စိုက်ပျိုးရေပညာရှင်များခင်ဗျာ ကျနော်ကစိုက်ပျိုးရေးဝါသနာရှင်တစ်ယောက်ပါ ရာသီပင်ဖြစ်တဲ့ ဘူးပင်စိုက်ပျိုးရာမှာပုံမှာမြင်ရတဲ့အတိုင်း အညွန့်နဲ့အရွက်နုလေးတေကမရှိတော့ပဲအကောင်တစ်ခုခုစားသလိုဖြစ်နေလို့ဘယ်လိုနည်းလမ်းသုံးရမလဲပြောပြပေးပါဆရာသမားတို့
Sorryပါ။ပိတ်ရက်မှာခရီးထွက်နေလို့ပါ။လက္ခဏာကခေါင်ညွန့်စားပိုးပါ။သူကအရွက်နု..အညွန့်အဖူးအငုံတွေကိုကိုက်ဖြတ်စားပါတယ်။ပျက်စီးနေတဲ့အရွက်များအပေါ်မှာမစင်များတွေ့ရပါလိမ့်မယ်။သူ့ရဲ့ဘဝစက်ဝန်းက ရက်၃၀ခန့်ရှိပါတယ်။ကာကွယ်နှိမ်နင်နည်းတွေက..အကောင်ငယ်တွေကိုလက်နဲ့ကောက်ယူဖျက်စီးပစ်ပါ။..အပင်ခြေကိုရှင်းထားပါ။..တမာပိုးသတ်ဆေးကို ရေ ၂ဂါလံမှာဆေး၆၀စီစီ(ထမင်းစားဇွန််း ၆ဇွန်းခန့်)နဲ့တစ်ပတ်တစ်ခါဖျန်းပေးပါ။ဓါတုဆေးသုံးချင်တယ်ဆိုရင်တော့ ဖျူရာဒန်3G,ဒိုင်မီသိုရိတ် သုံးနိုင်ပါတယ်။နောက်တစ်ခုကတော့ဒါနဲ့မဆိုင်ပါဘူး။နည်းပညာမျှဝေချင်တာပါ။အသီးများများသီးစေတဲ့နည်းပါ။အပင်ရဲ့အဆစ် ၁၃ဆစ်/၁၅ဆစ် မှာဖြတ်လိုက်ပါ။ဒါမှအသီးကိုင်းများထွက်လာပြီးအသီးများလိုက်လာပါလိမ့်မယ်(ကိုယ်တိုင်လက်တွေ့သိရှိမှုပါ)။ အသီးတင်နှုန်းကောင်းအောင် အမဲရိုးများချိတ်ထားပေးပါ။ပျား ပုတုန်းတွေမြှုဆွယ်တဲ့သဘောပေါ့(ရှေးထုံးပါ)။
ဆက်စပ်မေးခွန်းများ
ဘူးသီး အသီးမတင်လို့
ဖြေကြားချက် 2 ခု
ယူရီးယား/ပုလဲမြေသြဇာကိုရွက်ဖျန်းမြေသြဇာအဖြစ်အသုံးြုလို့ရတယ်ဆိုတာဟုတ်ပါသလားဘယ်သီးနှံတွေကိုဘယ်လိုသုံးရလဲသိပါရစေ
ဖြေကြားချက် 2 ခု
ဘာရောဂါဖြစ်တာလည်းဗျ ဘယ်လိုကုသရမလည်းခင်ဗျ
ဖြေကြားချက် 1 ခု
ဘူးကို အော်ဂဲနစ် စနစ်နဲ့စိုက်လို့ရလား ပိုးမွားကျရောက်ရင်ကော သဘာဝပိုးသတ်ဆေးကထိရောက်မှုရှိလားဗျ
ဖြေကြားချက် 1 ခု
အဖိုပွင့်လောက်ပိုးဝင်နေလို့ဝတ်မှ ုန်မကူးနိုင်ဘူးဖြစ်နေတရ်ဘယ်လို့လုပ်သင့်အကြံဉာဏ်လေးပေးပါအုန်း
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။