
ဖြေကြားချက် 2 ခု
ငရုပ်ပင်ကို မနက်ပိုင်း အားဆေးဖြန်းပြီး ညနေပိုင်း ပိုးသက်ဆေးဖြန်းရင် ရလားခမျာ အကျိုး အပစ်ရှိရင်သိပါ့ရစေ
ဖြေကြားချက် 4 ခု