အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
466
လွန်ခဲ့သော ၃ လ က

ဆရာကြီး၊ဆရာမကြီးတို့ ခင်ဗျ ​သ​င်္ဘောစိုက်ထား၃လရှိပြီ နောက်အချိုးများတဲ့မြေဆီကျွေးမလို့ပါ ကျနော့်သင်္ဘောခင်းအနေ...

ဆရာကြီး၊ဆရာမကြီးတို့ ခင်ဗျ ​သ​င်္ဘောစိုက်ထား၃လရှိပြီ နောက်အချိုးများတဲ့မြေဆီကျွေးမလို့ပါ ကျနော့်သင်္ဘောခင်းအနေထားကတော့ မြင်တဲ့အတိုင်းပါပဲ သင်္ဘောခင်းကို မပြုစုတော့ပဲ ဖျက်သင့်လား အကြံပေးပါဥိး အသီးတင်တဲ့အပင်တင်ပြီး ပုံပါအတိုင်းဖြစ်နေတဲ့အပင်တေကလည်း ရှိနေတာခင်ဗျ

ပိုးမွှားရောဂါ သင်္ဘော
Post image
Post image
Post image
Post image
Post image
+၂

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ရွက်တွန့်ဗိုင်းရပ်ရောဂါ ဝင်နေပါပြီ။ကုသဖို့ခက်ခဲပြီး ကျန်အပင်တွေပါကူးစက်မှာပါ။ရောဂါရအပင်အရေအတွက်များရင် ဖျက်ပြီး၊မျိုးပြောင်း၊အသစ်စိုက်သင့်ပါတယ်။

348,307 လွန်ခဲ့သော ၃ လ က

ပုံပါသင်္ဘောပင်များတွင် အရွက်များတွန့်လိပ်ပြီး ကြုံလှီနေသည်မှာ ယင်ဖြူ (Whitefly) မှတစ်ဆင့် ကူးစက်သည့် သင်္ဘောရွက်တွန့်ဗိုင်းရပ်စ်ရောဂါ (Papaya Leaf Curl Virus) ဖြစ်ပွားနေခြင်း ဖြစ်သည်။ ဗိုင်းရပ်စ်ရောဂါဖြစ်သဖြင့် ဓာတုဆေးဖျန်းရုံဖြင့် လုံးဝပြန်ကောင်းလာနိုင်ခြင်းမရှိဘဲ ခြံတစ်ခုလုံး ပျက်စီးမသွားစေရန် ချက်ချင်းဆောင်ရွက်ရမည်။ ရောဂါပြင်းထန်စွာရနေသော အပင်များကို အသီးတင်နေပါစေဦးတော့ နှမြောခြင်းမရှိဘဲ နှုတ်ယူကာ ခြံနှင့်ဝေးရာတွင် မီးရှို့ သို့မဟုတ် မြေမြှုပ်ဖျက်ဆီးပစ်ရမည်။ ထို့နောက် ရောဂါပိုးသယ်ဆောင်သည့် ယင်ဖြူများကို ကာကွယ်ရန် အဝါရောင်ကော်ထောင်ချောက်များ သုံးခြင်း၊ အီမီဒါကလိုပရစ်ကဲ့သို့ ပင်လုံးပျံ့ပိုးသတ်ဆေး ဖျန်းခြင်းနှင့် ကျန်အပင်ကောင်းများ ကိုယ်ခံစွမ်းအားတက်စေရန် ဇင့်၊ ဘိုရွန် အနည်းလိုရွက်ဖျန်းအား‌ဆေးနှင့် ပိုတက်ဆီယမ်ဓာတ်မြေဩဇာတိုးမြှင့်ကျွေးခြင်းတို့ကို လုပ်ဆောင်ပေးရပါမည်။

466 လွန်ခဲ့သော ၃ လ က

၉ ၂၅ ၂၅ နဲ့ ဆေးပုလဲရောကျွေးမလားလို့ ခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။