ကိုလတ်
တောင်သူ · စစ်ကိုင်းတိုင်းဒေသကြီး
@သော်ဇင် ကုလားပဲက ပေါ်ချိန်ကြ စျေးအရနည်းနည်းနေလို့ ပဲတီစိမ်း/ပဲလွန်းတို့ကျ မျိုးကို ပွဲရုံမှာ ဝယ်စိုက်ရင်ရလားခင်ဗျာ
ဆရာတို့ခင်ဗျာ ကျနော် နှစ်စဥ်ကုလားပဲ ကြဲနေကြပါ သည်နှစ် ပဲနီကြားကျဲမလို့ အခုမြေက ခြောက်သွားလို့ ရေတင်ပြီးမှ မြေခြောက်မှ ပြန်ကြဲရင် နောက်ကြနိုင်မလား / တခြားဘာပဲမျိုးက တောင်သူတွက်ခြေကိုက်နိုင်မလည်း (နှုန်းကြမ်း မြေမျိုးစား)ပါခင်ဗျာ
၉ ၂၅ ၂၅ နဲ့ ဆေးပုလဲရောကျွေးမလားလို့ ခင်ဗျ
ဆရာကြီး၊ဆရာမကြီးတို့ ခင်ဗျ သင်္ဘောစိုက်ထား၃လရှိပြီ နောက်အချိုးများတဲ့မြေဆီကျွေးမလို့ပါ ကျနော့်သင်္ဘောခင်းအနေထားကတော့ မြင်တဲ့အတိုင်းပါပဲ သင်္ဘောခင်းကို မပြုစုတော့ပဲ ဖျက်သင့်လား အကြံပေးပါဥိး အသီးတင်တဲ့အပင်တင်ပြီး ပုံပါအတိုင်းဖြစ်နေတဲ့အပင်တေကလည်း ရှိနေတာခင်ဗျ
ဆရာတို့ခင်ဗျာ သဲနှုန်း၄ဧက ဆိုတော့ တခြားဘာသီးနှံပြောင်းစိုက်ရင် ဆင်ပြေမလည်း
ဆရာကြီးခင်ဗျ ကျနော် နှစ်တိုင်း ဆောင်းမြေပဲ စိုက်တာ မြေပဲရွက်ပြောက်ရောဂါ ၃၅၊၄၀ရက်သားလောက်ဆို စကျတာ တဖြည်းဖြည်းနဲ့ ဆိုးလားပြီး မြေပဲတခင်းလုံး အရွက်တေမဲခြောက်ပြီး မြေပဲပင်တေ ကျ ကုန်လို့ (မြေပဲပင်အရိုးတေပဲစိမ်းတော့တာ)၈၅၊၉၀ရက်လောက်နဲ့ မြေပဲနုတ်ရတာ မြေပဲက ဥပြီး အဆံမတင်းတော့တာ (Azoxystrobin 20% + Difenoconazole 12.5% အရော)ကို စ ကျကျခြင်းတကြိမ်တော့ဖျန်းဖြစ်ပါတယ် မြေပဲရွက်ပြောက်ရောဂါအတွက် မြေပဲတရာသီမှာ မှိုသတ်ဆေး ဘယ်နကြိမ်၊ဘယ်နရက်ခြားပြီး သုံးရမလည်း ဘာဆေးသုံးရမလည်းသိပါရစေ ၃လနဲ့၁၅ရက် (၃လခွဲ)မနေဘူး မြေပဲက နုတ်ရတာ