အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
523
လွန်ခဲ့သော ၅ လ က · စစ်ကိုင်း

အစိမ်းရောင်လမ်း မှစိုက်ပျိုးရေးပညာရှင်များခင်ဗျ ကျွန်တော်တို့ကျေးရွာက ဆောင်းသီးနှံအဖြစ်ဂျုံ ကုလားပဲကိုဘဲအဓိက...

အစိမ်းရောင်လမ်း မှစိုက်ပျိုးရေးပညာရှင်များခင်ဗျ ကျွန်တော်တို့ကျေးရွာက ဆောင်းသီးနှံအဖြစ်ဂျုံ ကုလားပဲကိုဘဲအဓိကထားစိုက်ပျိုးကြတာများပါတယ် ပွဲစားကုန်စည်ဒိုင်မှာအမည်ပေါက်နေတဲ့ ဆားတောင်ဂျုံဆိုတာ ၉၀ရါခိုင်နုန်းလောက်ကကျွန်တော်တို့ရွာကထွက်တာပါ ဂျုံစိုက်ဧက၃မျိုးလောက်ရှိပါတယ် ကုန်းတောမြေရယ် ရေဝင်အင်းရယ် မိုးရွာတဲ့အခါရွာရေဝင်တဲ့အခင်းတွေရယ်ဆိုပြိး၃မျိုးလောက်ရှိပါတယ် ကုန်းတောမြေကစောစောစိုက်ရတော့အထွက်နုန်းတည်ငြိမ်ပါတယ်ပြသနာသိပ်မရှိပါဘူး နွားချေးချနိုင်တဲ့နှစ်ဆိုရင်ပိုလို့တောင်အထွက်ကောင်းပါသေးတယ် အထွက်နှုန်းမငြိမ်တာကအင်းပါဂျုံရိတ်ပြီးကဆုန် နယုန်မှာမနားရပါဘူးနှမ်း မြေပဲ အတွက်ကုန်းတောတွေအခြောက်ထယ်ရေးဝင်ပါပြီအဲဒီအချိန်အင်းထဲကိုဘယ်တောင်သူမှနွားချေးချဘို့စိတ်မဝင်စားပါဘူးတစ်နှစ်ပတ်လုံးစာရတဲ့နွားချေးဟာစိစိငှငှချမယ်ဆိုရင်၃ဧကစာလောက်ဘဲရပါတယ် အင်းမှာစိုက်တဲ့ဂျုံကိုတော့ရေ၂ကြိမ်သွင်းပါတယ်ချောင်းနားနီးတဲ့အကွက်တွေကချောင်းရေတင်ပါတယ်ချောင်းနဲ့မနီးတဲ့အခင်းတွေကငါးပေါက်တွင်းရေသွင်းပါတယ်ရေငန်တွင်းတွေဘဲများပါတယ် ဘယ်သီးနှံတွေရေချိုဘယ်လောက်ကြိုက်ကြိုက်ဂျုံကတော့ရေငန်ကြိုက်ပါတယ်ရေချိုသွင်းထားတဲ့အခင်းနဲ့ရေငန်သွင်းထားတဲ့အခင်း အရောင်အသွေးနဲ့အထွက်နုန်းကွာပါတယ် ရွာရေဝင်တဲ့အခင်းတွေကျတော့အပင်ဖြစ်ထွန်းမှုကောင်းပြီးအထွက်မကောင်းပါဘူး အင်းအစပ်ကရေအတက်ကျမမှန်တဲ့အခင်းတွေကျတော့အပင်ဖြစ်ထွန်းမှုအားနည်ပြီးအထွက်ကျတော့ကောင်းသွားပြန်ရောဒါပေမဲ့မြေကိုတော့ထွန်ထယ်ရတာအရမ်းခက်ခဲသွားပြန်ပါတယ် အရင်၁၅နှစ်လောက်ကကျွန်တော်တို့ရွာကဘယဆေးသုံးတဲ့ယမ်းဆားဆိုတာထွက်ပါတယ်မြေကြိးမှာပေါက်နေတဲ့ယမ်းကိုတံမျက်စည်းနဲ့လှည်းပြီးထင်းမီးနဲ့ချက်တာပါ၁၉၉၀ပြည့်လောက်ကစိုက်ပျိုးရေးကုပဏီတစ်ခုကလာသီမ်းဘူးတယ်လို့ရှေးလူကြီးတွေပြောစကားကြားဘူးပါတယ် ဆရာတို့အမြင်မှာရော ရေ မြေတွေကအထွက်နုန်းတွေနဲ့ဘယ်လိုပတ်သတ်မှုတွေရှိနိုင်မလဲဖြေကြားပေးခဲ့ကြပါအုံး

