အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
U Yan
U Yan 10,492
လွန်ခဲ့သော ၁ ပတ် က · ချောက်

ဆရာ ဘက်တီးရီးယားလားဆရာ ကြည့်ပေးပါအူး မှိုးဆေးတော့ ၄ ကြိမ်ရှိနေပီဗျ ဘက်တီးရီးယားဆေးတော့မဝင်ရသေးဘူးဆရာ ဒီနောက်ပိူင်း အမိုင်နို ကယ်စီပလပ် မင်းသား ရှယ်ပီကေ တစ်လှည့်စီဖျန်းနေတာ အပွင့်လေးတွေတော့ထပ်လိုက်လာတယ်ဗျ

ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image

ဖြေကြားချက် ၁၀ ခု

သော်ဇင်
သော်ဇင် 371,219 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

ပုံပါခရမ်းချဉ်ပင်တွင် ဖြစ်ပွားနေသည်မှာ နှောင်းပင်နာကျရောဂါ (Late Blight) သေချာပေါက် ကျနေတာပါ။ တောင်သူဦးကြီးအနေဖြင့် မိုးဆေး ၄ ကြိမ် ဖြန်းထားသော်လည်း ဘက်တီးရီးယားဆေး မဝင်ရသေး၍ စိုးရိမ်နေပေမယ့် ဤရောဂါသည် ဘက်တီးရီးယားကြောင့် မဟုတ်ဘဲ အူးမိုက်စိ (Oomycete) ခေါ် မှို ပိုးကြောင့် ဖြစ်သဖြင့် ဘက်တီးရီးယားဆေးများဖြင့် ကုသ၍ မရနိုင်ပါ။ ရာသီဥတု စိုစွတ်အေးမြချိန်တွင် တစ်ခင်းလုံးသို့ အလွန်မြန်ဆန်စွာ ကူးစက်တတ်သောကြောင့် ရောဂါကျအရွက်များကို ချက်ချင်းခူးဆွတ် မီးရှို့ဖျက်ဆီးရပါမယ်။ ထို့နောက် မက်တယ်လပ်ဆီး (Metalaxyl) + မန်ကိုဇက် (Mancozeb) ကဲ့သို့သော ပင်လုံးပျံ့နှင့် ထိသေတွဲစပ်မှိုသတ်ဆေး သို့မဟုတ် ဒိုင်မီသိုမော့ဖ် (Dimethomorph) + (Cymoxanil)ဆေးများကို ၅ ရက်မှ ၇ ရက်ခြားတစ်ခါ အရွက်အောက်မျက်နှာပြင်ပါ အနှံ့အပြား ရွှဲရွှဲစိုအောင် အမြန်ဆုံး ပက်ဖျန်းပေးရန် လိုအပ်ပါတယ်။ အခုမှကျခါစဖြ၏်လို့ ဆေးတကြိမ်ဖျန်းပြီး ရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြင်းရှိမရှိအမြဲစေယင့်ကြည့်ပါဗျ။ အခုအခြေအနေအရတော့ ဆေးအသစ်မဝယ်သေးဘဲ Metiram+Pyraclostrobin ရှိတယ်ဆိုရင်လည်း ဖျန်းပေးနိုင်ပါတယ်

U Yan
U Yan 10,492 လွန်ခဲ့သော ၁ ပတ် က

@သော်ဇင် ဟုတ်ကဲ့ပါဆရာ့ကျေးဇူးပါဆရာ စိုးရိမ်မိတာတော့အမှန်ပါပဲဆရာ စျေးကောင်းနေတော့ အမှားခံလို့မဖြစ်ဘူးဆရာရေ မနှစ်ကအဲ့ရောဂါတွေဒုက္ခပေးဖူးတယ်ဆရာ

