နွားမတစ်ကောင်ရဲ့ မျိုးအောင်မျိုးပွားခြင်း

15/07/2020 11:30 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

    နွားခြံတစ်ခြံအမြတ်ရဖို့အတွက် ခြံမှာရှိတဲ့နွားမတွေရဲ့ မျိုးအောင်နှုန်းကောင်းဖို့ အရေးကြီးပါတယ်။ ခြံတစ်ခြံမှာ မကြာခဏနွားမသားပေါက်နေတယ်ဆိုတာ ခြံရဲ့အဓိကဝင်ငွေ လမ်းကြောင်းဖြစ်သည့် နွားနို့ထုတ်လုပ်မှုနှင့် နွားကလေးများ များစွာရရှိမှာဖြစ်ပါတယ်။

နွားမတစ်ကောင်သားအောင်ဖို့ သူမရဲ့ခန္ဓာကိုယ်ထဲမှာ ဘယ်လိုတွေလုပ်ဆောင်ရပါသလဲ?

    နွားမတစ်ကောင်ဟာ သူမမှာ ကိုယ်ဝန်ဆောင်ထားခြင်းမရှိသေးပါက ၂၁ ရက်ခြား ၁ ကြိမ် သားတောင်းပါတယ်။ ကျန်းမာရေးကောင်းမွန်ပြီး အစာအာဟာရပြည့်မီစွာ စားနေရသော နွားမတစ်ကောင်ဟာ ပုံမှန်အားဖြင့် တစ်သားမွေးပြီးနောက် (၂-၃) လအတွင်း သားပြန်တောင်းလေ့ ရှိပါတယ်။

    သားတောင်းနေစဉ်တွင် နွားမ၏ပုံမှန်အမူရာများ ပြောင်းလဲသွားတယ်။ မြိုင်လက္ခဏာများအနေဖြင့် စိတ်ပိုကြမ်းလာခြင်း၊ အော်ခြင်း၊ တစ်ခါတရံ အမတန်ဆာမှ အကျိအချွဲများကျခြင်း၊ အခြားတစ်ကောင်ပေါ် ကျော်ခွခြင်း၊ သူ့အပေါ်ကျော်ခွခြင်းကို ငြိမ်ခံနေခြင်း၊နို့ထွက်နှုန်းရုတ်တရက်ကျခြင်း၊သို့သော်အချို့မှာ အပြုမူ အမူရာများပြောင်းလဲလာခြင်း စသည့်တို့ တွေ့ရပါတယ်။ 

    ဒီလိုလက္ခဏာတွေတွေ့ရတာဟာ နွားမရဲ့ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းပြောင်းလဲလာ ခြင်း ကြောင့် ဖြစ်ပါတယ်။ သာမန် ကျန်းမာနေသော နွားမတစ်ကောင်ဟာ ၂၁ ရက်ခြား(၁)ကြိမ် သားဥအိမ်မှ သားဥကြွေပါတယ်။ အဲဒီအချိန်မှာ နွားသိုးရဲ့ သုတ်ပိုးကိုလက်ခံဖို့ အဆင်သင့်ဖြစ်နေပါတယ်။ အပြင်မှဝင်ရောက်လာသာ နွားသိုးရဲ့သုတ်ပိုးနဲ့  နွားမရဲ့မျိုးဥအိမ်မှကြွေကျလာသော သားဥတို့ ပေါင်းစပ်ပြီး နွားကလေးသန္ဓေ စတည်ပါတယ်။ 

    ဒါကြောင့် နွားမတစ်ကောင် သားတောင်းချိန် သားဥကြွေချိန်မဟုတ်ဘဲ သားတင်မိပါက သားဥက မျိုးပွားလမ်းကြောင်းမှာ အဆင်သင့်ဖြစ်မနေသေးသည့်အတွက် နွားမမှာ ကိုယ်ဝန်မရပါဘူး။ နွားမဟာ မျိုးပွားခြင်းနှင့်သက်ဆိုင်သော ဟော်မုန်းပြောင်းလဲလာခြင်းကြောင့် အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏာတွေကို အပြင်မှာတွေ့ရချိန်တဲ့ တစ်ချိန်တည်းမှာပဲ နွားမရဲ့မျိုးဥအိမ်မှ သားဥကြွေကျလာပြီး နွားသိုးရဲ့သုတ်ပိုးကိုလက်ခံဖို့ အဆင်သင့်ဖြစ်နေပါတယ်။ 