အပင်အာဟာရ ဂျုံ
Post image

ဖြေကြားချက် ၂ ခု

348,307 လွန်ခဲ့သော ၅ လ က
ဤအဖြေဖြင့် ပြေလည်

"ဆားတောင်ဂျုံ" ဆိုတာ နာမည်ကျော်ရုံတင်မကဘူး၊ အပင်ရဲ့ သဘာဝနဲ့ မြေဆီလွှာဆက်စပ်မှုကို ပညာရပ်အရ ကြည့်ရင်လည်း အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ တောင်သူကြီးပြောပြတဲ့ အချက်တွေအပေါ် မူတည်ပြီး ကျွန်တော့်အမြင်လေးကို မျှဝေပေးပါရစေ။ ၁။ ဂျုံနဲ့ ရေငန်/ယမ်းဆားမြေ ဆက်စပ်မှု ဂျုံဟာ တခြားသီးနှံတွေထက် အငန်ဓာတ် (Salinity) ကို ပိုခံနိုင်ရည်ရှိသလို၊ အငန်ဓာတ်ရှိတဲ့မြေမှာပါတဲ့ ပိုတက်စီယမ် (Potassium) ဓာတ်ကို ကောင်းကောင်းစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ရေငန်သွင်းတဲ့အခါ အစေ့အဆန်က ပိုတင်းပြီး အရောင်အသွေးက ဝင်းပလာတာပါ။ "ရေငန်မှ ဂျုံလှ" ဆိုတာ ပညာရပ်အရကြည့်ရင် အစေ့အဆန် အလေးချိန် (Test Weight) ပိုတက်လာတာကို ဆိုလိုတာပါ။ ၂။ အင်းထဲက ဂျုံ ဘာလို့အထွက်မငြိမ်တာလဲ? ရွာရေဝင်တဲ့ အင်းမြေတွေမှာ အပင်က အရမ်းသန်ပြီး အထွက်မလိုက်တာဟာ "နိုက်ထရိုဂျင် လွန်ကဲမှု" ကြောင့်ပါ။ ရေနဲ့အတူ မျောပါလာတဲ့ အာဟာရတွေကြောင့် အပင်က အပေါ်ပိုင်းပဲ အားထည့်ကြီးထွားပြီး (Vegetative Growth)၊ အစေ့အဆန်အောင်ဖို့ (Reproductive Growth) အတွက် အင်အားမကျန်တော့တာမျိုး ဖြစ်တတ်ပါတယ်။ အင်းအစပ်တွေမှာ အပင်သိပ်မသန်ဘဲ အထွက်ကောင်းတာကတော့ အပင်က Stress (ဖိအား) ရတဲ့အတွက် မျိုးဆက်ပြန့်ပွားဖို့ (အစေ့အောင်ဖို့) ကိုပဲ အာရုံစိုက်လိုက်တဲ့ သဘောပါပဲ။ ၃။ နွားချေးနဲ့ မြေဆီလွှာ ပြဿနာ နွားချေး မလောက်ငတဲ့အတွက် အင်းမြေတွေမှာ မြေကျပ်လာပြီး ထွန်ရက်ရခက်တာဟာ သဘာဝပါ။ နွားချေးအစား မိုးဦးကာလမှာ ပိုက်ဆံလျှော် (Green Manure) လိုမျိုး သစ်စိမ်းမြေသြဇာ တစ်လှည့်စိုက်ပြီး မြေထဲပြန်မြှုပ်ပေးနိုင်ရင် မြေသားပြန်ပွလာနိုင်ပါတယ်။ နောက်ပြီး ယမ်းဆားမြေတွေမှာ မြေမကျပ်အောင် ဂျစ်ဆမ် (Gypsum) မှုန့်လေးတွေ သုံးပေးရင် ထွန်ရက်ရတာ ပိုလွယ်ကူလာပါလိမ့်မယ်။ မိမိတို့ဒေသရဲ့ ထူးခြားတဲ့ မြေဆီလွှာဂုဏ်သတ္တိကို နည်းစနစ်တကျ အသုံးချနိုင်ရင် "ဆားတောင်ဂျုံ" ရဲ့ အရည်အသွေးကို ပိုပြီးတော့တောင် မြှင့်တင်နိုင်မှာ သေချာပါတယ်ဗျာ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၅ လ က

