အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Win Zaw
U Win Zaw 557
လွန်ခဲ့သော ၁၇ နာရီ က · ပုသိမ်

စပါးပင်များကိုရက်များစွာစုထားသောနွားသေးဖြန်းရင်းအာနိသင်ရှိမရှိဖြေပေးပါဆရာ။ဘယ်ဟာကအကောင်းဆုံးလဲဆရာ။

အပင်အာဟာရ စပါး

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 425,842 လွန်ခဲ့သော ၇ နာရီ က

@U Win Zaw ရက်ပေါင်းများစွာ စုဆောင်းထားသော နွားသေး (နွားကျင်ငယ်ရေ) သည် စပါးပင်များအတွက် သဘာဝယူရီးယားဓာတ် ကြွယ်ဝသဖြင့် အာနိသင်အပြည့်အဝ ရှိပါတယ်။ နွားသေးကို အလုံပိတ်ပုံးထဲတွင် ၇ ရက်မှ ၁၄ ရက်ခန့် အချဉ်ဖောက်ထားခြင်းက အပင်လောင်ခြင်းကို သက်သာစေပြီး အာဟာရဓာတ်ကို ပိုမိုစုပ်ယူရလွယ်ကူစေသဖြင့် အကောင်းဆုံး ဖြစ်ပါတယ်။ သို့သော် ဖျန်းပက်သည့်အခါတွင် အပင်မလောင်စေရန်အတွက် နှုန်းထားမှန်ကန်စေရန်နှင့် နေအေးချိန်တွင် စပါးပင်ပွားချိန်နှင့် မှို့ကပ်ချိန်များ၌ ဖျန်းပေးခြင်းက အထွက်နှုန်းကို အကောင်းဆုံး တိုးတက်စေပါလိမ့်မယ်

Kotori Min
Kotori Min 3,830 လွန်ခဲ့သော ၁၆ နာရီ က

ကောင်းပါတယ်။ ၁၄ ရက်အထက်ထားတဲ့ နွားသေးဆို ပိုးတောင်ပြေးသေးတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။