အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Khing Hein
Khing Hein 761
လွန်ခဲ့သော ၂ ပတ် က · ယင်းမာပင်

ရွေးချယ်ပေါင်းသတ်ဆေးတွေဖြစ်တဲ့ Fluazifop-p-butyl နဲ့ Quizalofp-p-ethyl နဲ့ ဘာကွာတာလဲ ကြက်သွန်နီခင်းအတွက် သုံးမလို့ပါ ခါတိုင်းက Quizalofp-p-ethyl သုံးပါတယ် ခု ​းေဆိုင်က Fluazifop-p-butyl 25EC ပဲရခဲ့ပါတယ်

စိုက်ပျိုး ဗဟုသုတ ကြက်သွန်နီ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 449,297 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

@Khing Hein ကြက်သွန်နီခင်းတွင် Quizalofop-p-ethyl အစား Fluazifop-p-butyl 25EC ကို စိတ်ချလက်ချ အစားထိုးအသုံးပြုနိုင်ပါတယ်။ ဆေးနှစ်မျိုးစလုံးသည် ကြက်သွန်နီပင်ကို ထိခိုက်မှုမရှိစေဘဲ (မြက်မျိုးရင်းဝင်) ပေါင်းမြက်များကိုသာ ရွေးချယ်သတ်ပေးသည့် ပေါင်းသတ်ဆေးများ ဖြစ်ကြပါတယ်။ အဓိကကွာခြားချက်မှာ Quizalofop-p-ethyl သည် မြက်နုနု (အရွက် ၂-၄ ရွက်) အဆင့်ကိုသာ ပိုမိုနှိမ်နင်းနိုင်ပြီး မြက်ရင့်သွားပါက အာနိသင်လျော့နည်းတတ်သော်လည်း၊ Fluazifop-p-butyl သည် မြက်နုရုံတင်မကဘဲ အသက်ရင့်ပြီး ကြီးနေသောမြက်ပင်များနှင့် နှစ်ရှည်ခံမြက်ပင်ကြီးများကိုပါ ပိုမိုထိရောက်စွာ နှိမ်နင်းနိုင်ခြင်း ဖြစ်ပါတယ်။ ဆေးဖျန်းရာတွင် မြေအစိုဓာတ်ရှိချိန်၌ ဘူးပါလမ်းညွှန်ချက်အတိုင်း စနစ်တကျဖျန်းပေးရန် လိုအပ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 449,297 လွန်ခဲ့သော ၂ ပတ် က

@မောပ်တိုးတတ် မြက်အုပ်စုသီးသန့်သာသေပါတယ်၊ မုန်ညင်းအုပ်စုနှင့်ရွက်ပြန့်ပေါင်းတော့ မနိုင်ပါဘူးခင်‌ဗျာ

မောပ်တိုးတတ်
မောပ်တိုးတတ် 246 လွန်ခဲ့သော ၂ ပတ် က

@သော်ဇင် မုန်ညင်းသေလား25ecက

You

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။