ကြက်သွန်နီပျိုးဖို့မြေကိုပေါင်းမပေါက်အောင်ဘယ်လို့လုပ်ရ စိုက်ရင်ရောဘာပေါင်းအုပ်ဆေးသုံးရ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁ ရက်
@မောပ်တိုးတတ် ပန်ဒီမီသလင် (Pendimethalin) နှင့် အောက်စီဖလိုရိုဖန် (Oxyfluorfen) တို့ကို စနစ်တကျ အသုံးမပြုပါက ကြက်သွန်နီမျိုးစေ့၏ အပင်ပေါက်နှုန်းကို ထိခိုက်လျော့နည်းစေနိုင်ပါတယ်။ အထူးသဖြင့် မျိုးစေ့ကို မြေဆွေးဖြင့် လုံအောင်မဖုံးဘဲ ဆေးတိုက်ရိုက်ထိတွေ့မိခြင်း၊ ပျိုးခင်းအတွက် သတ်မှတ်ထားသည်ထက် ဆေးနှုန်းထားများလွန်းခြင်းနှင့် ကြက်သွန်စေ့များ အညှောင့်စဖောက်ထွက်လာချိန်မှ နောက်ကျပြီး ဆေးဖျန်းမိခြင်းတို့ကြောင့် မျိုးစေ့အညှောင့်ပျက်စီးခြင်းနှင့် ပျိုးပင်ငယ် အရွက်လောင်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။ ထို့ကြောင့် အပင်ပေါက်နှုန်း မထိခိုက်စေရန် မျိုးစေ့ကြဲပြီး မြေပါးပါးဖုံးကာ ရေလောင်းပြီးစ (၁-၂ ရက်အတွင်း) အညှောင့်မထွက်မီ အချိန်တွင်သာ ဆေးနှုန်းထားလျှော့၍ ဖျန်းပေးရမည်ဖြစ်ပြီး၊ ပိုမိုစိတ်ချရစေရန် အောက်စီဖလိုရိုဖန်ထက် ပျိုးခင်းတွင် ပိုမိုဘေးကင်းစိတ်ချရသော ပန်ဒီမီသလင် (Pendimethalin) ကို ဦးစားပေးရွေးချယ်အသုံးပြုသင့်ပါတယ်။ စနစ်တကျအသုံးပြုရပါမယ်၊အထပ်ပါအတိုင်းလွဲချော်၍မရပါကြောင်း ထပ်မံအသိပေးပြောကြားပါရစေခင်ဗျာ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
@မောပ်တိုးတတ် ကြက်သွန်နီပျိုးခင်းတွင် ပေါင်းမြက်မပေါက်စေရန် ပျိုးမကြဲမီ မြေပြုပြင်ချိန်၌ ထယ်ရေးနက်နက်ထိုးခြင်း၊ ရေလောင်း၍ ပေါင်းစေ့များကို ကြိုတင်အပင်ဖောက် နှိမ်နင်းခြင်းနှင့် ကောင်းစွာဆွေးမြည့်ပြီးသား နွားချေးကိုသာ အသုံးပြုခြင်းတို့ကို ဦးစွာလုပ်ဆောင်ရပါမယ်။ ယခုကဲ့သို့ မျိုးစေ့ကြဲပြီးစ (၁) ရက်သားအရွယ် (ပေါင်းနှင့် ကြက်သွန် အညှောင့်မပေါက်မီ) တွင် မျိုးစေ့ကို မြေဆွေးပါးပါးဖုံးအုပ်ပြီး ရေလောင်းကာ မြေအစိုဓာတ်ရှိနေချိန်၌ ပန်ဒီမီသလင် (Pendimethalin) သို့မဟုတ် အောက်စီဖလူရိုဖန် (Oxyfluorfen) ကဲ့သို့သော ပေါင်းပင်မပေါက်ခင်အကြိုပေါင်းအုပ်ဆေး ကို ဗူးပါနှုန်းထားအတိုင်း အနည်းငယ် လျှော့၍ဖျန်းပေးရပါမယ်။ ဆေးဖျန်းပြီးနောက် မြေမျက်နှာပြင် ဆေးလွှာမပျက်စီးစေရန် မြေဆွခြင်းကို လုံးဝရှောင်ကြဉ်ရမည်ဖြစ်ပြီး၊ ပျိုးသက် (၂၀) ရက်ကျော်မှ ပေါင်းအနည်းငယ် ပြန်ပေါက်လာပါက လက်ဖြင့်နုတ်ခြင်း သို့မဟုတ် ရွေးချယ်ပေါင်းသတ်ဆေးကို စနစ်တကျ သုံးစွဲနိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ရွေးချယ်ပေါင်းသတ်ဆေးတွေဖြစ်တဲ့ Fluazifop-p-butyl နဲ့ Quizalofp-p-ethyl နဲ့ ဘာကွာတာလဲ ကြက်သွန်နီခင်းအတွက် သုံးမ...
ဖြေကြားချက် 3 ခု
ကြက်ငွန်နီလည်လိမ်ရောဂါ ဘယ်လိုနှိမ်နင်းရမလဲဗျ
ဖြေကြားချက် 1 ခု
ပိုတက်စီယန် ဆီလီကိတ် ကိုနေရေင်ခြည်ကာကွယ်ရန်ဖြေပေးထားတာရှိပါတယ်ဆေးဆိုင်တွေမေးတော့မသိကြဘူ ဘယ်လိုဝယ်ရတုန်းသိပါရစေ
ဖြေကြားချက် 3 ခု
ပုံပါ ဒုတ္ထာမြေထဲက ယူလာတဲ့ ဒုတ္ထာအစိမ်းခဲကို ဘော်ဒိုးဆေးရည်လုပ်လို့ရလား
ဖြေကြားချက် 4 ခု
မိုးရွာနေတာ ၄ရက်မြောက်ေန့ပါခါးရိ မြစ်ပုပ် လည်လိမ်စပီးတွေ့နေရပါပီဆရာ ဆေးက၃ကြိမ်၄ကြိမ်လောက်လိုက်ရတော့မှာပါ သိ...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။