မန်ဒါလီဘဲ
မြေပဲခင်း အောက်ရွက်နေဝါနေလို့ ဘယ်လိုမှိုသတ်ဆေးသုံးပြုရမလဲဗျ မှိုသတ်ဆေးဖျန်းပြီး အားဆေး ဘယ်နှစ်ရက်ခြားမှဖျန်းသင့်လဲ?
ပုံပါမြေပဲပင်တွင် ဖြစ်ပွားနေသော လက္ခဏာမှာ မှိုပိုးကြောင့်ဖြစ်သည့် 'စောပင်နာကျရောဂါ' (Early Leaf Spot) ဖြစ်ပါတယ်။ ရောဂါသက်သာစေရန် ဟက်ဆာကိုနာဇိုး (Hexaconazole) သို့မဟုတ် Azoxystrobin + Difenoconazole ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ရွေးချယ်၍ ရောဂါပြင်းထန်မှုအပေါ် မူတည်ကာ ၇ ရက်မှ ၁၀ ရက်ခြားတစ်ကြိမ် (အနည်းဆုံး ၂ ကြိမ်) ဖျန်းပေးရပါမည်။ ရောဂါကူးစက်ပျံ့နှံ့မှုရပ်တန့်သွားပါကအပင်သန်စွမ်းမှု ပြန်လည်ကောင်းမွန်စေရန်အတွက် အမိုင်နိုအက်ဆစ်ပါဝင်သော အားဆေးကို ၁၀ ရက်မှ ၁၄ ရက်ခြားတစ်ကြိမ် နှုန်းဖြင့် သမအောင် ရောစပ်ဖျန်းပေးနိုင်ပါတယ်။
ဒါ ဘာဖြစ်တာလဲဗျ အညွန့်တေမှာအ့လိုတွေ့ရလို့
ပုံပါ ခရမ်းချဉ်ပင်တွင် တွေ့ရသော လက္ခဏာမှာ ယင်ဖြူ စုပ်စားပိုးမှတစ်ဆင့် ကူးစပ်တတ်သည့် ခရမ်းချဉ် အဝါရောင်ရွက်တွန့်လိပ် ဗိုင်းရပ်စ်ရောဂါ (Tomato Yellow Leaf Curl Virus - TYLCV) ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ အပင်၏ ထိပ်ဖျားအညွန့်များနှင့် အရွက်သစ်များ အပေါ်သို့ လိပ်တက်ခြင်း၊ အရွက်များ သေးငယ်ကျုံ့ဝင်ခြင်းနှင့် အပင်ကြီးထွားမှု ရပ်တန့်ကာ ခြင်းတို့မှာ ထင်ရှားသော ရောဂါလက္ခဏာများ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါအတွက် တိုက်ရိုက်ကုသရန် ဆေးဝါးမရှိသဖြင့် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များအရရောဂါရနေသောအပင်ကို ချက်ချင်းနှုတ်ယူ မီးရှို့ဖျက်ဆီးရမည်ဖြစ်ပြီး၊ ရောဂါသယ်ဆောင်သည့် ယင်ဖြူများကို ကာကွယ်ရန် အဝါရောင် ကော်စေးထောင်ချောက်များ အသုံးပြုခြင်း သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid)၊ အဆီတာမီပရစ် (Acetamiprid) ကဲ့သို့သော ပင်လုံးပျံ့ပိုးသတ်ဆေးများကို စနစ်တကျ ပက်ဖျန်းသုံးစွဲလေ့ရှိပါတယ်ခင်ဗျာ
နှင်းဆီးအပင်ဖြစ်အောင်ဘယ်လိုလုပ်ရလည်း
