“ငှက်ပျောပင်နှင့် ဒေသကြက်၊ ဝက် အစာနှင့် ဥစားဘဲ အစာပြုလုပ်နည်း”

28/01/2021 11:45 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ငှက်ပျောပင်နှင့် ဒေသကြက်အစာပြုလုပ်နည်း (အသားဓာတ် ၁၅%) 

၁။ ငှက်ပျောပင်(ပါးပါးလှီး) - ၃၀ ကီလိုဂရမ်

၂။ ဖွဲနု - ၃၀ ကီလိုဂရမ်

၃။ ဆန်ကွဲ - ၁ ကီလိုဂရမ်

၄။ ဆား(စားပွဲတင်ဇွန်း) - ၂ ဇွန်း

၅။ သကြားအညို - ၁ ကီလိုဂရမ်

ပြုလုပ်ပုံ

      ကုန်ကြမ်းအားလုံးရောစပ်ပြီး (၅) ရက်ခန့် ပုံးထဲတွင် သိပ်ထားပါ။(၅)ရက်ပြည့်လျှင်ကြက်/ ဘဲများကို ကျွေးနိုင်ပါပြီ။ 

စရိတ်သက်သာသော ဝက်စာပြုလုပ်နည်း

၁။ ပီလောပီနံ - ၁၀ ကီလိုဂရမ်

၂။ ဖွဲနု - ၁၅ ကီလိုဂရမ်

၃။ ထမင်းဖြူ - ၁ ကီလိုဂရမ်

၄။ ငါး (သို့မဟုတ်) ခရုနှပ်ရည် - ၁ လီတာ

ပြုလုပ်ပုံ

      ကုန်ကြမ်းအားလုံးကို ရောစပ်ပြီး သမအောင်မွှေပေးပါ။ လက်ဖြင့် အတုံးလေးများဖြစ်  အောင်  ဆုပ်ပေးပါ။ ထိုအလုံးလေးများကို လေသလပ်ခံပြီး အခြောက်လှမ်းပါ။ ခြောက်ပါက တိရစ္ဆာန်အစာ( ဝက်၊ ဖား၊ ငါးခူ)တို့ကို ကျွေးမွေးနိုင်ပါသည်။ 

ဥစားဘဲစာပြုလုပ်နည်း

ဘဲဥထွက်နှုန်းတိုးစေသော အစာပြုလုပ်နည်း

၁။ ငှက်ပျောပင်(ပါးပါးလှီး) - ၅၀ ကီလိုဂရမ်

၂။ တင်လဲရည် - ၁/၂ ကီလိုဂရမ်( ကီလိုဝက်) 

၃။ ဆား - ၃၀၀ ဂရမ်

ကုန်ကြမ်းပစ္စည်းအားလုံးကို သမအောင်ရောမွှေပြီး (၂)ရက်ခန့် နှပ်ထားပါ။

အသုံးပြုပုံ 

၁။ နှပ်ထားသောအစာ - ၁  ကီလိုဂရမ်

၂။ ဖြည့်စွက်အစာ(အသင့်ကျွေးစပ်စာ) - ၅ ကီလိုဂရမ်

၃။ ဖွဲနု - ၅ ကီလိုဂရမ်

၄။ အသီးအချဉ်ဖောက်ရည်စားပွဲတင်ဇွန်း- ၃ ဇွန်း တို့ကို သမအောင် ရောပြီး ကျွေးနိုင်ပါသည်။ ဘဲငယ်အစာတွင်လည်း အသီးချဉ်ဖောက်ရည်ကို ထည့်၍ ကျွေးနိုင်ပါသည်။ အသီးချဉ်ဖောက်ရည်မရှိပါက EM ကို ထည့်သွင်း အသုံးပြုနိုင်ပါသည်။ 

တိရစ္ဆာန်အစာ ငှက်ပျောပင်နှင့် နှပ်နည်း

၁။ ငှက်ပျောပင် (ပါးပါးလှီး) - ၁၀၀ ကီလိုဂရမ်

၂။ သကြားအညို - ၄ ကီလိုဂရမ်

၃။ ဆား - ၁ ကီလိုဂရမ်

ပြုလုပ်ပုံ

      ကုန်ကြမ်းအားလုံး၏ တစ်မျိုးချင်းစီကို (၁၀ )ပုံ ပုံပြီး ၁ပုံလျှင် ( ၁ )ထပ်နှုန်းဖြင့် ပလပ်စတစ်ပုံးထဲ ထည့်ကာ အပေါ်မှ အဖုံး, ဖုံးထားပေးပါ။ ၎င်းကို (၅ )ရက်ခန့်နှပ်ထားပေးပါ ။ (၅ ) ရက်ပြည့်ပါက ငှက်ပျောပင်နှပ်စာကို အသင့်ကျွေးစပ်စာတို့နှင့် ရောစပ်ပြီး ကျွေးမွေးနိုင်ပါသည်။ 

အလေးချိန်တွက်ချက်မှု

(၁) ကီလိုဂရမ်    - ၆၂ ကျပ်သား

(၁) ပိဿာ         - ၁.၆၁ ကီလိုဂရမ်

 ဦးဇော် (dof)

မှီငြမ်း - မယ်ဖာလုံဖောင်ဒေးရှင်း လက်ကမ်းစာစောင်မှ ကောက်နှုတ်ဖော်ပြပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်