မြန်မာ့ပီလောပီနံကို စစ်ဆေးနိုင်ရန် တရုတ်ကမ်းလှမ်း

10/12/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ပီလောပီနံကို တရုတ်နိုင်ငံမှ လာရောက်စစ်ဆေးသွားနိုင်ဖို့အတွက် ကမ်းလှမ်းတာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

သူတို့နိုင်ငံရဲ့ ပီလောပီနံလိုအပ်ချက်များရှိတာကြောင့် အရင်လာရောက်စစ်ဆေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးစိုးသန်းမင်းဒင်ကပြောပါတယ်။

သူတို့လိုချင်တာကိုဝယ်မှာဖြစ်တဲ့အတွက် လိုအပ်တဲ့သီးနှံကိုပဲ အရင်လာရောက်စစ်ဆေးတာပါ။ ပီလောပီနံကို လာစစ်မယ်လို့တော့ပြောတယ်။ ဦးစားပေးတဲ့ထဲမှာ တောင်းတာတော့မဟုတ်ဘူး။ ပီလောပီနံကိုလာပြီးစစ်ဖို့အတွက်ကိုလည်း သူတို့က ကမ်းလှမ်းနေပြီ

မြန်မာ့သီးနှံ (၂၂)မျိုးထဲမှ ဦးစားပေး(၅)မျိုးဖြစ်တဲ့ ထောပတ်သီး ၊နာနတ်သီး ၊ ကျွဲကော်သီး ၊ဌက်ပျောသီးနဲ့ သံပုရာသီးကို တောင်းဆိုခဲ့ပြီး ဌက်ပျောသီးကိုသာ လာရောက်စစ်ဆေးမှုများရှိသေးကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

ယခင်ကမြန်မာ့သီးနှံများကို ဂိတ်ပေါက်(၂)ခုကသာ တင်ပို့နိုင်ခဲ့ပေမယ့်လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၂၆) ရက်နေ့ မှစတင်ကာ အခြားဂိတ်ပေါက်များမှာပါ တင်ပို့နိုင်ဖို့အတွက် ထပ်မံခွင့်ပြုလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်