အပင်ဖြစ်နှေးနေလို့
နှင်းဆီပင်ဖြစ်အောင်ပထမသန်မာတဲ့အောက်ခံပင်ပေါ်အဖူးမြှတ်မျိုးပွားထားသောအပင်ဖြစ်ရမယ်လေဝင်လေထွက်ကောင်းပြီ မြေသြဇာကောင်းသောမြေဖြစ်ပြီးတစ်လတခါသဘာဝမြေဆွေးကျွေးပေးပြီးnpk လည်းမှန်မှန်ကြွေးပေးပြီးထုံးဒတ္ထာဆေးမကြာခဏဖျန်းပေးရမယ်
စပါးရွှေ့စိုက်တာရက်၂၀ရှိပြီအပင်မတက်ပဲအခုလိုပုံထဲကအတိုင်းဖြစ်နေလို့ဘယ်လုပ်ရင်အကောင်းဆုံးဖြစ်နိုင်လဲ
အမြစ်နာတာ ဒါမဟုတ် ပြောင်းရွေ့ဒဏ်ကြောင့် အထနှေးတာမျိုး ဖြစ်လေ့ရှိပါတယ်။ စပါးခင်းရဲ့ ရေကို ခပ်ပါးပါးပဲ ထားပေးပါ။ အပင်အထမြန်စေရန်အတွက် ငါးအမိုင်နိုအက်စစ်လိုမျိုး ဖြန်းပေးပါ။
မတ်ပဲပဲတီစိမ်းနဲ့ပဲပုတ်ပြန်စိုက်မှာပါခင်ဗျအထွတ်တိုးအောင်ဘာတွေလုပ်ဆောင်သင့်လည်းဗျ
နှမ်းအပင်တိုပြီးအသီးနည်းလို့ပါအသီးကြတော့လည်းအစေ့မအောင်တာဘာလုပ်ရလည်းခင်ဗျ
အပင်တိုတာက မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရာသီဥတုနဲ့ အဟာရကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အစေ့မအောင်တာကတော့ အနည်းလိုအဟာရဓာတ်တွေဖြစ်တဲ့ ဘိုရွင်နဲ့ ဇင့်ဓာတ်လိုအပ်ချက်တွေကြောင့် ဖြစ်ပါတယ်။ အခုက အချိန်လွန်သွားပါပြီ။ အခြားခင်းတွေရှိသေးရင်တော့ ပန်းမပွင့်မီ ဘိုရွင်နဲ့ ဇင့်ပါတဲ့ ရွက်ဖျန်းဆေး ဖျန်းစေချင်ပါတယ်ဗျ။
နှမ်းအသီနဲ အသိးမအောင်တာကြီးထွားချိန်တစ်လျှောက်လုံးအာဟာရကြွေးတာမလုံလောက်လို့ပါမူလထဲကမြေထဲမှာလည်းအပင်အတွက်အာဟာရနည်းလို့ပါမြေအချဥ်အငံဓာတ်ကိုလည်းတိုင်းကြည့်ပါpH က၅.၅ မှ၆ လောက်ဆိုမြေတွင်းရှိအာဟာရများပေင်အတွက်စားသုံးနိုင်သောအချေအနေမျာရှိတယ်
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများကို စုစည်းထားပေးပါတယ်ဗျ။ လင့်ကိုနှိပ်ပြီး တစ်ခုချင်း လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/topics/3
ဂျင်း50သား.ကြက်သွန်ဖြူ50.အရက်ဆိ.5လိတာက...နဲ့စိမ်ထားတဲ့အရည်ကဘယ်လိုရောဂါပိုးနိင်လဲဗျ...အထူးသဖြင့်မှိုနဲ့ပတ်သက်တဲ့ရောဂါကာကွယ်နိင်လဲဆရာတို့..အဲဆေးမှိုကာကွယ်တယ်စိုပြီးသုံးနေကြလို့ပါ...
