အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရန်ကုန်ဈေးကွက် မတ်ပဲနှင့် ပဲစင်းငုံဈေးများ တစ်တန် ကျပ် ၅၀၀၀၀ မှ ၆၀၀၀၀ ကျော်ထိခုန်တက်

ရန်ကုန်ဈေးကွက် မတ်ပဲနှင့် ပဲစင်းငုံဈေးများ တစ်တန် ကျပ် ၅၀၀၀၀ မှ ၆၀၀၀၀ ကျော်ထိခုန်တက်

Green Way
Green Way • 27/06/2022

ရန်ကုန်ဘုရင့်နောင်ဈေးကွက် မတ်ပဲ ဒီတစ်ပတ်အဖွင့်ဈေးဟာ ပြီးခဲ့တဲ့အပတ် အပိတ်ဈေးနဲ့ ယှဉ်ရင် တစ်တန် ကျပ် ၅၀၀၀၀၊ ၆၀၀၀၀ ထိ ဈေးတွေတက်လာတာဖြစ်ပါတယ်။ အကျဘက်ရောက်နေတဲ့ ပဲစင်းငုံနီကလည်း တစ်တန် ကျပ် ၆၀၀၀၀ ကျော်ထိ ပြန်ခုန်တက်လာတာပါ။

ပြီးခဲ့တဲ့အပတ် သောကြာ (ဇွန် ၂၄ ရက်) တုန်းက တစ်တန်ကို ကျပ် ၁၆၀၇၅၀၀ ပေါက်ဈေးရှိခဲ့တဲ့ မတ်ပဲ(FAQ/RC - ၂၀၂၂)ဟာ ဒီတစ်ပတ်အဖွင့်ဈေး (ဇွန် ၂၇ ရက်) မှာတော့ တစ်တန်ကို ကျပ် ၁၆၇၅၀၀၀ ထိ ဖြစ်လာတာပါ။ တစ်တင်းဈေးနှုန်းဆိုရင်တော့ ၅၃၂၉၅ ကျပ် ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ် သောကြာ (ဇွန် ၂၄ ရက်) တုန်းက တစ်တန်ကို ကျပ် ၁၇၉၇၅၀၀ ပေါက်ဈေးရှိခဲ့တဲ့ မတ်ပဲ(SQ/RC -၂၀၂၁)က အတက်ပိုကြမ်းခဲ့ပြီး ဒီနေ့မှာ တစ်တန်ကို ကျပ် ၆၀၀၀၀ ထိ ဈေးတက်လာပါတယ်။  တစ်တင်းဈေးနှုန်းဆိုရင်တော့ ၅၉၇၂၆ ကျပ် ရှိနေတာဖြစ်ပါတယ်။

အိန္ဒိယ ပဲလိုအပ်ချက်တွေ ရှိနေတဲ့အတွက် ပြည်တွင်း ပဲကုန်သည်တွေအနေနဲ့ ဝယ်ယူသိုလှောင်မှုတွေ ရှိနေပြီး  ဈေးတွေတက်လာတာ ဖြစ်တယ်လို့တော့ AMIA က ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့အပတ်က ဈေးဆက်တိုက်ကျခဲ့ပြီး သောကြာ (ဇွန် ၂၄ ရက်) တုန်းက တစ်တန်ကို ကျပ် ၁၃၈၀၀၀၀ ထိ ရောက်သွားခဲ့တဲ့ ပဲစင်းငုံနီ (RC -၂၀၂၁)ကလည်း တစ်တန်ကို ၆၄၀၀၀ ကျပ် ဈေးတက်လာပြီး  ၁၄၄၄၀၀၀ ထိ ပြန်ရောက်လာပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို အခြေခံ ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ရည်ပွေပေါက်ပြီးဘယ်နာရီခြားမှာ မွေးမာလဲ။ ဆွေးနွေးပေးပါ..ဆရာတို့

latdan aung • ဖြေကြားချက် 1 ခု

မြေပဲမစိုက်ခင် ဂျစ်ပဆင်ကိုဘယ်အချိန်ထည့်ရတာလည်းရှင့် မြေပဲစိုက်ပြီးမှထည့်ရင်အစိုဓာတ်မလုံလောက်မှာစိုးလို့ပါရှင့် ကျွန်မတို့ဒေသမှာမြေပဲကိုရေသွင်းလေ့မရှိလို့ပါ

Hnin Nu Wai • ဖြေကြားချက် 2 ခု

ရွှေဘိုဘေးကျားလေးက သက်တမ်းဘယ်လောက်ရှိ့လဲဗျ ပြီးတော့ ဘယ်နရက်သားဆိုဖုံးလဲဗျ အခုက ၇၈ ရှိ့ပါပြီဗျ ပြီးတော့ အပင်လိုလှုပ်ကြည့်လိုက်လျှင်ဖြုတ်ပိုး၆ကောင်၇ကောင်လောက်တွေ့ရတယ်ဗျ ဆိုးရိမ်ရလာဗျ ဖြေပေးပါအုံးခဗျာ

KYAW SHANE • ဖြေကြားချက် 7 ခု

စပါးပင်တွေပင်ပွားမရှိဘဲ ပိတ်သည်းနေတာ 75ရက်သားရှိပါပီ မှို့ဆေးဖျန်းရတေယ့မလား 120သက်တမ်းစပါးပါ

Theint Theint Nway • ဖြေကြားချက် 1 ခု

မစိုက်ခင် ထရိုက်ကိုဒါးမားဖြန်းပြီး မျိုးစေ့လူးနယ်ဆေးကို ဓာတုဆေး သုံးလို့ရလား သိချင်ပါတယ်

Thiha • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။