သော်ဇင်
သော်ဇင် 371,219 လွန်ခဲ့သော ၁ ပတ် က

အရမ်းကြီးမစိုးရိမ်ရပါဘူး၊ အခုမှလက္ခဏာစပြခါစ တစ်ပင်တစ်လေတွေ့တာဆိုတော့ ဆေးမဖျန်းချင်ရင်လည်း ရောဂါကျအရွက်များ စိုက်ခင်းအဝေးဖယ်ပစ်ပြီး ရောဂါလက္ခဏာ ဆက်လက်ပျံ့ပွားခြင်းရှိမရှိအမြဲစောင့်ကြည့်မယ်ဆိုလည်းရပါတယ်။ ဆေးဖိုးကုန်ကျစရိတ်တော့သက်သာချင်ရင်ပေါ့နောက် ရောဂါပွားမှဖျန်းချင်လည်းရပါတယ်၊ အဓိက အမြဲမိမိစိုက်ခင်းရောဂါဆိုးရွားစွာကျသည့်အဆင့်ထိ‌မရောက်အောင်နေ့စဉ်စောင့်ကြည့်ပေးဖို့ပါပဲဗျ

U Yan
U Yan 10,492 လွန်ခဲ့သော ၁ ပတ် က

ဟုတ်ကျေးဇူးပါဆရာ့

သော်ဇင်
သော်ဇင် 371,219 လွန်ခဲ့သော ၁ ပတ် က

အညွှန်းပါနှုန်းထားအနိမ့်ဖြင့်ဖျန်းပေးနိုင်ပါတယ် (ဥပမာ- ၃၀-၇၀ ညွှန်းရင် ၃၀ဖြင့်ဖျန်းတာမျိုးပေါ့)

U Yan
U Yan 10,492 လွန်ခဲ့သော ၁ ပတ် က

@ @သော်ဇင် ဟုတ်ဆရာကျေးဇူးအထူးတင်ပါတယ်ဆရာ အညွှန်းကနှုန်းထားများလွန်းတယ် အဲ့တိုင်းထည့်ရမှာလားဆရာ ရောဂါအနေထားရ ဘယ်နှစ်ဇွန်းလောက်ထည့်ရမလဲဆရာ အရမ်းကြီးမဆိုးသေးဘူးဗျ ၃ ၄ ရက်လောက်ပဲရှိတေးတယ်သိတာ ရွက်ထွင်းကြောင့်ဖြစ်တယ်ဆိုပီးမမေးမိတာပါဆရာ

သော်ဇင်
သော်ဇင် 371,219 လွန်ခဲ့သော ၁ ပတ် က

Metalaxy ရှိသေးရင် တကြိမ်လောက်ဖျန်းပေးလိုက်ပါခင်ဗျာ

U Yan
U Yan 10,492 လွန်ခဲ့သော ၁ ပတ် က

@သော်ဇင်

U Yan
U Yan 10,492 လွန်ခဲ့သော ၁ ပတ် က

မိုက်တီ မတလဇီးလဲရှိသေးတယ်ဆရာ တစ်ကြိမ်စာတော့ရအူးမယ်ဆရာ

U Yan
U Yan 10,492 လွန်ခဲ့သော ၁ ပတ် က

ရော ဂါကျနေတာဆိုတော့ ဂရမ်းတစ်မျိုးတည်းဖျန်းရမလား မင်းသားပါတွဲပေးရမလားဆရာ ဂရမ်းနဲ့ ရနိုင်တယ်မလားဆရာ

You

ဆက်စပ်မေးခွန်းများ

မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီး‌ကြွေနေလို့ပါ

ဖြေကြားချက် 4 ခု

ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်

ဖြေကြားချက် 1 ခု

ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500...

ဖြေကြားချက် 5 ခု

ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl...

ဖြေကြားချက် 2 ခု

ဆရာမနက်ဖြန် ခရမ်းချဥ်သီးခူးရက်ဆိူတော့ ဆေးမဖျန်းရသေးဘူး မနက်ဖြန် ညနေလောက်မှ ဖျန်းရမှာဆရာ ဝယ်စားတဲ့သူတွေအန္တရာယ်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။