@UTinHtutAung သဘာဝဆေးတွေက သုံးစွဲချင်တဲ့ပုံစံပေါ်မူတည်ပြီး ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ပိုးမွှားရောဂါ ခံနိုင်ရည်တက်အေင်အတွက် စပါးခွံပေါင်းခံရည်လုပ်နည်း ၊ အပင်ကြီးထွားသန်စွမ်းဖို့အတွက် ဇီဝစူပါ ရွက်ဖျန်းမြေသြဇာ အရည် ၊ ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA) အသေးစိတ်လေ့လာချင်တယ်ဆိုရင် ဒီလင့်ကိုနှိပ်ပြီး ဆောင်းပါးများမှာ စိတ်ကြိုက်လေ့လာနိုင်ပါတယ်ဗျ။ https://greenwaymyanmar.com/topics/198?tab=articles
ခရမ်းချဉ်အတွက် သဘာဝဆေး ဘယ်ဟာလုပ် ဖျန်းရင် ကောင်းပါသလဲ
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
ဒီAppရဲ့ရည်ရွယ်ချက်လုပ်ဆောင်ချက်တောင်သူအတွက်လွန်စွာတန်ဘိုးရှိပါတယ်သို့သော်အလုပ်တန်ဘိုးမထားချင်းမလျှော်ညီတဲ့ပို့မျာကိုတိုင်တင်ထားတဲ့ပို့အတွက်တာဝန်ယူမှု့မရှိလျှင်ထိရောက်စွာအရေးယူချင်းဖြစ်စေအကောင့် သတိပေးချင်းကနေပိတ်သည်အထိလုပ်ဆောင်သင့်ပါသည်
ဦးဆုံးအနေနဲ့ အခုလို စေတနာနဲ့ သတိပေးတာကို ကျေးဇူးတင်ပါတယ်ဗျ။ အစိမ်းရောင်လမ်းက တောင်သူတွေနဲ့ ပညာရှင်၊ ကုန်သည်၊ အရောင်းဆိုင်၊ ကုမ္ပဏီများကြား အမှီခိုကင်းပြီး လွတ်လပ်စွာ ချိတ်ဆက်ပေးတဲ့ ပလက်ဖောင်းတစ်ခုအနေနဲ့ ရပ်တည်ပါတယ်။ အစိမ်းရောင်လမ်းအနေနဲ့ မည်သည့်ဆိုင်၊ ကုန်ပစ္စည်းမှ ထုတ်လုပ်ဖြန့်ဖြူးခြင်းမရှိပါဘူး။ အခုလို ဈေးနှုန်းများမှာလည်း သက်ဆိုင်ရာဆိုင်ရှင်များမှ ၎င်းတိုအကောင့်များမှသာ ကိုယ်တိုင်ပြောင်းလဲပြင်ဆင်နိုင်တာ ဖြစ်ပါတယ်။ အခုကာလ ဈေးနှုန်းအပြောင်းလဲမြန်ဆန်တဲ့အတွက် တောင်သူများ/ ဆိုင်ရှင်များကြား နစ်နာဆုံးရှုးမှုများ မဖြစ်ပေါ်စေရန်အတွက် အွန်ပေးငွေပေးချေမှုကိုလည်း ရပ်ဆိုင်ထားပြီးဖြစ်ပါတယ်။ အစိမ်းရောင်လမ်းဘက်မှ သက်ဆိုင်ရာ ဆိုင်ရှင်များကို ဈေးနှုန်းများ ကွာဟမှုနည်းစေရန် အတတ်နိုင်ဆုံး အကြောင်းကြားသွားပါမယ်ဗျ။ ယခုဖြစ်ရပ်ကိုလည်း သက်ဆိုင်ရာဆိုင်ရှင်အကောင့်သို ဆက်သွယ်အသိပေးလိုက်ပါမယ်ဗျ။
စပါးမှာကျရောက်တတ်တဲ့ရောဂါနှင့်ပိုးအကြောင်းလေးသိချင်လို့ပါရှင့်
ဆောင်းပါးကဏ္ဍမှာ စပါးခေါင်းစဉ်အမည်ရိုက်ပြီးရှာဖွေပြီး တခုချင်းစီလေ့လာကြည့်ပါ၊ စုစည်းပြီး တင်ပြထားတာမျိုးမရှိသေးလို့ပါခင်ဗျ
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
စိုကျလို့ရပါတယျ
ခရမ်းချဉ်ကို သဘာဝနည်းဖြင့် ဘယ်လိုကာကွယ်ရမလဲ
