ဘဲဥတွင်ပါဝင်သော အာဟာရဓါတ်အကြောင်း
အချို့လူများမှာ ကြက်ဥစားမှ အားရှိကြသည်ဟု ပုံသေမှတ်ယူတတ်ကြပါသည်။ အမှန်တကယ်မှာလည်း ကြက်ဥမှာ အာဟာရဓါတ်တွေ အများအပြားပါဝင်သည့်အတွက် စားသုံးသင့်ပါသည်။ ထို့အတူ ဘဲဥမှာလည်း ကြက်ဥနည်းတူ အာဟာရဓါတ်တွေ စုံစုံလင်လင်ပါဝင်နေပါသည်။
ဘဲဥကို ဟင်းချက်စားခြင်း၊ ကြော်စားခြင်း၊ ပြုတ်စားခြင်းများအပြင် ဖြည့်စွတ်စာအနေဖြင့်လည်း စားသုံးနိုင်ပါသည်။ ဥပမာ - မုန့်ဟင်းခါးထဲတွင် "အိုးဘဲဥ" လုပ်ပြီးထည့်စားခြင်း၊ အသုပ်ထဲထည့်စာခြင်းမျိုး စသည်တို့ ပါဝင်သည်။ ဘဲဥတွင်လည်း အာဟာရဓါတ်စုံစုံလင်လင်ပါသည့်အတွက် စားလျှင် အားဖြစ်စေသလို ကျန်းမာသန်စွမ်းရန်အတွက်လည်း အထောက်အကူဖြစ်စေပါသည်။
အာဟာရဓါတ်ဆိုင်ရာပညာရှင်များက ဘဲဥတွင် အောက်ပါအာဟာရဓါတ်များ ပါဝင်ကြောင်း ဆိုကြပါသည်။
ပရိုတင်းဓါတ် - ၁၁.၇ ရာခိုင်နှုန်း
အဆီဓါတ် - ၁၂.၆ ရာခိုင်နှုန်း
သတ္တုဓါတ် - ၁.၉ ရာခိုင်နှုန်း
ကစီဓါတ် - ၀.၇ ရာခိုင်နှုန်း စသည်တို့ဖြစ်ကြသည်။
ကြက်ဥ၊ ဘဲဥကို အသင့်အတင့် စားပေးခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများလည်း ရှိလာနိုင်ပါသည်။
- မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါသည်။
- ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါသည်။
- ဦးနှောက်၏ လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေပါသည်။
- နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါသည်။
- ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။
- ဆံကေသာ၊ လက်သည်းနှင့် အသားရေကို ကျန်းမာလှပစေပါသည်။
- ကြွက်သားကို ဖွံ့ဖြိုးစေပါသည်။
ဘဲဥမှာ ဈေးနှုန်းအနေဖြင့် ဆိုလျှင်လည်း သက်သာ၍ ဟင်းချက်မည်ဆိုလျှင်လည်း ကရိကထမများသည့်အတွက် မြန်မာနိုင်ငံတွင် ဘဲဥ၏အခန်းကဏ္ဍသည် အရေးပါနေဆဲဖြစ်ပါသည်။ ဘဲမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ဘဲဥသည် စီးပွားရေးအရ အရေးပါပြီး မွေးမြူမှုများသည့် လုပ်ငန်းတစ်ခုဖြစ်သည်မှာ ငြင်း၍မရနိုင်သည့် အမှန်တရားတစ်ခုဖြစ်ပါသည်။
ဦးဇော် (dof)
မှီငြမ်း - ဆရာကောင်းထက်၏ ဘဲဥနှင့် အာဟာရအကြောင်းစာစုမှ ကောက်နှုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ပေါ်ဆန်း140/145မျိုး ပျိုးတစ်လနှုတ်ပြီး စိုက်ခင်းပြောင်းရွှေ့စိုက်ထားပါတယ်။ကာစူဂါမိုင်စင်မှိုသတ်ဆေးနဲ့ ကာတက်ပါသောဆေး နှစ်ကြိမ်၊ကာစူဂါမိုင်စင် သီးသန့်တစ်ကြိမ်။ရိန်းဘိုးကုမ္ပဏီက စစ်သူကြီး တစ်ကြိမ်၊ဒီနေ့ ဩဘာက ဖိုင်းရာ50ccထည့်ပြီး ဖျန်းခဲ့ပြီး၊ပိုတက် ကျောက်မှုန့်နဲ့ ပုလဲပါးပါး ကျွေးထားထယ်။ဘာဆက်ဆောင်ရွက်သင့်လညါး အောက်ရွက်နည်းနည်း ခြောက်လို့ပါဗျ။
ဦးနေဇော်ငြိမ်း • ဖြေကြားချက် 7 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
အရွက်တွေကွက်ကြားခြောက်ပြီးတစ်နေ့ထက်တစ်နေပိုပိုခြောက်တယ့်အကျယ်အဝန်းကများလာလို့ဆရာ/စပါးကမင်းဧရာပါ
Zaw Than Oo • ဖြေကြားချက် 1 ခု
ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ
Aung Myo Oo • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
More from ဦးဇော်(dof)
အားလုံး