ဒိုချက်ကင်းသဘာဝမြေဩဇာပြုလုပ်ရာတွင် အဆင့် ၂ ဆင့် ရှိပါသည်။
- (၁) ဒိုချက်ကင်းမွေးမြူခြင်း
- (၂) ဒိုချက်ကင်းအသုံးပြုပြီး သဘာဝမြေဩဇာပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။
(၁) ဒိုချက်ကင်းမွေးမြူခြင်း
- ဝါးရုံတောများအောက်တွင်ကြွေနေသော သက်တမ်း (၁-၂) နှစ်ခန့်ရှိ ဝါးရွက်ကြွေများ၊ ဆွေးမြေ့စ ပြုနေသော ဝါးရွက်များရှိပါသည်။ ထိုဝါးရွက်များကိုဖယ်ပြီး အပေါ်ယံမြေဆီလွှာ ၆ လက်မခန့်ကို အချင်း (၂.၅) လက်မ (သို့) ၃ လက်မခန့်အဝိုင်းအဖြစ် တူးဆွချေမွထားရမည်။
- ရေ ၁ ပုံး (သို့) ၃-၄ ဂါလံခန့် ကို တင်လဲရည် ၁ ပုလင်းနှင့် ရောစပ်ထားရမည်။
- ၎င်းနောက် ဖွဲနုနှင့်ထိုမြေများကို အတူရော၍ အထဲသို့ ရေ+တင်လဲရည်အရော ကို လောင်းထည့်ပြီး သမအောင် ပေါက်ပြားဖြင့် မွှေပေးရမည်။
- သမသွားသည့်အခါ ဝါးရွက်များဖြင့်ပြန်ဖုံးကာ မြွေရေခွံအိတ်စများနှင့်ဖုံး၍ ၃ ညအိပ် ထားရမည်။
- မိုးတွင်းကာလတွင် ရေမဝင်စေရန် ဂရုစိုက်ရမည်။
- ၃ ညအိပ်ထားပြီး ၄ ရက်မြောက်တွင် အဖြူရောင်မှိုဒိုချက်ကင်းများထွက်နေသည်ကို တွေ့ရှိရမည်။ လက်ဖြင့်စမ်းကြည့်ပါက အပူချိန် (၆၀ - ၇၀ ဒီဂရီ) ရှိသည်ကို တွေ့ရပါမည်။ အနံ့ချိုမွှေး၍ စူးရှပါက ကောင်းမွန်သည့်ဒိုချက်ကင်းဖြစ်ပါသည်။
- ယင်းဒိုချက်ကင်းကို ကြုံး၍ အိတ်ထဲတွင် ထည့်ယူထားရပါမည်။
(၂) ဒိုချက်ကင်းအသုံးပြုပြီး သဘာဝမြေဩဇာပြုလုပ်ခြင်း
လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများ
- (၁) နွားချေး၊ ဝက်ချေး၊ တိရစ္ဆာန်ချေးများ
- (၂) ကောက်ရိုး
- (၃) စပါးခွံ
ပြုလုပ်နည်း
- စပါးခွံကို ၆ လက်မ ပတ်လည်ခန့်နှင့် အမြင့် ၆ လက်မရှိအောင် မြေပေါ်တွင် ဖြန့်ခင်းပေးပြီး ရေဖျန်းပေးပါ။
- ယင်းစပါးခွံပေါ်သို့ နွားချေး၊ တိရစ္ဆာန်ချေးများကို ၆ လက်မခန့် ဖျန်းပေးပါ။
- နွားချေးပေါ်တွင် မွေးမြူထားသော ဒိုချက်ကင်းကို လက်နှင့်ဆယ်ဆုပ်ခန့် ဖြူးပေးရပါမည်။ ထို့နောက် ရေဖျန်းပေးပါ။
- ၎င်းနွားချေး+ဒိုချက်ကင်းအလွှာပေါ်မှ ကောက်ရိုး၊ ပြောင်းရိုး၊ ပေါင်းမြက်များ ဖြန့်ခင်းပြီးနောက် ပြားသွားစေရန် လူဖြင့်နင်းပေးပါ။
- ယင်း ၃ လွှာပေါင်းကို ၁ ထပ်ဟုခေါ်ပြီး အထပ်တစ်ထပ်စီတိုင်းကို ရေဖျန်းပေးရပါမည်။ ဤသို့အားဖြင့် အထပ် ၄-၅ ထပ်၊ အမြင့်အားဖြင့် ၅ ပေခွဲ - ၆ ပေ ခန့်ရောက်အောင်ပုံပြီး နောက်ဆုံး အထပ်ပေါ်တွင် စပါးခွံဖြင့် ဖုံးအုပ်ပေးပါ။ ထိုကဲ့သို့ မြေဩဇာ ၁ ပုံအတွက် ရေ ၃ ပေပါခန့် လိုအပ်မည် ဖြစ်ပါသည်။
- အပုံကို အထက်အောက်သမအောင်မွှေပြီး ၆-၈ လက်မထုဖြန့်ခင်းလိုက်၊ ရေလောင်းလိုက် လုပ်ပေးရပါမည်။
- ၃-၄ ပတ်ကြာပါက အပုံ၏အပြင်ပိုင်းနှင့်အတွင်းပိုင်း ဓာတ်ပြုမှုညီသွားစေရန် အတွင်းသား၊ အပြင်သား ပြောင်းထုတ်ပေးရပါမည်။
- နောက် ၃-၄ ပတ်အကြာတွင် ယင်းကဲ့သို့ပင် အတွင်းအပြင် တစ်ကြိမ်ထပ်ပြောင်းပေးရပါမည်။
- ယင်းကဲ့သို့ ၂ ခါ အပုံပြောင်းပြီးနောက် ၃-၄ ပတ်အကြာတွင်တော့ ဒိုချက်ကင်းသဘာဝမြေဩဇာကို ရရှိပြီး စိုက်ခင်းတွင် ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ပါသည်။
(စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှထုတ်ဝေသည့် 'သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများလက်စွဲ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)
ဆောင်းပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်..
ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။
ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း..
သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။
ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်…
‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။
Aqua Booster ဆိုတာ…
ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။
သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။
ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။
ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ…
ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။)
ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more
မှာယူရန် နှိပ်ပါ