ဧရာပဒေသာ၁၁၀ရက်သားပုံပါအတိုင်းစပါးစေ့ကွဲပြီးဝတ်ဆံထွက်တာအဟာရကြောင့်လားပိုးမွှားကြောင့်လားခဗျာ
@kyaw zin စပါးစေ့များမှ အဝါရောင်/အဖြူရောင် အမျှင်တံလေးများ ထွက်နေခြင်းသည် ရောဂါ၊ ပိုးမွှား သို့မဟုတ် အာဟာရချို့တဲ့ခြင်းကြောင့် မဟုတ်ဘဲ စပါးပင် သဘာဝအတိုင်း ပန်းပွင့်ဝတ်မှုံကူးခြင်း ဖြစ်စဉ်သာ ဖြစ်ပါတယ်။ စပါးနှံထွက်ပြီးနောက် မနက်ပိုင်း နေရောင်ခြည်ရချိန်တွင် စပါးခွံများပွင့်ကာ ဝတ်ဆံဖိုအိတ်များ အပြင်သို့ထွက်လာခြင်း ဖြစ်ပြီး၊ ၁ နာရီမှ ၂ နာရီခန့်အကြာတွင် ဝတ်မှုံကူးမှုပြီးမြောက်၍ စပါးခွံပြန်ပိတ်သွားမည် ဖြစ်ပါတယ်။• ယေဘုယျအားဖြင့် စပါးပင်များသည် မနက်ခင်း နေထွက်ပြီး (မနက် ၈ နာရီမှ ၁၁ နာရီဝန်းကျင်အတွင်း) နေရောင်ခြည်နှင့် အပူချိန်ရရှိချိန်တွင် စပါးခွံများ ဟပေးကာ ပန်းပွင့်လေ့ရှိကြပါတယ်။စပါးစေ့များမှ အဝါရောင်/အဖြူရောင် အမျှင်တံလေးများ ထွက်နေခြင်းသည် ရောဂါ၊ ပိုးမွှား သို့မဟုတ် အာဟာရချို့တဲ့ခြင်းကြောင့် မဟုတ်ဘဲ စပါးပင် သဘာဝအတိုင်း ပန်းပွင့်ဝတ်မှုံကူးခြင်း (Flowering/Anthesis) ဖြစ်စဉ်သာ ဖြစ်ပါသည်။ စပါးနှံထွက်ပြီးနောက် မနက်ပိုင်း နေရောင်ခြည်ရချိန်တွင် စပါးခွံများပွင့်ကာ ဝတ်ဆံဖိုအိတ်များ အပြင်သို့ထွက်လာခြင်း ဖြစ်ပြီး၊ ၁ နာရီမှ ၂ နာရီခန့်အကြာတွင် ဝတ်မှုံကူးမှုပြီးမြောက်၍ စပါးခွံပြန်ပိတ်သွားမည် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် စပါးပင်များသည် မနက်ခင်း နေထွက်ပြီး (မနက် ၈ နာရီမှ ၁၁ နာရီဝန်းကျင်အတွင်း) နေရောင်ခြည်နှင့် အပူချိန်ရရှိချိန်တွင် စပါးခွံများ ဟပေးကာ ပန်းပွင့်လေ့ရှိကြပါတယ်။စပါးစေ့တစ်စေ့ချင်းစီ၏ ပန်းပွင့်ချိန်မှာ ၁ နာရီမှ ၂ နာရီဝန်းကျင်သာ ကြာမြင့်ပြီး ဝတ်မှုံကူးပြီးပါက စပါးခွံပြန်ပိတ်သွားကာ အထဲတွင် နို့ရည်တည်ခြင်း အဆင့်သို့ ကူးပြောင်းသွားမှာဖြစ်ပါတယ်။ စပါးတစ်နှံလုံး အပွင့်စုံရန်အတွက်မူ ၅ ရက်မှ ၇ ရက်ခန့် ကြာမြင့်နိုင်ပါတယ်။ ဤအချိန်သည် အလွန်နုနယ်သဖြင့် ဝတ်မှုံကူးမှုကို မပျက်စီးစေရန် မနက်ပိုင်းဆေးဖြန်းခြင်းကို လုံးဝရှောင်ကြဉ်ရမည်ဖြစ်ပြီး လယ်ကွင်းထဲတွင် ရေအစိုဓာတ် ပြည့်ဝစွာ ထားရှိပေးရပါမယ်။ စပါးပန်းပွင့်နေချိန် (မနက်ပိုင်း) တွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး သို့မဟုတ် ရွက်ဖျန်းမြေသြဇာများ လုံးဝ (လုံးဝ) မဖြန်းရပါ။ ဆေးဖြန်းပါက ဝတ်မှုံကူးမှုကို ပျက်စီးစေပြီး စပါးဖျင်းခြင်း (အဖျင်းများခြင်း) ကို တိုက်ရိုက်ဖြစ်ပေါ်စေနိုင်ပါတယ်။ (ဆေးဖြန်းရန် လိုအပ်ပါက ပန်းပိတ်သွားသည့် ညနေပိုင်းတွင်သာ ဖြန်းရပါမယ်)။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၁၀၇ရက်သားအနှံထွက်စပြုပါပြီပုလဲသီးသန့်ကျွေးသင့်လားဆာလ်ဖာပုလဲပဲကျွေးသင့်လားခဗျ၁လသားမှာ၁၆ပတ်လည်နဲ့ပုလဲ...
ဖြေကြားချက် 3 ခု
အစိမ်းရောင်လမ်း Appသုံးစွဲရတာအဆင်ပြေကြလားခင်ဗျာ၊ ကျွန်တော်ကတော့ Appဖျက်လိုက်၊ အကောင့်ပြန်ဝင်ပြီးသုံးလိုက်ရ...
ဖြေကြားချက် 1 ခု
အခုလာမယ့်ဆောင်းစပါးမှာ ရက်ကိုးဆယ် ထည့်ချင်တယ် နဲနဲ နောက်ကျမှာ ဖစ်တဲ့အတွက် ကြက်သန်းပိုးကျတယ် အဲ့တာ ဘာဆေးဖျန်းရမ...
ဖြေကြားချက် 5 ခု
စပါးကြီးထွားမှုအဆင့်ကို Vegetative Phase Reproductive Phase Ripening Phase ဆိုပြီး ၃မျိုးရှိတယ်လို့ သိထားပါတယ်...
ဖြေကြားချက် 4 ခု
စပါးပင်များကိုရက်များစွာစုထားသောနွားသေးဖြန်းရင်းအာနိသင်ရှိမရှိဖြေပေးပါဆရာ။ဘယ်ဟာကအကောင်းဆုံးလဲဆရာ။
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။