မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲတီစိမ်း၊ ပြောင်းဆံ၊ ကြက်သွန်နီ (တစ်ပတ်အတွင်း ဈေးအပြောင်းအလဲများ)
- မတ်ပဲဈေး ၃ ပတ်ဆက်တိုက် တက်နေပြီး ထပ်တက်နိုင်ချေရှိတယ်လို့ ခန့်မှန်းထား
- ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်က အနည်းငယ်တက်ခဲ့သလို ဒီတစ်ပတ်မှာလည်း ၁၄ သိန်းကျော်အထိ ဈေးထပ်တက်လာ
- ပဲတီစိမ်းကတော့ အတက်ဈေးနဲ့ဈေးငြိမ်နေပြီး တရုတ်တင်ပို့မှုလည်း ပုံမှန်ဆက်ရှိနေ
- ပြောင်းဆံဈေးကတော့ ပြည်ပတင်ပို့မှု မရှိလို့ ဈေးဆက်ကျနေ
- ကြက်သွန်နီကတော့ အဝင်နည်းနေပြီး ပြည်ပဝယ်ယူမှုများနေလို့ ဈေးဆက်တိုက်တက်ခဲ့ပြီး ဆက်တက်နိုင်ခြေရှိတယ်လို့ ကုန်သည်အများစုက သုံးသပ်

မတ်ပဲ
မတ်ပဲကတော့ ၃ ပတ်ဆက်တိုက် ဈေးတက်လာပါတယ်။ အိန္ဒိယဝယ်ယူမှုက လျော့နည်းနေပေမယ့် ပုံမှန်တင်ပို့မှုကတော့ ရှိနေပါတယ်။ ပဲဝယ်ယူမှုနဲ့ပတ်သတ်ပြီး ဈေးတိုးမြှင့်လိုက်တဲ့ ထုတ်ပြန်ချက် က ဈေးတွေ တက်သလို ပြည်တွင်းပဲကုန်သည်တွေကလည်း အမြင့်ဈေးနဲ့ ရောင်းဝယ်မှုတွေကြောင့် ပဲဈေးက ဆက်တိုက်တက်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလောက်ကလည်း ဈေးတွေ အမြင့်ဈေးနဲ့ အရောင်းအဝယ်ရှိခဲ့ပြီး အရမ်းဈေးမကျဆင်းအောင် ကုန်သည်အချင်းချင်း ထိန်းရောင်းမှုတွေရှိခဲ့ပါတယ်။လက်ရှိမှာတော့ ပဲဈေးက ထပ်ပြီးတက်နိုင်ခြေရှိသေးတယ်လို့ ခန့်မှန်းထားပေမယ့် ဒီနေ့မှာတော့ တစ်တန်ကို ကျပ် ၁၆ သိန်း ကျော်ထိ ဈေးရှိသွားပြီဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲက တစ်တန်ကို ၁၆၁၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ၈ သောင်းကျော် ဈေးတက်လာတာပါ။ မနေ့ကနဲ့ ဒီနေ့အတွင်းမှာတင် တစ်တန်ကို ကျပ် ၄ သောင်းကျော်ထိ ဈေးတက်လာတာပါ။
မန္တလေးဈေးကွက်မှာတော့ ပိဿာ (၆၀) တစ်အိတ်ကို ၁၅၅၀၀၀ ကနေ ၁၅၆၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျော်ထိ ဈေးတက်လာပါတယ်။
မြင်းခြံဈေးကွက်မှာတော့ တစ်ပိဿာကို ၂၄၅၀ ကနေ ၂၅၀၀ ကျပ်ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ၊ မုံရွာဈေးကွက်မှာတော့ ၄၈၀၀၀ ကနေ ၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၇၀၀ ကျပ်၊ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၅၀၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်စီ အသီးသီး ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်က အနည်းငယ်တက်ခဲ့သလို ဒီတစ်ပတ်မှာတော့ ၁၄ သိန်းကျော်အထိ ဈေးထပ်တက်လာပါတယ်။ ရက်အတော်ကြာဈေးငြိမ်နေခဲ့ပေမယ့် မတ်ပဲတက်လို့ ပဲစင်းငုံနီဈေးလည်း အနည်းငယ် တက်လာပေမယ့် အိန္ဒိယဝယ်ယူမှုကတော့ လျော့နည်းပါတယ်။ ပြည်တွင်းအရောင်းအဝယ်ကလည်း နည်းပြီး အတက်အကျကလည်း သိပ်မရှိပါဘူး။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၄ သိန်း ၁ သောင်းပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သောင်းလောက်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပိဿာ (၆၀) တစ်အိတ်ကို ၁၃၀၀၀၀ ကနေ ၁၃၁၀၀၀ ကြား ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပခုက္ကူဈေးကွက်၊မုံရွာဈေးကွက်၊အောင်လံဈေးကွက်တို့မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၄၃၇၀၀ ကနေ ၄၄၀၀၀ ကြား အရောင်းအဝယ်ရှိနေပြီး တစ်တင်းကို ၇၀၀ လောက်ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ အတက်ဈေးနဲ့ပဲ ဈေးငြိမ်နေပါတယ်။ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းအချို့ကတော့ ဈေးကောင်းရရှိနေပါတယ်။ တရုတ်တင်ပို့မှုကတော့ ပုံမှန်ပဲရှိပြီး အရောင်းအဝယ်ကလည်း ပုံမှန်ရှိပါတယ်။
ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၃၁၅ ကနေ ၂၃၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅ ကျပ်ဈေးတက်လာပြီး အခြားပဲတွေကတော့ ဈေးငြိမ်ပါတယ်၊
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၀၀၀၀ ကနေ ၁၅၄၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀ လောက်ဈေးတက်လာပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်း(ကြီး၊သေး) တစ်တင်းကို ၃၄၀၀၀ ကနေ ၄၃၅၀၀ ပေါက်ဈေး ရှိပြီးဈေးငြိမ်ပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၄၁၀၀၀ ကနေ ၄၆၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ကာ မကွေးဈေးကွက်မှာတော့ တစ်တင်းကို ၄၆၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပြောင်းဆံ
ပြောင်းဆံကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကျဆင်းနေပြီး ဒီတစ်ပတ်မှာလည်း ဈေးက ဆက်ပြီး ကျဆင်းသွားပါတယ်။ ပြည်ပတင်ပို့မှု မရှိတဲ့အတွက်ကြောင့် ဈေးတွေကျဆင်းနေတာဖြစ်တယ်လို့သိရ ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပြောင်းဆံက တစ်ပိဿာကို ၁၀၃၀ ကနေ ၁၀၆၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းက တစ်အိတ်ကို ၅၁၅၀၀ ကနေ ၅၂၅၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
အခြားဗမာပြောင်း၊ရှမ်းပြောင်း၊ ပြောင်းနီတို့ကတော့ တစ်အိတ်ကို ၄၀၀၀၀ ကနေ ၅၂၀၀၀ ကြားပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၁၆၈၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဆက်တိုက် ဈေးမြင့်တက်နေပါတယ်။ အဝင်နည်းနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ဝယ်ယူမှုများနေတဲ့အတွက်ဈေးက ဆက်တိုက်တက်နေခဲ့တာဖြစ်ပါတယ်။ ဆက်ပြီးတက်နိုင်ခြေရှိတယ်လို့ ကုန်သည်အများစုက သုံးသပ်ထားပါတယ်။
ရန်ကုန်ဈေးကွက်ကိုတော့ နေ့စဉ် ပိဿာချိန် ၁ သိန်းကျော်ဝင်ရောက်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူက တစ်ပိဿာကို ၁၂၅၀ ကနေ ၂၀၀၀ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ကြက်သွန်နီမုံရွာကတော့ တစ်ပိဿာကို ၁၄၂၅ မှ ၂၁၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ တစ်ပိသာကို ၇၀၀ ကနေ ၁၈၀၀ ထိ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၄၀၀ကျပ် ဈေးမြင့်တက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၉၀၀ ကနေ ၂၁၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ်ဈေးတက်လာပါတယ်။
(ယခုတစ်ပတ် တနင်္လာ (ဇွန် ၁၃ ရက်) မှ သောကြာ (ဇွန် ၁၇) အတွင်း ဈေးကွက်အခြေအနေများကို ဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
ဆက်စပ်မေးခွန်းများ
ဆာဖိုးသာစပါးစျေးလေးဘယ်စျေးပေါက့်လည်း
ဇင်ကိုလတ် • ဖြေကြားချက် 1 ခု
ကြဲသားစပါးခင်းထဲက မြက်မုံညင်းကို မည်သည့်ပေါင်းသတ်ဆေးနဲ့ဖျန်းရမလဲခင်ဗျ
မောင်ငွေတိုး • ဖြေကြားချက် 1 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
စတော်ဘယ်ရီပင်တွေဒီလိုဖြစ်နေလို့အဟာရချို့တဲ့တာလားပိုးလားဗျ
Mg Mg • ဖြေကြားချက် 2 ခု
အပင်တွေကပုံထဲကအတိုင်းဖြစ်နေလို့ပါဗျ ဦးတိုရေး ဖြေရှင်းပေးပါဗျ
ကိုမျိုးသူ • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from AMIA
အားလုံး
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....