    နွားမတစ်ကောင်ရဲ့ မြိုင်လက္ခဏာတွေတွေ့ရတဲ့ကာလဟာ ပျမ်းမျှအားဖြင့် ၂၄ နာရီကြာပါတယ်။ ဒါပေမဲ့ နွားမတွေကို ကြိုးချည်ထားလျှင်သော်လည်းကောင်း၊ ရာသီဥတု ပူပြင်းသောကာလတွင်လည်းကောင်း မြိုင်လက္ခဏာတွေကို တွေ့ရဖို့ခက်ခဲပါတယ်။ မြိုင်လက္ခဏာတွေကို နေ့တစ်ဝက်ပိုင်းကာလ (၁၂)နာရီခန့်သာ တွေ့ရတတ်ပြီး ညအချိန်မှာအတွေ့ရများပါတယ်။

    နွားမရဲ့ မမျိုးဥဟာ မြိုင်လက္ခဏာ အထင်ရှားဆုံးတွေ့ရပြီးနောက် (၂၅-၃၂) နာရီကြာအောင် သားအောင်ဖို့ အဆင်သင့်ဖြစ်နေပါသည်။ ဒီအချိန်မှာ မြင်သာတဲ့လက္ခဏာကတော့ အခြားနွားမက လာကျော်ခွခြင်းကို ငြိမ်ခံနေခြင်းပဲဖြစ်ပါတယ်။ အကယ်၍ ကြိုးချည်မွေးမြူထားပါက ဒီလက္ခဏာကိုတွေ့ရဖို့ ခက်ခဲပါတယ်။ နွားသိုးရဲ့သုတ်ပိုးဟာ သားစပ်ပြီးနောက် နွားမရဲ့မျိုးပွားလမ်းကြောင်းထဲမှာ (၁၈-၂၄) နာရီကြာအောင် အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် နွားမကို မြိုင်ကာလရဲ့နောက်ပိုင်းအချိန် ထင်ရှားသောလက္ခဏာတွေ တွေ့ရပြီးပြီးချင်းတွင် သားတင်သားစပ်ပြုလုပ်သင့်ပါတယ်။ ဆိုလိုတာက သုတ်ပိုးဟာ နွားမရဲ့ မျိုးဥကို စောင့်နေမှာဖြစ်ပါတယ်။ သို့သော် ၎င်းတို့သက်တမ်းထက်ကြာပါက အသက်မရှင်နိုင်တော့ပေ။

    ဒါကြောင့် ပထမဆုံးမြိုင်လက္ခဏာစတွေ့ပြီးနောက် ၁၂ နာရီ အကြာမှာ သားစပ်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ တစ်ခါတရံမှာ ကိုယ်တွေ့ရတဲ့ မြိုင်လက္ခဏာဟာ မြိုင်ကာလနောက်ပိုင်း လက္ခဏာဖြစ်နေနိုင်ပြီး နောက်ထပ် ၁၂ နာရီထပ်စောင့်ပါက နောက်ကျသွားပါပြီ။ ဒါကြောင့် မြိုင်လက္ခဏာတွေကို သေချာသိထားဖို့ အရေးကြီးပါတယ်။ ယေဘုယျအားဖြင့် မနက်ပိုင်းမှာ မြိုင်လက္ခဏာတွေ့ရပါက တိရစ္ဆာန်ဆေးကုဆရာဝန်ကို နေ့လယ်လာဖို့ အကြောင်းကြားရမှာဖြစ်ပါတယ်။ အကယ်၍ နေ့လယ်ပိုင်းမှာ မြိုင်လက္ခဏာတွေ့ရပါက တိရစ္ဆာန်ဆရာဝန်ကို နောက်တစ်နေ့နံနက် လာဖို့ အကြောင်းကြားရမှာဖြစ်ပါတယ်။ အကယ်၍ ခြံမှာ နွားသိုးမွေးထားရင်တော့ သူက နွားမအတွက် အသင့်တော်ဆုံးအချိန်ကို အသိဆုံးပါပဲ။

    နွားမတွေရဲ့ မျိုးအောင်နှုန်းကောင်းဖို့အတွက် ကျွန်ုပ်တို့အနေဖြင့် နွားမတွေ ဘယ်အချိန်မှာ သားတောင်းသလဲဆိုတာ သိဖို့လိုအပ်ပြီး အချိန်မှန်သားတင်နိုင်ဖို့ လိုအပ်ပါတယ်။ သို့မှသာ နွားမများသားအောင်နိုင်မှာဖြစ်ပါတယ်။ မွေးပြီးနောက် (၂-၃) လအတွင်းတွင် နွားမများသားပြန်တောင်းသည်ကို သိရှိမှသာ အချိန်မှန်သားတင်နိုင်မှာဖြစ်ပါတယ်။

Source - MDEP 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်