ငါးခူ သားဖောက်နည်းနှင့် သားပေါက်ပြုစုနည်း

18/02/2022 15:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးခူငါးဟာ လူကြိုက်များတဲ့ ငါးအမျိုးအစားထဲမှာ ပါဝင်ပြီး စျေးကွက်မှာလည်း ဝယ်လိုအားကောင်းမွန်တဲ့ ငါး တစ်မျိုး ဖြစ်ပါတယ်..။  ငါးခူငါးကို သဘာဝအတိုင်းရော၊ ဆေးထိုးသားဖောက်တဲ့နည်းနဲ့ပါသားဖောက်မွေးမြူလို့ ရနေပြီမို့ သားဖောက်မွေးမြူလိုသူတွေအတွက် ငါးခူသားဖောက်နည်းကို ပြောပြပေးပါ့မယ်..။

ငါးမျိုးစုဆောင်းခြင်း

ငါးခူပေါက်ကလေးတွေကို မိုးရာသီမှာ လယ်ကွင်းတူးမြောင်းနဲ့ ရေလျှံကွင်းတွေကနေ အလွယ်တကူ စုဆောင်း ရရှိ နိုင်ပါတယ်..။ ဒါမှမဟုတ် မွေးမြူရေးကန်များအတွင်း သဘာဝ ကျင်းများကဲ့သို့ ဖန်တီးပြီးလည်း သားဖောက်နိုင် ပါတယ်..။

သဘာဝနည်းဖြင့် သားဖောက်နည်း

ငါးခူငါးသားဖောက်ရန်အတွက် အရွယ်ရောက်သော ၁နှစ် သားအရွယ် ကိုယ်ထည်အလျား ၈ လက်မမှ ၁၂ လက်မ ရှိ ငါးခူ အထီးနဲ့အမကြီးများကို ရွေးချယ်ထည့်သွင်းရပါမည်။ အချိုးအစားမှာ အထီး၂ ကောင်လျှင် အမ ၁ ကောင် နှုန်း ဖြစ်ပါတယ်..။ ပြုလုပ်ထားတဲ့ ကျင်းအရေအတွက်နဲ့အညီ ငါးများကို အစုံလိုက်ထည့်ပေးပါ။ ၃ ရက်လျှင် ၁ကြိမ်ကျ ကျင်းများကို စစ်ဆေးကြည့်ခြင်းအားဖြင့် ဥချပြီးမပြီး သိနိုင်ပါတယ်..။ ဥချသောအခါ တစ်ကျင်းလျှင် ငါးခူဥပေါင်း ၂၀၀၀ မှ ၅၀၀၀ အထိ ဥနိုင်ပါတယ်..။

ဆေးထိုးသားဖောက်နည်း

ငါးခူငါးကို ဆေးထိုးသားဖောက်ပြုလုပ်လိုလျှင် ၁ နှစ်သားအရွယ်ငါးခူကြီးများကို ရွေးချယ်ရပါမယ်..။ ငါးခူ အမရဲ့ ပျှမ်းမျှအလေးချိန်မှာ ၁၂ ကျပ်သားခန့်ရှိပြီး အလျားမှာ ၁၀ လက်မခန့်ရှိရပါမယ်..။ 

ငါးခူအထီးရဲ့ ပျှမ်းမျှ အလေးချိန်မှာ ၁၀ ကျပ်သားခန့်ရှိပြီး အလျားမှာ ၉ လက်မခန့် ရှိရပါမယ်..။ ငါးထီးရဲ့ မျိုးရည် ဟာ မပျစ်မကျဲဖြစ်ပါက အနေတော်ဖြစ်ပါတယ်..။ ငါးမရဲ့ဥတွေဟာ တစ်လုံးချင်းဖြစ်ရင်လည်း သင့်လျော်ပါတယ်။

ဆေးထိုးတဲ့အခါမှာ ငါးမကို ၂ ကြိမ်နှင့် ငါးထီးကို ၁ကြိမ်ထိုးပေးရပါမယ်..။ ငါးမကို ပထမအကြိမ်ဆေးထိုးရာမှာ ငါးခူမှရသောအကျိတ်ဟိုမုန်းဆေး ၆ မီလီဂရမ်ထိုးပြီး နောက် ၆ နာရီ အကြာမှာ ဒုတိယအကြိမ် ၉ မီလီဂရမ်ကို ထိုးရပါမယ်..။ ငါးမကို ဒုတိယအကြိမ် ဆေးထိုးပြီးတဲ့အခါ ငါးထီးကို အကျိတ်ဟိုမုန်းဆေး ၆ မီလီဂရမ် ထိုးပေး ရပါမယ်။

ဆေးထိုးပြီးသားငါးအစုံကို အသင့်ပြင်ထားတဲ့ ငါးလှောင်ကန်အတွင်းသို့ ထည့်ပါ ။ ဥများတွယ်ကပ်နိုင်စေရန် ငါး ကန်အတွင်းမှာ မြက်ပင်၊ ပင်လယ်ကဗွီးရွက် စတဲ့ အပင်များကိုထည့်ထားပေးရပါမယ်..။

ဆေးထိုးပြီး ၁၄ နာရီမှ ၁၆ နာရီအတွင်း ငါးများမိတ်လိုက်၍ ဥချကြပါလိမ့်မယ်..။ ငါးတစ်စုံလျှင် ပျှမ်းမျှအားဖြင့် ဥ ၄၀၀ဝ ခန့် ဥချနိုင်ကြပါတယ်..။ ငါးများမိတ်လိုက်တဲ့အချိန်မှာ ရှိသင့်တဲ့အပူချိန်မှာ ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၀ ဒီဂရီစင်တီဂရိတ်ဖြစ်ရင် ကောင်းပါတယ်..။ 

ဥချပြီး နာရီ ၂၀ အကြာမှာတော့ ငါးသားပေါက်ကလေးများ ပေါက်ဖွားလာပါမယ်..။

ငါးကလေးများကို အလျား ၁၀ ပေ၊ အနံ ၆ ပေ၊ အနက် ၂ပေရှိ အုတ်ကန်ငယ်အတွင်းမှာ ပြုစုနိုင်ပါတယ်..။ ကန်ငယ်တစ်ခုတွင် ငါးသားပေါက်ကလေးများ ၁၅၀၀၀ မှ ၂ဝဝဝဝ အထိ ထည့်သွင်းပြုစုနိုင်ပါတယ်..။

နေ့စဉ် ဖွဲနု ၃၀ ကျပ်သား၊ ပဲဖတ်  ၁၅ ကျပ်သား၊ အသားဓာတ်ဖြစ်သော ငါးနုတ်၊ ပုစွန်ဆိတ် ၆၅ ကျပ်သားကို ရော ကြိတ်ကျွေးပါက ရက်သတ္တ၂ ပါတ်အကြာတွင် ၁ လက်မမှ ၁ လက်မခွဲ အရွယ်ထိ ကြီးထွားလာသော ငါးသန်ကလေးများဖြစ်လာပါမယ်..။ 

Ref: ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်