နှံစားပြောင်းခင်းပါဒီလိုရောဂါတွေဖြစ်နေလို့ဘာမှိုလဲပြောပေးပါဦး
ဟုတ်ကဲ့ကျေးဇူးပါဗျ
ပြောင်းရွက်ခြောက်ရောဂါ northern corn leaf blight ပါ။ ဆရာဒို့ဦးလေးရေးထားတဲ့ ဆောင်းပါးကို လေ့လာနိုင်ပါတယ်။ ပြောင်း,ရွက်ခြောက်ရောဂါ...သတိပြုပါ ကြိုတင်ကာကွယ်ရန်နည်းလမ်းများ ရောဂါခံနိုင်ရည်ရှိသော မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပါ။ အပင်အကြွင်းအကျန်များကို ဆွေးမြည့်စေပြီးမှ(ရှင်းလင်းပြီးမှ) စိုက်ပါ။ (မြေဆောင်ရောဂါ မဟုတ်လို့၊ မျိုးစေ့လူးဆေးအသုံးပြုလို့ မထိရောက်နိုင်ပါ) အာဟာရ အချိုးမျှတအောင်ကျွေးပါ(ယူရီးယား များလွန်းခြင်း ရှောင်ပါ) သီးလှည့်စိုက်ပါ( ပဲပုတ်၊ ပဲတီစိမ်း၊ မတ်ပဲ၊ နေကြာ..စသည်သီးနှံများနဲ့ အလှည့်ကျစိုက်ပါ) အပင်တစ်လသားအရွယ် ထရိုင်ကိုဒါးမားကို သဲနဲ့ရောပြီး အပင်ခြေထည့်ပေးပါ။ ဆာလဖာဖျန်းပေးခြင်းဖြင့်လည်း ရောဂါကာကွယ်မှု ထိရောက်စေပါသည်။ မှိုသတ်ဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း အောက်ဖော်ပြပါ ဆေးအုပ်စုများမှ သင့်တော်ရာတမျိုး သို့မဟုတ် တမျိုးထက်ပိုပြီးကို အညွှန်းပါအတိုင်း အသုံးပြုနိုင်ပါတယ်။ Mancozeb Captan Chlorothalonil Propiconazole Hexaconazole Difenoconazole Azoxystrobin Pyraclostrobin
ဆက်စပ်မေးခွန်းများ
ဘယ်ဆေးတွေနိုင်လဲ ပြောပေးပါဦး။ တစ်ခေါက်ဖျန်းထားတာ မသေသေးလို့ပါ။
ဖြေကြားချက် 1 ခု
ဖူးစားပြောင်းခုရက်တေဘောင်တင်ပိစိုက်လို့ရလားဗျခြံကုန်းေမြမာ
ဖြေကြားချက် 3 ခု
ပြောင်းဖူးပင်က အဖူးကအရွက်တွေတအားထွက်နေလြိ့ဘလိုလုပ်ရမလဲရှင်သုံးဖူးလေးဖူးလောက်ကိုထွက်နေတာ မျိုးက702ပါ
ဖြေကြားချက် 2 ခု
ပြောင်းဖူးခင်းအတွက်လောင်ရောဂါဘာဖြန်းသင့်လဲဗျ
ဖြေကြားချက် 1 ခု
ဆရာများခဗျစုတ်ဖွားဆေးအကြောင်းလေးရှင်းပြပေးပါလားဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။