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
ချဉ်ဖတ်လုပ်တာ ကောင်းပါတယ်။ အဟာရတန်ဖိုးလည်း မြှင့်တယ်။ ကြာကြာလည်း အထားခံတယ်။ ဆိတ်တွေလည်း စားဝင်ပြီး ကြိုက်ကြပါတယ်။ လုပ်နည်းကို ခေါင်းစဉ်နှိပ်ပြီး အသေးစိတ်ဖတ်နိုင်ပါတယ်။ ဆိတ်စာချဉ်ဖတ်ပြုလုပ်ရာတွင် သိရှိထားသင့်သောအချက်အလက်များနှင့် အကျိုးများ
လိုရာ909ခရမ်းချဉ်က ဘေးတက်ဖဲ့ရသေးတာလား
909မျိုးကပင်ထောင်မျိုးလားပင်ပြန့်မျိုးလားသိဘို့လိုတယ်ပင်ပြန့်ပျိုးကခေါင်နှိမ်ရန်မလိုဘဲ(determinate) ပင်ထောင်မျိုးကတိုင်ထောင်ပေးပြီး(indeterminate)မျိုးကခေါင်နှိမ်ပေးမှဘေးတက်ထွက်လာမယ်
ဝိုင်ဂွအောက်က အတက်ကိုဖဲ့ပေးရင်ပိုကောင်းပါတယ်။
Dr.Cho Han Kyu(CGNF)ရဲ့ Water-Solube Phosphoric Acid (WS-PA) အကြောင်းမှာ နှမ်းရိုးမီးသွေးနဲ့ ပြုလုပ်ရကြောင်းသိရပါတယ် စပါးခွံမီးသွေးနဲ့ နှမ်းရိုးမီးသွေးကဘယ်လိုကွားခြားမှု ရှိသလဲ ပြီးတော့ အရိုးမှုန့်မြေဩဇာနဲ့ နှမ်းရိုးမီးသွေးက ဘယ်လိုကွားခြားမှုရှိပါသလဲ ဆရာတို့ ကျေးဇူးပြု၍ ဖြေကြားပေးကြပါဦးခင်ဗျ
ကျွတော်ကတော့နှမ်းရိုးနွားချေးကြက်ချေးဖွဲနုEMအမိုင်နို၂ပေ ခွဲထက်မမြင်သောအလွှာလိုက်အကြည်အိပ်ခံ ကာ အုပ်ပြီးလုပ်ပါတယ်
ကျွန်တော်တို့ဆီမှာက နှမ်းရိုးအလွန်ပေါပါတယ် အလွယ်တကူရပါတယ် ဘိုကာရှီမြေဆွေးပြုလာရမှာ နှမ်းရိုးမီးသွေးနဲ့ ပြုလုပ်ချင်ပါတယ် အထူးသဖြင့် အရိုးမှုန့်နေရာမှာ အစားထိုးလုပ်ချင်ပါတယ် ဘယ်လိုလုပ်ရပါသလဲဆရာတို့ ပြီးတော့ စပါးခွံမီးသွေးနဲ့မြေဆွေးလုပ်တာနဲ့ နှမ်းရိုးမီးသွေးနဲ့ မြေဆွေးလုပ်တာ ကွာခြားမှုသိပါရစေ နှမ်းရိုးမီးသွေးနဲ့ မြေဆွေးလုပ်တာ မတွေ့ဘူး မကြားဘူးသေးလို့ပါ
ဆရာရေကျွန်တော်ငါးမွေးဖို့ဝါသနာပါတ့ဲသူတယောက်ပါဒါပေမ့ဲငွေကြေးရင်းနှီးဖို့အများကြီးမရင်းနှီးနိုင်ဘူးနေရာကလဲခြံထဲမှာအနံ၄ပေအလျား၁၅လောက်တော့ရှိတယ်ဘာမွေးရမလဲငါးရ့ံမွေးရင်ကောအဆင်လောက်လားအကောင်ဘယ်လောက်လောက်မွေးလို့ရမလဲဘယ်လိုပုံစံတွေလုပ်ဆောင်ကမလဲဆိုတာလမ်းညွှန်ပေးပါအုံးနော်
ငါးရံ့လည်း အဆင်ပြေပါတယ်။ အကြပ်မွေးမယ့်နည်းသုံးမယ်ဆိုရင် အကောင် ရာကျော်ထည့်လို့ရပါတယ်။ ရေတော့ လဲပေးတာမျိုး လိုအပ်ရင်လုပ်ရပါမယ်။ ငါးရံ့ထက် ငါးခူက ပိုအကြမ်းခံပါတယ်။ သူ့ကိုတော့ ပိုအားပေးပါတယ်။ တာလပတ်နဲ့ပါ မွေးလို့ရပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
မေးခွန်း
မန်ဒါလီဘဲ
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။