မေးခွန်းကို အတိုချုပ်ရင်၊သီးနှံအထွက်နုန်းတွေက၊ရေ၊မြေနဲ့ ဘယ်လို ဆက်စပ်နေပါသလဲ?။လို့သိချင်တာဖြစ်ပါလိမ့်မယ်။ ဆောင်းသီးနှံ ဂျုံစိုက်ရာမှာ၊အစိုဓာတ်များတာမကြိုက်၊နှင်းစိုစိုလေးသာကြိုက်ပါတယ်။ ဆားတောင်မြေတွေက ဆားငံမြေ၊များပါတယ်။(ဆိုဒီယံများသောမြေတွေဖြစ်ကြပါတယ်) ရေသွင်းဂျုံတွေက ၊ရိုးရိုးပုံမှန်စိုက်ဂျုံတွေထက် အထွက်နုန်းပိုပါတယ်။(အင်းထဲမြေတွေက၊စိုက်ချိန်နောက်ကျလိူ့၊အစိုဓာတ်ဆုတ်တာမြန်တယ်။ဒါကြောင့် ရေသွင်းမှ အဆင်ပြေပါတယ်)။ ဂျုံပင်က အပေါံယံမြေမှာသာ အမြစ်လေးတွေရှိတာပါ(ရေသောက်မြစ်မဆင်းပါ)ဒါကြောင့် ၊ရေချို/ရေငံ ရရာသွင်းပေးရင် အပင်ဖြစ်ပါတယ်။ သို့သော် ရေသွင်းမြေတွေက၊မြေဆီလွှာ ကြပ်ခဲစေပါတယ်။ အချုပ်အားဖြင့် ဆားတောင်ဒေသ မြေငံများမှာ ဆိုဒီယံဆားတွေပါဝင်သဖြင့်၊ရေရှည်အတွက်ဆိုရင်၊မြေပြင်ပေးဖို့ အကြံပြုလိုပါတယ်။ ဆိုဒီယံတွေ ဖယ်ထုတ်ဖို့၊သဘာဝမြေဆွေး၊နွားချေးများများနဲ့၊ဂျ

You

ဆက်စပ်မေးခွန်းများ

အစိမ်းရောင်လမ်း မှစိုက်ပျိုးရေးပညာရှင်များခင်ဗျ အမှန်တကယ်တော့ သဘာဝမြေဩဇာတွေနဲ့ဓာတုမြေဩဇာတွေပေါင်းစပ်အသုံးပြုမှ...

ဖြေကြားချက် 1 ခု

အစိမ်းရောင်လမ်း မှ စိုက်ပျိုးရေး ပညာရှင်များခင်ဗျ ဂျုံစိုက်ပျိုးခြင်းနှင့်ပတ်သတ်၍ ဒုတိယအကြိမ်မေးခွန်းပါခင်ဗျ...

ဖြေကြားချက် 3 ခု

အစိမ်းရောင်လမ်း မှစိုက်ပညာရှင်များခင်ဗျ ဂျုံစိုက်ပျိုးခြင်းနှင့်ပတ်သတ်သောအကြောင်းအရာများလိုင်းပေါ်မှာတွင်ကျယ်...

ဖြေကြားချက် 1 ခု

ဆားပေါက်တဲ့မြေကို ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ဖြေကြားချက် 2 ခု

ပန်းမုံလာ ခရမ်းချဉ်သိမ်းပြီးဂျုံကျဲမလို့ပါဆရာ မြေဩဇာထည့်ကျဲမလို့ဘယ်လိုအချိုးမြေဩဇာဆိုရင်အဆင်ပြေမလည်းခင်ဗျစိုက်...

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။