ဖြေကြားချက် ၄ ခု
မြေပဲရွက်ပြောက်ရောဂါ နှင့် ကာကွယ် နှိမ်နင်းနည်းများ ဒီဆောင်းပါးLinkကို နှိပ်ပြီးလည်းလေ့လာနိုင်ပါတယ်ဗျ
မြေပဲရွက်ပြောက်ရောဂါ (Cercospora leaf spot) သည် မှိုကြောင့်ဖြစ်ပြီး အများအားဖြင့် မြေပဲစိုက်ပြီး (၃၀) ရက်မှ (၄၀) ရက်သားခန့်တွင် စတင်တွေ့ရှိရတတ်ပါသည်။ ရောဂါပြင်းထန်ပါက အရွက်များခြောက်ပြီး ကြွေကျသွားကာ အထွက်နှုန်းကို (၅၀-၇၀)% ထိ ထိခိုက်စေနိုင်ပါသည်။ မေးခွန်းရှင် သုံးထားတဲ့ Azoxystrobin + Difenoconazole က ဆေးကောင်းပါဗျာ။ ဒါပေမဲ့ ရောဂါက ပြင်းထန်နေပြီဆိုတော့ ဒီနည်းလမ်းလေးအတိုင်း တွဲသုံးကြည့်ပါဦးဗျ။ ရောဂါစမဖြစ်ခင် ကြိုကာကွယ်ဖိုအပင်သက်တမ်း ၂၅ ရက်ကနေ ၃၀ ရက်ဝန်းကျင်မှာ မန်ကိုဇက် (Mancozeb) ဒါမှမဟုတ် ကလိုရိုသာလိုနေး (Chlorothalonil)လိုမျိုး ထိသေဆေးတွေကို အရင်ကြိုဖျန်းထားပေးပါဗျာ။ ရောဂါဖြစ်လာပြီဆိုရင် အခုသုံးနေတဲ့Azoxystrobin + Difenoconazoleဒါမှမဟုတ် ဟက်ဆာကိုနဇိုး (Hexaconazole) လိုမျိုး ပင်လုံးပြန့်ဆေးတွေကို ပြောင်းလဲဖျန်းပေးရပါမယ်ဗျ။မြေပဲတစ်ရာသီမှာ အနည်းဆုံး (၃) ကြိမ်ကနေ (၄) ကြိမ်အထိ ဖျန်းပေးဖို့ လိုပါတယ်ဗျာ။ ပထမအကြိမ်အပင်သက်တမ်း ၃၀-၃၅ ရက် (ပန်းစပွင့်ချိန်) မှာ စဖျန်းပါဗျာ။ဒုတိယအကြိမ် ပထမအကြိမ်ဖျန်းပြီး ၁၀ ရက်ကနေ ၂ ပတ်အကြာမှာ ထပ်ဖျန်းပေးပါဗျ။ တတိယအကြိမ် နောက်ထပ် ၂ ပတ်အကြာမှာ တစ်ခါ ထပ်မံဖျန်းပေးရပါမယ်ဗျာ။ မိုးအရမ်းများပြီး ရောဂါက အရှိန်မသေသေးဘူးဆိုရင်တော့ ၁ ပတ် ဒါမှမဟုတ် ၁၀ ရက်တစ်ကြိမ်လောက် စိပ်စိပ်လေး ဖျန်းပေးဖို့ လိုပါလိမ့်မယ်ဗျာ။ ပိုပြီးထိရောက်အောင် ဒါလေးတွေ လုပ်ပေးပါဦးဗျ ဆေးကို အလှည့်ကျသုံးပါ -ဆေးတစ်မျိုးတည်းကိုပဲ ဇောက်ချမဖျန်းပါနဲ့ဗျာ။ မှိုက ဆေးယဉ်သွားတတ်လို့ ထိသေဆေးနဲ့ ပင်လုံးပြန့်ဆေးကို တစ်လှည့်စီ သုံးပေးတာက အကောင်းဆုံးပါပဲဗျ။ အောက်ခြေကို ဂရုစိုက်ပါ- ဒီရောဂါက အပင်အောက်ခြေ အရွက်တွေကနေ စဖြစ်တာမို့ ဆေးဖျန်းရင် အောက်ခြေအရွက်တွေပါ ဆေးရည်နှံ့အောင် ဖျန်းပေးဖို့ အရေးကြီးပါတယ်ဗျာ။ ပင်ကြွင်းပင်ကျန် ရှင်းလင်းပါ-ရောဂါကျပြီးသား အပင်အကျန်တွေကို စိုက်ခင်းထဲမှာ မထားပါနဲ့၊ စုပြီး မီးရှို့ဖျက်ဆီးပစ်ပါဗျ။ ဒါမှ နောက်တစ်ခါပြန်စိုက်ရင် ရောဂါပိုး မကျန်ခဲ့မှာ ဖြစ်ပါတယ်ဗျာ။ အပင်သက်တမ်း ၃ လခွဲ (ရက် ၁၀၀ ကျော်) ထိ စိမ်းစိမ်းစိုစိုနဲ့ ရှိနေမှ မြေပဲဥတွေ အောင်အောင်မြင်မြင်နဲ့ အထွက်တိုးမှာ ဖြစ်ပါတယ်ဗျာ။ အခုပြောပြတဲ့အတိုင်း စနစ်တကျလေး ဂရုစိုက်ကြည့်ပါဦးလို့ အကြံပြုပါရစေဗျာ။ မိမိစိုက်ခင်းရဲ့ အခြေအနေကိုလည်း နောက်ထပ် သိချင်တာရှိရင် အားမနာတမ်း မေးမြန်းနိုင်ပါတယ်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အစိမ်းရောင်လမ်း မှစိုက်ပျိုးရေးပညာရှင်များခင်ဗျ သီးနှံပင်တွေ ပန်းပွင့်ချိန်မှာ ပိုးသတ်ဆေး ပတ်ဖျန်း၍ ရပါသလား စ...
ဖြေကြားချက် 2 ခု
ဆင်းပဒေသာ11မြေပဲမျိုးရဲ့အားနည်းချက်အားသာချက်လေးသိပါရစေခင်ဗျ
ဖြေကြားချက် 2 ခု
ကျနော် ငါးအမိုင်နိုအက်ဆစ် ၂ကြိမ်လုပ်ကြည့်ပါတယ် ပထမတစ်ကြိမ် လုပ်ပြီးလို့ ဆေးရည်ကို မြေကြီးပေါ် ချကြည့်တာ အစက်ချ...
ဖြေကြားချက် 2 ခု
မင်္ဂလာပာခင်ဗျ မြေပဲစိုက်တာ သုံးသွားမြှောင်းနဲ့ လေးသွားမြှောင်း ဘယ်ဟာကပိုကောင်းလဲဗျ။ သုံးသွားမြှောင်းကမြေပဲ...
ဖြေကြားချက် 1 ခု
ပဲစိုက်ခင်းမှာ ခါးရိပိုး၀င်တာဘယ်လိုကုသရမှာပါလဲဗျာနောက်ပီးတော့ သဘာ၀ပိုးသတ်ဆေးနွားသေးအကြောင်းလဲပဲခင်းမှာဘယ်လို...
ဖြေကြားချက် 2 ခု