ဖြေကြားချက် ၄ ခု
နှမ်းရက်သားအရွယ်မှာ နှမ်းပင် ကိုက်စားပိုးအဓိက ကျရောက်တတ်ပါတယ်။ အသုံးပြုသင့်သည့် ပိုးသတ်ဆေးများ ကိုက်စားပိုးအတွက်ဆိုရင် ထိသေ/စားသေအာနိသင်ရှိသောဆေး: ဖစ်ပရိုနေး (Fipronil) သို့မဟုတ် ဆိုင်ပါမီသရင် (Cypermethrin)။ (ပင်ဖြတ်ပိုးနဲ့ ကိုက်စားပိုးတွေအတွက် သင့်တော်ပါတယ်)။ စုပ်စားပိုးအတွက်ဆိုရင် ပင်လုံးပြန့်အာနိသင်ရှိသောဆေး: အီမီဒါကလိုပရစ် (Imidacloprid) သို့မဟုတ်အဆီဖိတ်( Acephate ) စုပ်စားပိုး၊ကိုက်စားပိုးမခွဲခြားနိုင်ရင် ပင်လုံးပျံ့အာနိသင်ရှိ ပိုးသတ်ဆေးအသုံးပြုပါ။ ၂။ သတိပြုရန် အချက်များ ဆေးနှုန်းထား: အပင်နုသေးတဲ့အတွက် ဆေးဗူးပါ လမ်းညွှန်ချက်ထက် ပိုမသုံးမိဖို့ အရေးကြီးပါတယ်။ ဆေးပြင်းသွားရင် အပင်လောင်နိုင်ပါတယ်။ ဖျန်းရမည့်အချိန်: နေပြင်းချိန်ကိုရှောင်ပြီး ညနေစောင်း အချိန်မှာ ဖျန်းပေးတာက အပင်အတွက် ပိုစိတ်ချရသလို ပိုးကောင်တွေကိုလည်း ပိုထိရောက်စေပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စမုန်နက်အကြောင်းလေး သိပါရစေဆရာ ဈေးကွက်ထဲမှာ သူ့ေစျးကိုမှီတဲ့ဟာမရှိတဲ့အတွက် တောင်သူများလည်း ပိုပြီး ကျယ်ကျယ်...
ဖြေကြားချက် 3 ခု
နှမ်းခင်းမှာ နွားကျင်ငယ်ရေကို အပင်ငယ်ကနေ အပွင့်အသီးရင့်မှည့်ချိန်ထိ ပတ်ဖျန်းချင်ပါတယ် အပွင့်အသီးအတွက် ဘေးထွက်...
ဖြေကြားချက် 1 ခု
ဆီမုန်လာပင်ကို English လို ဘယ်လိုခေါ်ပါသလဲ?။
ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျ နှမ်းပင် 15 ရက်သားမှာ ရွေးချယ်ပေါင်းသတ်ဆေး Quizalofop p ethy ကို စွဲကပ်ပျံ့နှံ့ဆေးနဲ့ရောပီး ဒီမ...
ဖြေကြားချက် 1 ခု
ကျနော် ၁၆ရက်သား နှမ်းခင်းလေး ပိုးကျနေလို့ ဘာဆေးဖျန်းရမလဲ ပြောပြပေးပါအုန်းဗျ
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