အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ko Nay
Ko Nay 98
လွန်ခဲ့သော ၂ ပတ် က · သာစည်

ပိုတက်စီယန် ဆီလီကိတ် ကိုနေရေင်ခြည်ကာကွယ်ရန်ဖြေပေးထားတာရှိပါတယ်ဆေးဆိုင်တွေမေးတော့မသိကြဘူ ဘယ်လိုဝယ်ရတုန်းသိပါရစေ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
ပိုးမွှားရောဂါ ကြက်သွန်နီ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 449,300 လွန်ခဲ့သော ၂ ပတ် က

@zin mar htwe စပါးအလေအလွင့်နည်းပြီး အထွက်နှုန်းနှင့် ဆန်အရည်အသွေး အကောင်းဆုံးရရှိရန် စပါးပန်းပွင့်ပြီး ၂၈ ရက်မှ ၃၂ ရက်အတွင်း (သို့မဟုတ်) စပါးနှံရှိ အစေ့များ ၈၀%-၈၅% ခန့် ရွှေဝါရောင်ပြောင်းကာ မှည့်ဝင်းချိန်တွင် ရိတ်သိမ်းရပါမယ်။စပါးနှံတစ်ခုလုံး၏ အပေါ်ပိုင်း အစေ့များအားလုံး ရွှေဝါရောင် ပြောင်းနေရပါမယ်။ စပါးနှံ၏ အောက်ခြေနားရှိ အစေ့ (၃-၄) စေ့ခန့်သာ အစိမ်းရောင် (သို့မဟုတ်) နို့ရည်ခဲ အဆင့် ကျန်ရှိရပါမယ်။ မရိတ်သိမ်းမီ ၁ ပတ်အလိုတွင် လယ်ကွင်းအတွင်းမှ ရေထုတ်ပစ်ရမည်ဖြစ်ပြီး မိုးစပါးအတွက် အစိုဓာတ် ၂၃%-၂၅% နှင့် နွေစပါးအတွက် ၂၁%-၂၂% ရှိချိန်သည် အကောင်းဆုံးဖြစ်ပါတယ်။

zin mar htwe
zin mar htwe 28 လွန်ခဲ့သော ၂ ပတ် က

စပါးအလေအလွင့်နည်းအောင်ဘယ်အချိန်ရိတ်သင့်ပါသလဲ

သော်ဇင်
သော်ဇင် 449,300 လွန်ခဲ့သော ၂ ပတ် က

@Ko Nay ပိုတက်စီယမ် ဆီလီကိတ်သည် ကြက်သွန်နီပင်၏ ဆဲလ်နံရံကို ထူထဲတောင့်တင်းစေပြီး ပြင်းထန်သော နေရောင်ခြည်နှင့် အပူဒဏ်ကို ကာကွယ်ပေးသည့် ဓာတ်ပစ္စည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ၎င်းပစ္စည်း ဝယ်ယူရန် အခက်ခဲရှိပါတယ်၊ ဆီလီကာဓာတ် ရရှိနိုင်ရန်အတွက် သဘာဝ စပါးခွံပြာ ကို မြေပြင်စဉ် သို့မဟုတ် အပင်ခြေတွင် ထည့်သွင်းပေးနိုင်သလို၊ မြေဆီလွှာ ပြုပြင်နိုင်သော ကယ်လ်စီယမ် ဆီလီကိတ် ( အာမိုဆီလီကာ မြေဩဇာ)ကို အစားထိုး သုံးနိုင်ပါတယ်။ ထို့ပြင် အပင်၏ ရေဓာတ်ဖိအားကို ထိန်းညှိပေးပြီး အပူဒဏ်ခံနိုင်ရည် တိုးစေရန် ပိုတက်စီယမ် ဟူးမိတ် (Potassium Humate) ခေါ် ကေဟူးမစ်ကို အစားထိုးကျွေးနိုင်ပါတယ်၊ သို့မဟုတ် ပိုတက်စီယမ် အချိုးများစွာပါဝင် သော အား ဆေးကို အရွက်ဖျန်းဆေးအဖြစ် သုံးစွဲနိုင်ပါတယ်။ အပူဒဏ်ကြောင့် အပင်ပင်ပန်းမှုကို သက်သာရန် အမိုင်နိုအက်ဆစ်နှင့် ပင်လယ်ရေမှော်ရည် (Seaweed Extract)ဖျန်းပေးခြင်း၊ မြေကြီးအပူချိန် လျှော့ချရန် ကောက်ရိုးဖြင့် မြေဖုံးခြင်း နည်းလမ်းများကို တွဲဖက်လုပ်ဆောင်ခြင်းဖြင့် နေရောင်ခြည်ဒဏ်ကို ထိရောက်စွာ ကျော်လွှားနိုင်ပါလိမ့်မယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။