အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သက်နိုင်
လွန်ခဲ့သော ၃ နှစ် က · ရေနံချောင်း

ဇီးစေ့အပင်ဖောကနည်လေးသိချင်တာပါဗျာ တစ်ကယ်စိုက်ချင်လို့ပါ ကျေးဇူးပြု၍ဖြေပေးစေလိုပါတယ်

စိုက်ပျိုး ရေ ဆီးသီး

ဖြေကြားချက် ၃ ခု

U Thet Lwin
U Thet Lwin အတည်ပြုပြီး 167,506 လွန်ခဲ့သော ၃ နှစ် က

အကောင်းဆုံးကတော့ ဇီးဆန်(ဆီးခွဲစက်များမှ ကြိတ်ခွဲသည့် အဆန်) အားဝယ်ယူပြီး ပျိုးဘောင်၊ ပျိုးအိတ်များ တွင် အစေ့ဆန်အား တိုက်ရိုက်ထည့်သွင်း ပျိုးထောင်ပါက အမြန်ဆုံးဖြစ်ပါတယ်။ ထိုပျိုးပင်နှင့် ကိုင်းဆက်မျိုးပွား၍ စိုက်ပျိုးနိူင်ပါတယ်။

သက်နိုင်
သက်နိုင် 232 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ စီးပွားရေးဒီရေအလားတိုးပွားပါစေခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ နှစ် က

အ​စေ့ကို တည​ရေစိမ်ပြီး ပျိုးအိတ်ထဲ/ပျိုးဘန်းထဲ စိုက်၊​ရေအမြဲ စိုစွတ်​လောင်း​ပေးရင်လည်း ရပါတယ်။ ပို မြန်​စေချင်ရင်​တော့.. ဇီး​စေ့တ​စေ့ချင်းကို တူနဲ့ အသာထုပြီး အထဲက အဆံ​တွေယူပါ။ ပြီးရင်.​ရေစိမ်ပြီး ပျိုးပိတ်မှာထည့်ပြီး စိုက်ပါ။ ၇-၁၀ရက် ကြာရင် အ​ညောင့်ထွက်လာပါလိမ့်မယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။